Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဘူတာ(ထီခွ)ကျေးရွာ၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ရှမ်းပြည်နယ် အစိုးရဘတ်ဂျက်ဖြင့် တည်ဆောက် ပြီးစီးသော ဓာတ်အားလှိုင်း ဖွင့်ပွဲအခမ်းအနားကျင်းပ
Oct 05,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ တောင်ကြီးမြို့နယ် ၊ ဖာမွန်းကျေးရွာအုပ်စု၊ ဘူတာ(ထီခွ)ကျေးရွာ၌ ကျောက်တ လုံးကြီး မြို့၊လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ရှမ်းပြည်နယ် အစိုးရ ဘတ်ဂျက်ဖြင့် 11 KV ဓာတ်အားလှိုင်း ၅၀ပေ ၊11/0.4KV,(50)KVA ခွဲရုံ(၁)ရုံ နှင့် ၄၀၀ ဗို့အားလိုင်း (၀.၅) မိုင် တည်ဆောက်ပြီးစီး၍ လျှပ်စစ်ဓာတ်အားလှိုင်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နေ့လည် ၁၂နာရီ ခွဲခန့် က ဖွင့်လှစ် ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်
Oct 05,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ မိုးရာသီကာလအတွင်း ရေကြီးရေ လျှံမှုများ မဖြစ်ပေါ်စေရန် ၊ ရေမြောင်းများအတွင်း အမှိုက်များ ပိတ်ဆို့မှု မရှိစေရန်နှင့် ခြင်များ ပေါက် ဖွားမှု မရှိစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့၌ ဒုတိယအကြိမ် မဲစာရင်းများ ကြေညာထားရှိမှုအား တာဝန် ရှိသူများ မှ ကွင်းဆင်းစစ်ဆေး
Oct 05,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့်ပါတီစုံအထွထွေရွေးကောက်ပွဲတွင် ပြည်သူများ ဆန္ဒမဲ ပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို ရွာငံမြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုများရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲရုံးများ၌ ကြေညာထားရှိမှုများကို တာဝန် ရှိသူများက ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်၌ (၅)ခုမြောက် Quarantine Center အသစ်ကို အ.ထ.က(၃)ကျောင်းတွင် ဖွင့်လှစ် စတင်အသုံးပြု
Oct 05,2020
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ (၅)ခုမြောက် Quarantine Center အသစ်ကို အ.ထ.က(၃)ကျောင်းတွင် စက်တင်ဘာလ(၃)ရက်နေ့ ညနေပိုင်းမှစတင်ကာ ဖွင့်လှစ် စတင်အသုံးပြုနေကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နောင်ချို၌ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များအား ကိုဗစ်-၁၉ Test Kits များဖြင့် စစ်ဆေးဆောင်ရွက်
Oct 05,2020
ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက်ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာတင်မောင်ညွှန့် ဦးဆောင်၍ နောင်ချိုမြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ကိုကိုနှင့် ဝန်ထမ်းများ၊ ဓာတ်ခွဲပညာရှင်များသည် နောင်ချိုမြို့နယ် ဘန့်ဘွေး တိုးဂိတ်တွင် ပိတ်မိနေသော ရှမ်းပြည်နယ်အတွင်းဝင်ရောက်မည့် ကုန်တင်ယာဉ်များမှ ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်များ အားကိုဗစ်-၁၉ Test Kitsများဖြင့်စစ်ဆေးခြင်းကိုဘန့်ဘွေးတိုးဂိတ် နားနေဆောင် တွင် စက်တင် ဘာ(၃)ရက်နေ့ (၁၂)နာရီမှ စက်တင်ဘာ(၄)ရက်နေ့ နံနက်(၁)နာရီထိ စစ်ဆေးဆောင်ရွက် ခဲ့ကြောင်း သိရ သည်။
အပြည့်အစုံ ဖတ်ရန်
အလုံမြို့နယ် ကြီးလေးကြီး လူမှုကူညီရေးအသင်း သို့ လူနာတင်ယာဉ်တစ်စီးလာရောက်လှူဒါန်း
Oct 05,2020
အလုံမြို့နယ်တွင်းပြည်သူများအတွက်ဆောင်ရွက်လျက်ရှိသော ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ၊ ကျန်းမာရေး၊ လူမှုရေးလုပ်ငန်းများတွင်အသုံးပြုရန်အတွက် ရည်ရွယ်ကာ ရန်ကုန်အနောက်ပိုင်း ခရိုင်၊ အလုံမြို့နယ်၊ ကြီးလေးကြီးလူမှုကူညီရေး အသင်းသို့ ယနေ့၊နံနက်ပိုင်းက လူနာတင်ယဉ် တစ်စီးလာရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘုရားသုံးဆူမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းဆောင်ရွက်
Oct 05,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပြီး ယနေ့နံနက် ၈ နာရီအချိန်တွင် ဘုရားသုံးဆူမြို့ လူစည်ကားရာနေရာများတွင် ဘုရားသုံးဆူမြို့ မီးသတ်တပ်ဖွဲ့ဝင်များက Mask Campaign ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
လှည်းကူးမြို့နယ်၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အမည်စာရင်းများ ဒုတိယအကြိမ် ထုတ်ပြန် ကြေညာထားမှု အခြေအနေအား ကွင်းဆင်းကြည့်ရှု
Oct 05,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၌ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အမည် စာရင်းများကို ဒုတိယအကြိမ်အဖြစ် အောက်တိုဘာ(၁) ရက်နေ့ နံနက်ပိုင်းမှ စတင်၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင်ပြည်သူများ၏ မဲစာရင်း လာရောက်ကြည့်ရှုမှုအခြေအနေအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုးလွင်နှင့် ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲ တာဝန်ရှိသူတို့မှ ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29109
Page
29110
Page
29111
Page
29112
Current page
29113
Page
29114
Page
29115
Page
29116
Page
29117
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department