အမြို့မြို့အနယ်နယ်သတင်းများ

Oct 05,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ အင်တောမြို့တွင် အသက်၂ လမှ ၁နှစ်ခွဲထိ ကလေးငယ်များအား တစ်ဦးတစ်ယောက်မကျန် မရရှိသေးသော ကာကွယ်ဆေးများ အပြည့်အဝ ရရှိစေရန်အတွက် ပုံမှန် ကာကွယ် ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီက အမှတ် (၄)ရပ်ကွက်၊ အောင်မင်္ဂလာဓမ္မာရုံ၌ ထိုးနှံပေးကြောင်း သိရှိရသည်။
Oct 05,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင် မိုးနဲမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသ‌ ရေး လုပ်ငန်း ကော်မတီ၏ ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် (Mask)တပ်ဆင်ရေး ဆော်ဩ ပညာပေးခြင်း နှင့်နှာခေါင်းစည်းတပ်ဆင်ရေး (Mask Campaign)လှုပ်ရှားမှုကို အရှိန်အဟုန်ဖြင့် ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက် ၆ နာရီအချိန်က မြို့မဈေး ၊မိုးနဲ-မောက်မယ်လမ်း နှင့် မြို့ဝင်စစ်ဆေးရေးဂိတ်နေရာ များ၌ ပြုလုပ်ခဲ့သည်။
Oct 05,2020
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး အစီအမံများနှင့်အညီ လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို အသက် ၁ လခွဲမှ ၂ နှစ်အောက် ကလေးများနှင့် ကိုယ်၀န်ဆောင်မိခင်များအား ယမန်နေ့ နံနက် ၉ နာရီက ကျန်းမာရေးဌာန ၀န်ထမ်းများက ကာကွယ်ဆေး ပြန်လည် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Oct 05,2020
ရန်ကုန်တိုင်းဒေသကြီး ၊မြောက်ပိုင်းခရိုင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ကိုဗစ်−၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု လျော့ကျစေရေးနှင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်ရည်ရွယ်၍ အမှတ်(၁၈) ရပ်ကွက်
Oct 05,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ဆောင်ရွက်နေသော ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Oct 05,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ၊နိုဝင်ဘာလ ၈ ရက်နေ့ တွင်ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့် မဲဆန္ဒရှင် ပြည်သူများ မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး အတွက် အသိ ပညာ ပေးလက်ကမ်းစာစောင်နှင့်ပိုစတာများကို မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးဌေးညွန့် နှင့် အဖွဲ့ဝင်များ၊လူမှု‌‌ရေးအသင်းအဖွဲ့များက ယနေ့နံနက် ၇ နာရီ အချိန်က မြို့မဈေးနှင့် ဥယျာဉ် ရပ်ကွက် နေရာများ၌ ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
Oct 05,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်းရှိ အမှတ်(၁၂)ရပ်ကွက်၊
Oct 05,2020
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ မဏိစည်သူဈေးအတွင်းအပြင်တွင် ယမန်နေ့ နံနက် ၉ နာရီအချိန်က ညောင်ဦးခရိုင်မီးသတ်ဦးစီးဌာနမှ နှာခေါင်းစည်း Mask များဖြန့်ဝေ ပေးခဲ့ကြောင်း ခရိုင်မီးသတ်ဦးစီးမှူး ဦးထက်အောင်ထံကသိရသည်။