Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
လဟယ်မြို့တွင် မဲရုံစောင့် အထူးရဲတပ်ဖွဲ့သင်တန်း ဖွင့်လှစ် ကျင်းပ
Oct 05,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပပြုလုပ်မည့် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကာလအတွင်း တာဝန်ယူမည့် မဲရုံစောင့် အထူးရဲတပ်ဖွဲ့ သင်တန်းဖွင့်ပွဲ ကို လဟယ်မြို့၊ လူငယ်သင်တန်းကျောင်းဝန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့တွင် ဒုတိယအကြိမ် မဲစာရင်းထုတ်ပြန်ကြေညာ
Oct 05,2020
စစ်ကိုင်းတိုင်းဒေသကြီး ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ၊ နန်းယွန်းမြို့နယ်၊ ပန်ဆောင်မြို့တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်အမည်စာရင်း ဒုတိယအကြိမ် ထုတ်ပြန်ကြေညာခြင်းကို အောက်တိုဘာလ ၂ ရက်နေ့မှစတင်၍ ပန်ဆောင်မြို့ပေါ် (၃) ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ကပ်ထား ကြေညာ ထားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေဘိုမြို့နယ်တွင် ကိုဗစ် - ၁၉ ပိုးတွေ့ ပထမလူနာနှင့် ဒုတိယလူနာ (၂) ဦး ဆေးရုံဆင်းခွင့်ရ
Oct 05,2020
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်မှာ ကိုဗစ် -၁၉ ပိုးတွေ့ ပထမလူနာနှင့် ဒုတိယလူနာ(၂) ဦးတို့ ဆေးရုံဆင်းခွင့် ရရှိပြီဖြစ်တယ်လို့ ရွှေဘိုမြို့ ဆေးရုံအုပ်ကြီး ဒေါက်တာစောသက်လျာအောင် ထံမှသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် BRAC Myanmar Organization အဖွဲ့မှ ကျန်းမာရေးအထောက်အကူပ…
Oct 05,2020
ပဲခူးတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့်တုံ့ပြန်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် BRAC Myanmar Organization အဖွဲ့မှ ယနေ့ နံနက် ၁၀ နာရီက ပဲခူးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပဲခူးမြို့အထွေထွေရောဂါ ကုဆေးရုံကြီးနှင့် မြို့နယ်ကြက်ခြေနီအဖွဲ့၊ လူမှုရေးအသင်းအဖွဲ့တို့အတွက် ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ လှူဒါန်းခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အောင်မြေသာစံမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိကြသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအား စားသောက်ကုန် ပစ္စည်းများ ထောက်ပံ့လှူဒါန်း
Oct 05,2020
မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် ပုံမှန်ဝင်ငွေ မရှိကြသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအား စေတနာရှင် အလှူရှင်မိသားစုက စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့လှူဒါန်းခြင်းကို ယနေ့နံနက်၈နာရီခွဲက အောင်မြေသာစံမြို့နယ်၊ ပြည်လုံးချမ်းသာရပ်ကွက်၊ အကွက်(၆၀)၊ ၈၂လမ်း၊ ၁၅လမ်း နှင့်၁၆လမ်း ကြားရှိ အလှူရှင်မိသားစု၏ နေအိမ်ရှေ့တွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မအူပင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် ဆန္ဒမဲပုံးများရောက်ရှိ
Oct 05,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိရာ ပြည်သူများဆန္ဒမဲပေးရန်အတွက် ဆန္ဒမဲပုံး (၂၃၉၆)ပုံးရောက်ရှိပြီး ဖြစ်ရာ အဆိုပါ ဆန္ဒမဲပုံးများကို ရပ်ကွက်/ကျေးရွာများရှိ မဲရုံများသို့ ဆက်လက်ခွဲဝေပေးရန် စီစဉ်ဆောင်ရွက်လျက် ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ဒုတိယ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ကျိုင်းတုံ) ရုံး ဝန်ထမ်းများအား အခြေခံ စားသောက်ကုန်များ ထောက်ပံ့ပေးအပ်
Oct 05,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ကျိုင်းတုံ) ရုံး ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါရုံး အစည်းအဝေး ခန်းမ၌ ပေးအပ်သည်။
အပြည့်အစုံ ဖတ်ရန်
ဒီပဲယင်းမြို့နယ်တွင် သဘာဝဘေးကြောင့် သီးနှံပျက်စီးဆုံးရှုံးခဲ့သည့် တောင်သူများအား ငွေကျပ် သိန်းပေါင်း (၇၂)သိန်းကျော် ထောက်ပံ့ပေးအပ်
Oct 05,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်တွင်၂၀၁၉-၂၀၂၀ ဘဏ္ဏာရေးနှစ် အတွင်း (၁-၁၀-၂၀၁၉)မှ(၃၀-၄-၂၀၂၀)ရက်နေ့ထိ သဘာဝဘေးကျရောက်မှုကြောင့် မိုးစပါးသီးနှံ ပျက်စီးဆုံးရှုံးခဲ့သည့် တောင်သူများအား ငွေကျပ်သိန်းပေါင်း (၇၂)သိန်းကျော် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်၁၀နာရီအချိန်က ဒီပဲယင်းမြို့နယ် စီမံခန့်ခွဲမှု ကော်မတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29098
Page
29099
Page
29100
Page
29101
Current page
29102
Page
29103
Page
29104
Page
29105
Page
29106
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department