Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မေတ္တာမြို့၌ ဒုတိယအကြိမ်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများကပ်ထားကြေညာ
Oct 05,2020
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဒုတိယအကြိမ် မဲဆန္ဒရှင်များစာရင်း ကြေညာခြင်းကို ရပ်ကွက်/ကျေးရွာရွေး
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ချီဖွေ-ပန်ဝါ ကားလမ်း ပုံမှန်အတိုင်း သွားလာနိုင်ပြီ
Oct 04,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေ-ပန်ဝါသွား ကားလမ်း ချီဖွေမြို့မှ (၉)မိုင်ခန့်အကွာတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေစာပြိုကျမှု ထပ်မံဖြစ်ပွားခဲ့ရာ ပြိုကျလာသည့် မြေစာပုံ အမြင့် (၃၀)နှင့် (၅၀) ဝန်းကျင်၊ အလျား (၁၀၀) ကျော် (၁၅၀) ခန့်ရှိ မြေစာ များအား loader (၁)စီး၊ ဘက်ဟိုး ယာဉ် (၁)စီးနှင့်အတူ ရှင်းလင်း ဆောင်ရွက်ခဲ့ရာ အောက်တိုဘာလ(၁)ရက် နံနက် (၁၁)နာရီတွင် မော်တော်ယာဉ် ငယ်များသာ ဖြတ်သန်းသွားလာနိုင်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ် ရေးမြို့နယ် သမဝါယမအသင်းစုရှိ အသင်းစုဝန်ထမ်းများအား မူရင်းလစာ ငွေ၏ (၂)ဆ အတိုးမဲ့ ထုတ်ချေးပေး
Oct 04,2020
မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ မြို့နယ်သမဝါယမအသင်းစု အမှုဆောင်အစည်းအဝေးဆုံး ဖြတ်ချက်ဖြင့် အသင်းစုရှိ ဝန်ထမ်း (၇) ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ရေး ကာလတွင် မူရင်းလစာငွေ၏ (၂) ဆကို အတိုးနှုန်းမဲ့ဖြင့် အောက်တိုဘာလမှ စတင်၍ (၁၀)လပေး ချေးစနစ်ဖြင့် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝက်လက်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့ အထွေထွေရွေးကောက်ပွဲ၌ အသက် ၁၈နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပေါင်း ၁၇ဝဝဝဝ ကျော်ရှိ
Oct 04,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ လ ၈ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၁၇၀၀၉၅ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကနီမြို့နယ်တွင် လူထုဗဟိုပြုစီမံကိန်း တတိယနှစ် စီမံကိန်း စက်ဝန်းလုပ်ငန်းများ အား အကောင်အထည်ဖော် ဆောင်ရွက်
Oct 04,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင် စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင် အထည်ဖော်ဆောင်ရွက်လျှက်ရှိသော လူထုဗဟိုပြုစီမံကိန်း တတိယနှစ်စီမံကိန်းစက်ဝန်း လုပ်ငန်းများ ကို စတင်အကောင်အထည် ဖော်ဆောင်ရွက်လျှက်ရှိရာ ကနီမြို့နယ် အိုင်တောင်ကျေးရွာအုပ်စု မင်းအိုကျေးရွာတွင် ကျောင်းဆောင်သစ်ဆောက်လုပ်ရန် ပန္နက်တင်ခြင်းအား ယနေ့နံနက် (၉)နာရီက ဆောင်ရွက်ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ထုမြို့ဒေသတွင် ရွေးကောက်ပွဲကော်မရှင်ရုံးများ၌ ဒုတိယအကြိမ် မဲဆန္ဒရှင် စာရင်းများ ထုတ်ပြန် ကြေညာ
Oct 04,2020
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ကျောက်ထုဒေသတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာခြင်းကို အောက်တိုဘာ(၁) ရက်နေ့ နံနက်ပိုင်းမှစတင်၍ ရပ်ကွက်(၃)ရပ်ကွက်နှင့် ကျေးရွာအုပ်စုအသီးသီးရှိ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကြေညာထားကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ပန်းတောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ဒုတိယအကြိမ် မဲစာရင်း ကြေညာထားရှိမှုများအား နယ်မြေခွဲအလိုက် ကွင်းဆင်းကြည့်ရှု စစ်ဆေးပြီး ကျေးရွာတာဝန်ရှ…
Oct 04,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ဒုတိယအကြိမ်အဖြစ် နောက်ဆုံး ထုတ်ပြန်ကြေညာရမည့် မဲဆန္ဒရှင်စာရင်းများကို၊ ရပ်ကွက်/ကျေးရွာအုပ်စု အလိုက် ထုတ်ပေးပြီး၊ ထုတ်ပြန် ကြေညာသည့် အခြေအနေများကို နယ်မြေခွဲအလိုက် ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်လျက်ရှိရာ၊ အောက်တိုဘာ(၄) ရက်နေ့ က လက်ပံပျား နယ်မြေခွဲသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ထီးချိုင့်မြို့နယ်တွင် တောင်သူဦးကြီးများအား သဘာဝပိုးပြေး ဆေးပြုလုပ်ပုံ အဆင့်ဆင့်ကို လက်တွေ့ သရုပ်ပြဆောင်ရွက်
Oct 04,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ ကွင်းကြီးနည်းပညာပြန့်ပွားရေးစင်တာ အတွင်း ကွမ်းဘောင်ကျေးရွာအုပ်စု၊ ကျောက်ပေါက်ချောင်းကျေးရွာရှိ တောင်သူဦးဇော်လွင်၏အိမ်တွင် သီးနှံ တစ်ခုချင်းစီအလိုက် ကုန်ကျမှုစရိတ်လျော့ချနိုင်ရန်အတွက် သဘာဝပိုးပြေး ဆေးပြုလုပ်ပုံ အဆင့်ဆင့် ကို ယနေ့နံနက်(၉) နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းကြီးKC တာဝန်ခံ ဦးအာကာမိုး နှင့် ဝန်ထမ်းများမှ လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29060
Page
29061
Page
29062
Page
29063
Current page
29064
Page
29065
Page
29066
Page
29067
Page
29068
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department