အမြို့မြို့အနယ်နယ်သတင်းများ

Oct 05,2020
မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ထုတ်ပြန်ထားသည့် လမ်းညွှန် ချက်များလိုက်နာဆောင်ရွက်ခြင်း ရှိ /မရှိကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက် (၁၀)နာရီအချိန်က နမ့်ခမ်း မြို့နယ်၊ စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိသည်။
Oct 05,2020
ရွှေတောင်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တိုင်းရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်မြင့်နှင့် အဖွဲ့ဝင်များက ယမန်နေ့ နံနက်ပိုင်းတွင် ရပ်ကွက်နှင့်ကျေးရွာများသို့ သွားရောက်ကာ ဒုတိယ အကြိမ် မဲဆန္ဒရှင်များ၏ အမည်စာရင်းထားရှိ ကြေညာမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ ကြကြောင်း သိရသည်။
Oct 05,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ နမ့်ခမ်းမြို့၊ နောင်ခန်ကျေးရွာမှ တောင်သူဦးစိုင်းမောင်အေး၏ လယ်ယာတွင် စိုက်ပျိုး ထားသည့်မိုးစပါးစံကွက်ကို ယနေ့၊ နံနက်(၈)နာရီအချိန်ခန့်က စတင်ရိတ်သိမ်းပြီး ချိန်တွယ်ခဲ့ရာ (၁)ဧက လျှင် စပါးအစို(၁၃၇.၆၃)တင်းထွက်ရှိကြောင်းသိရသည်။
Oct 05,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရန်ရေးအတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့် ဦးဆောင်၍ နှာခေါင်းစည်း (Mask) မတပ်သူများအား အသိပညာပေးခြင်းကို ယနေ့ နံနက် ၈ နာရီအချိန်က ဟိုပုံး-လွိုင်လင်သွားလမ်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ပြုလုပ်ခဲ့ကြသည်။
Oct 05,2020
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် မြို့နယ်ပညာရေးဝန်ထမ်းများ စုပေါင်း၍ ယနေ့နံနက် ၁၀ နာရီခွဲက ကြံခင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် သွားရောက်လှူဒါန်းခဲ့ကြကြောင်းသိရသည်။
Oct 05,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် အမှတ်(၁၀) ရပ်ကွက် ပဒေသာဈေး အတွင်း ဈေးရောင်းချသူများ သတ်မှတ် စည်းကမ်း များနှင့်အညီ ဈေးရောင်းချခြင်းရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
Oct 05,2020
ကရင်ပြည်နယ် ၊ သံတောင်ကြီးမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင်ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်စေ ရန် အတွက် ရွေးကောက်ပွဲကာလတွင် မဲရုံများ၏
Oct 05,2020
ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန် မြှင့်ဆောင်ရွက်ပေးလျက်ရှိရာ