Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မအူပင်မြို့တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပြန့်ပွားမှုထိန်းချုပ်ရေးကာလအတွင်း အလုပ်အကိုင်အခွင့်အလမ်းနည်းပါးပြီး Stay at Home နေစဉ် မိသားစုများ အဆင်ပ…
Oct 05,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်တွင် ကိုဗစ်- ၁၉ရောဂါကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရေးကာလအတွင်း ပြည်သူများအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်း နည်းပါးပြီး Stay at Home (မိမိအိမ်မှာဘဲနေစဉ်) အခြေခံလူတန်းစား မိသားစုများအလိုက် စားဝတ်နေရေးအဆင်ပြေစေရန်အတွက် စေတနာရှင်ပြည်သူများက ဘက်စုံအသုံးပြုရန် လှူဒါန်းလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ လူ၀င်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်၀န်ကြီးဌာန၊ ၀န်ကြီးနှင့် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပ…
Oct 05,2020
တနင်္သာရီတိုင်းဒေသကြီး လူ၀င်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်၀န်ကြီးဌာန၀န်ကြီး ဦးကျော်မင်းနှင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် ကိုဗစ်−၁၉ ရောဂါပိုးတွေ့ရှိသူများထားရှိရာ Quarantine Center များ ဆောင်ရွက်ထားရှိမှုများကို ယမန်နေ့ နေ့လယ် (၂)နာရီက ပုလောမြို့နယ်ခန်းမ၌ တွေ့ဆုံဆွေးနွေး ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကြည့်မြင်တိုင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်များ ကြေညာ
Oct 05,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေညာခြင်းကို အောက်တိုဘာလ ၁ ရက်နေ့မှစ၍ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကပ်ထား ကြေညာကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်မဲမြို့နယ်အတွင်း ပိတ်မိနေသောကုန်တင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၇၇ ဦးကို ကိုဗစ်၁၉ ပိုးရှိ/မရှိ rapid test kit ဖြင့် အခမဲ့စစ်ဆေးပေးရာ အားလုံးပိုးမတွေ့…
Oct 05,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးမှ ဖြတ်သန်းသွားမည့် အခြားတိုင်းနှင့် ပြည်နယ်မှ ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များနှင့် မိသားစုဝင်များအား ကိုဗစ်၁၉ ပိုးရှိ/မရှိ စတင်ပြီး ကိုဗစ်-၁၉ rapid test kit ဖြင့် အခမဲ့စစ်ဆေးပေးခြင်းကို အောက်တိုဘာလ ၃ ရက်နေ့ ညနေ ၄ နာရီ အချိန်က ကျောက်မဲမြို့နယ်၊ ခိုမုန်းကျေးရွာရှိ Check Point -2 အနီးတွင် ဆောင်ရွက်ပေးလျက်ရှိရာ ယာဉ်မောင်း၊ ယာဉ်နောက်လိုက် စုစုပေါင်း ၇၇ ဦးစစ်ဆေးနိုင်ခဲ့ပြီး အားလုံး ပိုးမတွေ့ Negative ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၀ ပြည့်နှစ်၊ ကမ္ဘာ့ဆရာများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အငြိမ်းစားဆရာ၊ ဆရာမကြီးများအား အိမ်တိုင်ရာရောက် ဂါရဝပြုကန်တော့ လက်ဆောင်များ ပေးအပ်
Oct 05,2020
၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ ၅ ရက်နေ့ တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ကျိုက်မရောမြို့နယ် အတွင်းရှိ အငြိမ်းစားဆရာကြီး၊ ဆရာမကြီးများအား အိမ်တိုင်ရာရောက် သွားရောက်၍ဂါရဝပြု ကန်တော့ လက်ဆောင်များ ပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ်၁နာရီက ကျိုက်မရောမြို့မှမူလတန်းပြဆရာ၊ ဆရာမများစုပေါင်း၍ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေသောင်ယံမြို့တွင် အသက်(၈၀)မှ(၈၅)နှစ်ကြား အဘိုး/အဘွားများအား ထောက်ပံ့ငွေများ ပေးအပ်
Oct 05,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ အမှတ်(၁)ရပ်ကွက်တွင် အောက်တိုဘာလ ၃ ရက်နေ့ ညနေ (၄) နာရီအချိန်ခန့်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားကုစားမှုအစီအစဉ်အရ နိုင်ငံတော်မှ ပေးအပ်သော ထောက်ပံ့ငွေများကို ရပ်ကွက်အတွင်းရှိ အသက်(၈၀)မှ(၈၅) နှစ်ကြား သက်ကြီးရွယ်အို အဘိုး/အဘွားများထံသို့ အိမ်တိုင်ရာ ရောက်လိုက်လံ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းပန်မြို့နယ်၌ ကိုဗစ်-၁၉ ဖြစ်ပွားနေသည့်ကာလအတွင်း မသန်စွမ်းသူ (၈၉)ဦးအား ထောက်ပံ့ငွေများ သွားရောက်ပေးအပ်
Oct 05,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့ နယ်တွင် ယမန်နေ့ နံနက် (၇)နာရီမှစ၍ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း မသန်စွမ်းသူများအတွက် နိုင်ငံတော်မှ ပေးအပ်သော ထောက်ပံ့ငွေများအား တာဝန်ရှိသူများမှ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ပိုးတွေ့လူနာနှင့်အတူ အစည်းအဝေးတက်ရောက်ခဲ့သည့် ကန်ကြီးထောင့်မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများအား Swab နမူနာရယူ
Oct 05,2020
ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာသီရိသုခခန်းမ၌ စက်တင်ဘာ ၂၈ ရက် မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည့် “ကန်ကြီးထောင့်မြို့နယ် ဌာနဆိုင်ရာရုံးများ တွင် တာဝန်ထမ်းဆောင်နေသော ပုသိမ်မြို့နယ်မှ ဝန်ထမ်းများ သွားလာရေးကိစ္စများနှင့်ပတ်သက် သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး” တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ Pathein Case - 77 (ပုသိမ် / ကန်ကြီးထောင့် ကျေးလက်လမ်းဦးစီး)နှင့်အတူ အစည်းအဝေးတက်ရောက်ခဲ့သည့် မြို့နယ် အုပ်ချုပ်ရေးမှူး အပါအဝင် ဌာနဆိုင်ရာအကြီးအကဲများနှင့် အခြားအဆင့်ဝန်ထမ်းပေါင်း (၂၉) ဦးနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ Home Quarantine ထားရှိသူ (၁) ဦး စုစုပေါင်း (၃၀) ဦးတို့၏ Swab များအား အောက်တိုဘာ ၃ ရက်၊ နံနက်ပိုင်းကရယူခဲ့ပြီး ဓာတ်ခွဲစစ်ဆေး နိုင်ရန် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)သို့ ဆက်လက်ပေးပို့သွားမည် ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29111
Page
29112
Page
29113
Page
29114
Current page
29115
Page
29116
Page
29117
Page
29118
Page
29119
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department