အမြို့မြို့အနယ်နယ်သတင်းများ

Oct 05,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးမှ ဖြတ်သန်းသွားမည့် အခြားတိုင်းနှင့် ပြည်နယ်မှ ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များနှင့် မိသားစုဝင်များအား ကိုဗစ်-၁၉ ပိုးရှိ/မရှိ Rapid test kit ဖြင့် အောက်တိုဘာ ၃ ရက်ကစ၍ ကျောက်မဲမြို့နယ်၊ ခိုမုန်းကျေးရွာရှိ စစ်ဆေးရေးဂိတ် (Check Point -2 )အနီးတွင် စစ်ဆေးပေးလျက်ရှိရာ ယမန်နေ့ညနေပိုင်းတွင် ယာဉ်နောက်လိုက် တစ်ဦး ထံမှ ကိုဗစ်-၁၉ ပိုးတွေ့ခဲ့ကြောင်း သိရသည်။
Oct 05,2020
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်တွင်  ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြု လူနာများ ဆေးကုသမှုဆောင်ရွက်ရန် ယာယီဆေးရုံ ကြိုတင်ပြင်ဆင်မှုများအား ယမန်နေ့က စတင်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
Oct 05,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အင်တောမြို့ ကျောက်ဂူကျေးရွာအုပ်စုအတွင်းရှိ ကိုဗစ်-၁၉ ရောဂါကာလအတွင်း သက်ကြီးဘိုးဘွားများ စားဝတ်နေရေး အဆင်ပြေစေရန် ရည်ရွယ်၍ အသက် ၈၀ မှ ၈၅နှစ်အကြား ထောက်ပံ့ ငွေများကို ယမန်နေ့ နံနက်ပိုင်း ၁၁ နာရီက ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး ခန်းမ၌ ထောက်ပံ့ပေးအပ် ခဲ့သည်။
Oct 05,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာနမှ နိုင်ငံတော်အစိုးရအစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါ စီးပွားရေးကုစားမှုအစီအစဉ်အရ အသက် ၈၀ နှစ်နှင့် ၈၅ နှစ်ကြား သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများပေးအပ်လျက်ရှိရာ ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ဟိုပုံးမြို့ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုအတွင်းရှိ သက်ကြီး ဘိုးဘွား ၁၈၅ ဦးအား တာဝန်ရှိသူများက လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
Oct 05,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ တောင်ကြီးမြို့နယ် ၊ ဖာမွန်းကျေးရွာအုပ်စု ၊ လုံးခြက်ကျေးရွာ ၌ အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း (NEP)အစီအစဉ်ဖြင့် 11KVဓာတ်အားလှိုင်း(၅၀)ပေ၊ 11/o.4KV,(50)KV ထရန်စဖော်မာ(၁)လုံးနှင့် ဒေသခံပြည်သူလူထုပူးပေါင်းပါဝင်သည့် ရွာတွင်း ၄၀၀ ဗို့ ဓာတ်အား လှိုင်းများ တည်ဆောက်ပြီးစီး၍ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်း က ပြုလုပ် ကျင်းပ ခဲ့ကြောင်း သိရသည်။
Oct 05,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ပုံပါကျင်မြို့၊နမ့်ဟူးခွန်ကျေးရွာအုပ်စု၊နမ့်ဟူးခွန်ကျေးရွာတွင် အာဖရိက ဝက်အပြင်းဖျား ရောဂါအကြောင်း အသိပညာပေးခြင်းကို ယနေ့ နံနက်(၁၁)နာရီက မိုင်းတုံမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာစိုင်းအေးလှိုင်နှင့် အဖွဲ့က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Oct 05,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊ မိုင်းငေါ့မြိုတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် တားဆီးရေးနှင့် ကူးစက်ပြန့်ပွားမှု အန္တရာယ်မှကြိုတင်ကာကွယ်နိုင်ရန်မြို့အဝင် ကျန်းမာရေး စစ်ဆေးရေး ဂိတ်တွင် ကျန်းမားရေး စစ်ဆေးမှု လုပ်ငန်းများကို‌ ဆောင်ရွက်လျက်ရှိပြီး မြို့တွင်းသို့ ဝင်/ထွက် သွားမည့် ခရီးသွားများ အားလုံးကို ကျန်းမာရေးစစ်ဆေးခြင်း ၊ခရီးသွားရာဇာဝင်များရေးမှတ်ခြင်း ၊Maskများ စနစ်တကျ တပ်ဆင်ရေး စသည့်ကျန်းမာရေးစစ်ဆေးမှုလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Oct 05,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့ အထက(၁)၌ အသွားအလာကန့်သတ်ထားရှိသူ (၆၅)ဦး၏ နှာခေါင်းနှင့် အာခေါင်တို့ဖတ် နမူနာများ ဓာတ်ခွဲခန်းသို့ ပို့ဆောင်စစ်ဆေးရန် ယမန်‌‌နေ့နံနက်ပိုင်းက ဓာတ်ခွဲနမူနာများ ရယူခဲ့ကြောင်း သိရသည်။