Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
နေရပ်ပြန်မြန်မာသင်္ဘောသားများ ကော့သောင်းမြို့တွင် အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိ
Oct 05,2020
ကော့သောင်းမြို့အနီး အက်ဒမန်ပင်လယ်အတွင်း Crew Change ပြုလုပ်ရန် မလေးရှားနိုင်ငံမှလာရောက်သည့် MT.TSM DUBHE သသင်္ဘောပေါ်မှ သသင်္ဘောသား(၇)ဦး ၊ ဘာရိန်းနိုင်ငံမှလာရောက်သည့် MV.HAN HUI သသင်္ဘောပေါ်မှ သသင်္ဘောသား(၃)ဦး၊ စုစုပေါင်းသသင်္ဘောသား(၁၀)ဦး သည် ယမန်နေ့ ညနေပိုင်းက Sign off ထွက်လာရာ ကော့သောင်းမြို့ ဆိပ်ကမ်း၌ တာဝန်ရှိဌာနဆိုင်ရာပူးပေါင်းအဖွဲ့နှင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက လိုအပ်သည့်ကျန်းမာရေး စစ်ဆေးမှုများဆောင်ရွက်ကာ ကော့သောင်းမြို့ တွင် Hotel Quarantine (၁၄)ရက် ထားရှိပြီး ၎င်းတို့၏ Swb နမူနာ များအား ရန်ကုန်အမျိုးသားကျန်းမာရေး ဓာတ်ခွဲဌာနသို့ ပို့ဆောင် ဓာတ်ခွဲ စစ်ဆေးသွားမည်ဖြစ်ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
လောင်းလုံးမြို့နယ်၌ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာမှုအားကွင်းဆင်းစစ်ဆေး
Oct 05,2020
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို လောင်းလုံးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာမှုအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌ၊ ဦးစိုးသိမ်းနှင့် ကော်မရှင်အဖွဲဝင်များက ကွင်းဆင်းစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မေတ္တာမြို့၌ ဒုတိယအကြိမ်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများကပ်ထားကြေညာ
Oct 05,2020
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဒုတိယအကြိမ် မဲဆန္ဒရှင်များစာရင်း ကြေညာခြင်းကို ရပ်ကွက်/ကျေးရွာရွေး
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ချီဖွေ-ပန်ဝါ ကားလမ်း ပုံမှန်အတိုင်း သွားလာနိုင်ပြီ
Oct 04,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေ-ပန်ဝါသွား ကားလမ်း ချီဖွေမြို့မှ (၉)မိုင်ခန့်အကွာတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေစာပြိုကျမှု ထပ်မံဖြစ်ပွားခဲ့ရာ ပြိုကျလာသည့် မြေစာပုံ အမြင့် (၃၀)နှင့် (၅၀) ဝန်းကျင်၊ အလျား (၁၀၀) ကျော် (၁၅၀) ခန့်ရှိ မြေစာ များအား loader (၁)စီး၊ ဘက်ဟိုး ယာဉ် (၁)စီးနှင့်အတူ ရှင်းလင်း ဆောင်ရွက်ခဲ့ရာ အောက်တိုဘာလ(၁)ရက် နံနက် (၁၁)နာရီတွင် မော်တော်ယာဉ် ငယ်များသာ ဖြတ်သန်းသွားလာနိုင်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ် ရေးမြို့နယ် သမဝါယမအသင်းစုရှိ အသင်းစုဝန်ထမ်းများအား မူရင်းလစာ ငွေ၏ (၂)ဆ အတိုးမဲ့ ထုတ်ချေးပေး
Oct 04,2020
မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ မြို့နယ်သမဝါယမအသင်းစု အမှုဆောင်အစည်းအဝေးဆုံး ဖြတ်ချက်ဖြင့် အသင်းစုရှိ ဝန်ထမ်း (၇) ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ရေး ကာလတွင် မူရင်းလစာငွေ၏ (၂) ဆကို အတိုးနှုန်းမဲ့ဖြင့် အောက်တိုဘာလမှ စတင်၍ (၁၀)လပေး ချေးစနစ်ဖြင့် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝက်လက်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့ အထွေထွေရွေးကောက်ပွဲ၌ အသက် ၁၈နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပေါင်း ၁၇ဝဝဝဝ ကျော်ရှိ
Oct 04,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ လ ၈ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၁၇၀၀၉၅ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကနီမြို့နယ်တွင် လူထုဗဟိုပြုစီမံကိန်း တတိယနှစ် စီမံကိန်း စက်ဝန်းလုပ်ငန်းများ အား အကောင်အထည်ဖော် ဆောင်ရွက်
Oct 04,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင် စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင် အထည်ဖော်ဆောင်ရွက်လျှက်ရှိသော လူထုဗဟိုပြုစီမံကိန်း တတိယနှစ်စီမံကိန်းစက်ဝန်း လုပ်ငန်းများ ကို စတင်အကောင်အထည် ဖော်ဆောင်ရွက်လျှက်ရှိရာ ကနီမြို့နယ် အိုင်တောင်ကျေးရွာအုပ်စု မင်းအိုကျေးရွာတွင် ကျောင်းဆောင်သစ်ဆောက်လုပ်ရန် ပန္နက်တင်ခြင်းအား ယနေ့နံနက် (၉)နာရီက ဆောင်ရွက်ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ထုမြို့ဒေသတွင် ရွေးကောက်ပွဲကော်မရှင်ရုံးများ၌ ဒုတိယအကြိမ် မဲဆန္ဒရှင် စာရင်းများ ထုတ်ပြန် ကြေညာ
Oct 04,2020
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ကျောက်ထုဒေသတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာခြင်းကို အောက်တိုဘာ(၁) ရက်နေ့ နံနက်ပိုင်းမှစတင်၍ ရပ်ကွက်(၃)ရပ်ကွက်နှင့် ကျေးရွာအုပ်စုအသီးသီးရှိ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကြေညာထားကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29113
Page
29114
Page
29115
Page
29116
Current page
29117
Page
29118
Page
29119
Page
29120
Page
29121
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department