အမြို့မြို့အနယ်နယ်သတင်းများ

Oct 05,2020
ရှမ်ပြည်နယ်(မြောက်ပိုင်း)၊ သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော်လမ်းပိုင်းတွင် လူစုလူဝေးဖြင့် ကုန်ကဲ့ခြင်း များကြောင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန်ပွားမှု တားဆီးကာကွယ်နိုင်ရေးအတွက် လူစုလူဝေးမဖြစ်ပေါ် စေရန် ရည်ရွယ်၍ (၁၀-၁၀-၂၀၂၀)ရက်နေ့မှစ၍ ယာဉ်နှင့် ကုန်အပါအဝင် (၂၅)တန်ဖြင့်သာ ခွင့်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။
Oct 05,2020
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများစိုက်ပျိုးထားသည့် (ကွာစေ့)ဖရုံစိုက်တောင်သူများ ယခုနှစ်တွင်အောင်မြင်ဖြစ်ထွန်းမှုမရှိကြောင်း ကျောက်စစ်ကန်ကျေးရွာ (ကွာစေ့)ဖရုံစိုက်တောင်သူ ဒေါ်တင်မာအေးကပြောကြားသည်။
Oct 05,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့တွင် ကိုဗစ်-၁၉ စတင်တွေ့ရှိလူနာ (၃) ဦးကို ယမန်နေ့ ညနေပိုင်းက ဆေးရုံမှဆင်းခွင့် ရရှိခဲ့ပြီး ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရသည်။
Oct 05,2020
ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာန၊ တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်း‌ဒေသကြီးအဆင့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီတို့မှ ရောဂါကြိုတင် ကာကွယ်ရေးနှင့် ပတ်သက်သည့် တားမြစ်မိန့်နှင့် ညွှန်ကြားချက်များကို အောက်တိုဘာလ (၃၁)ရက်နေ့အထိ ဆက်လက် လိုက်နာ ဆောင်ရွက်သွားရန် အများပြည်သူသို့ အသိပေးချက် ထုတ်ပြန်ထားရှိပြီးဖြစ်ရာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် အဆိုပါ တားမြစ်မိန့်နှင့် ညွှန်ကြားချက်များ၊ ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို တာဝန်ရှိသူများက အဆက်မပြတ် စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
Oct 05,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ အင်တောမြို့တွင် အသက်၂ လမှ ၁နှစ်ခွဲထိ ကလေးငယ်များအား တစ်ဦးတစ်ယောက်မကျန် မရရှိသေးသော ကာကွယ်ဆေးများ အပြည့်အဝ ရရှိစေရန်အတွက် ပုံမှန် ကာကွယ် ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီက အမှတ် (၄)ရပ်ကွက်၊ အောင်မင်္ဂလာဓမ္မာရုံ၌ ထိုးနှံပေးကြောင်း သိရှိရသည်။
Oct 05,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင် မိုးနဲမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသ‌ ရေး လုပ်ငန်း ကော်မတီ၏ ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် (Mask)တပ်ဆင်ရေး ဆော်ဩ ပညာပေးခြင်း နှင့်နှာခေါင်းစည်းတပ်ဆင်ရေး (Mask Campaign)လှုပ်ရှားမှုကို အရှိန်အဟုန်ဖြင့် ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက် ၆ နာရီအချိန်က မြို့မဈေး ၊မိုးနဲ-မောက်မယ်လမ်း နှင့် မြို့ဝင်စစ်ဆေးရေးဂိတ်နေရာ များ၌ ပြုလုပ်ခဲ့သည်။
Oct 05,2020
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး အစီအမံများနှင့်အညီ လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို အသက် ၁ လခွဲမှ ၂ နှစ်အောက် ကလေးများနှင့် ကိုယ်၀န်ဆောင်မိခင်များအား ယမန်နေ့ နံနက် ၉ နာရီက ကျန်းမာရေးဌာန ၀န်ထမ်းများက ကာကွယ်ဆေး ပြန်လည် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Oct 05,2020
ရန်ကုန်တိုင်းဒေသကြီး ၊မြောက်ပိုင်းခရိုင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ကိုဗစ်−၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု လျော့ကျစေရေးနှင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်ရည်ရွယ်၍ အမှတ်(၁၈) ရပ်ကွက်