Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကျောက်တန်းမြို့နယ်တွင် Lock down ချထားသည့် အိမ်ထောင်စုများအတွက် အခြေခံစားသောက်ကုန် (၁၁)မျိုးနှင့် အလှူငွေများ လှူဒါန်း
Oct 05,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်အရ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာ(၉၉)ဦး ရှိပြီဖြစ်ပါသည်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ထိန်းချုပ်နိုင်ရန်အတွက် အဆိုပါ လူနာများနှင့် ထိတွေ့ခဲ့သည့် မိသားစုဝင်များအား မိမိတို့နေအိမ်ပြင်ပသို့ ထွက်ခွာခြင်းမပြုရန် Lock down ချထားဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဖားဆောင်းမြို့ နယ် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများ၌ ဒုတိယအကြိမ်မဲဆန္ဒရှင် စာရင်းများ ထုတ်ပြန်ကြေညာ ထားခြင်းအား လိုက်လံစစ်…
Oct 05,2020
ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်အဖြစ် အောက်တိုဘာလတစ်ရက်နေ့မှစတင်၍ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးတွင် ကပ်ထားကြေညာ ထားရှိခြင်းကို ယမန်နေ့ညနေပိုင်းက ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များက လိုက်လံစစ်ဆေးခဲ့ကြကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
လွိုင်ကော်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် Mask တပ်ဆင်ခြင်း ရှိ/မရှိ အရှိန်မြှင့်ဆောင်ရွက်
Oct 05,2020
ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်နိုင်ရန်နှင့် ပြည်သူများ အိမ်အပြင်ထွက်ပါက မဖြစ်မနေ Mask တပ်ဆင်သည့် အလေ့အထရရှိစေရန် ရည်ရွယ်၍ လမ်းသွား၊ လမ်းလာပြည်သူများအား Mask တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းနှင့် Mask တပ်ဆင်ခြင်းမရှိသော ပြည်သူများအား Mask တပ်ဆင်စေခြင်းကို ယနေ့ နံနက်ပိုင်းမှစ၍ လွိုင်ကော်မြို့ မြို့လယ်နာရီစင်၊ သီရိမင်္ဂလာဈေး (တောင်ဈေး)နှင့် မိုင်းလုံး မီးပွိုင့်တို့၌ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုးညှင်းမြို့ ကုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် ကုသမှုခံယူလျက်ရှိသည့် ကိုဗစ်-၁၉ ပိုးတွေ့လူနာ သားအမိ(၂)ဦး ဆေးရုံဆင်းခွင့်ရ
Oct 05,2020
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ ကုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ(၂)ဦး ကျန်းမာရေးကောင်းမွန် သွားပြီ ဖြစ်သဖြင့် ယမန်နေ့နံနက်ပိုင်းက ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း မိုးညှင်းခရိုင် ဆေးရုံအုပ်ကြီး ဒေါက် တာလာမာမီးက ပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
သန်လျင်မြို့နယ်တွင် Stay at Home ကာလ စေတနာရှင်အလှူရှင်များက စားသောက်ကုန် များစုပေါင်းလှူဒါန်း
Oct 05,2020
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Stay at Home ကာလ ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် အမှန်တကယ်လိုအပ်သော ပြည်သူများအား စေတနာရှင်အလှူရှင်များက စုပေါင်းကာ ယမန်နေ့ နံနက် ၁၀ နာရီက အခြေခံစားသောက်ကုန်ပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်
Oct 05,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ရေးကွင်းဆင်းပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေးအတွက် သစ္စာ စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကို ယမန်နေ့ နံနက်၁၀နာရီအချိန်မှစတင်၍ စံဖူး ကျေးရွာအုပ်စု၊ နမ့်ခုတ်ကျေးရွာအုပ်စု၊ ကုန်းကျိုင်းကျေးရွာအုပ်စုနှင့် လုံဟေးကျေးရွာအုပ်စု တို့တွင် ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကွမ်းခြံကုန်းမြို့နယ်၌ (Stay at Home) ကာလတွင် အကြောင်းမဲ့ပြင်ပသွားလာမှု မရှိစေရေးနှင့် မြို့တွင်း ဖြတ်သန်းမည့်ယာဉ်များအား စစ်ဆေးခြင်းများနေ့စဉ်ဆောင်ရွက်
Oct 05,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် (Stay at Home) ကာလအတွင်း ပြည်သူများ အကြောင်းမဲ့ပြင်ပသွားလာမှုမရှိစေရေးနှင့် မြို့တွင်းဖြတ်သန်း သွားလာနေသော ယာဉ်များအား နယ်ကျော်ခရီးသွားလာမှု ခွင့်ပြုချက်ရှိ/မရှိ စစ်ဆေး ဆောင်ရွက်မှုကို ယမန်နေ့ နံနက်ပိုင်းက မြို့လယ်ဗိုလ်ချုပ် လမ်းမကြီးပေါ်တွင် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြ သည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးကာလ ပန်းဆိုးတန်း/ဒလ သင်္ဘောဆိပ်ကမ်း၌ ခရီးသည် ၆၀၀ ကျော် နှင့် ဝါးတန်း-ဒလ ကားကူးဇက်၌ ကားအစီးရေ ၈၀ ခန့် ကူးသန်းသွားလာ
Oct 05,2020
ရန်ကုန်(ပန်းဆိုးတန်း/ဒလ) သင်္ဘောဆိပ်ကမ်းသည် ဒလမြို့နယ် ဒေသခံပြည်သူများအပါအဝင်၊ အနယ်နယ် အရပ်ရပ်က ခရီးသွားမိဘပြည်သူများစွာတို့ကို စီးပွားရေးမြို့တော် ရန်ကုန်မြို့သို့ ချယ်ရီ သင်္ဘော(၃)စီးဖြင့် နေ့စဉ်
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29108
Page
29109
Page
29110
Page
29111
Current page
29112
Page
29113
Page
29114
Page
29115
Page
29116
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department