အမြို့မြို့အနယ်နယ်သတင်းများ

Oct 05,2020
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် ရှမ်းပြည်နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ပေးအပ်လာသော Hand Held Mega Phone များ အသုံးပြု၍ ပုံပါကျင်မြို့ပေါ် ရပ်ကွက်(၅)ရပ်ကွက်အတွင်း စာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာများအား ယမန်နေ့နံနက်ပိုင်းက နှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 05,2020
ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ မြို့နယ်အတွင်း ရောဂါပိုးကူးစက် ပျံ့နှံ့မှုမရှိစေရေးအတွက် မြို့အဝင် ဗိုလ်ချုပ်ပန်းခြံ အနီးနှင့်ကျောင်းကုန်းတံတားအောက် စစ်ဆေးရေးဂိတ်(၂)ခု ထားရှိကာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Oct 05,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့တွင် အသက်(၂)လ မှ(၁)နှစ်ခွဲအထိ ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ တိုက်ကျွေးခြင်းများကို ယမန်နေ့ နံနက်(၈)နာရီ အချိန်က မိုင်းနောင်တိုက်နယ် ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့သည်။
Oct 05,2020
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ နတ်စင်ကုန်းကျေးရွာမှ ဒေသခံတောင်သူများသည်စိုက်ပျိုးရေးလုပ်ငန်းများနှင့် တွဲဖက်၍ တစ်ပိုင်တစ်နိုင် သိုးနှင့်ဆိတ် မွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ယခုအခါ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေချိန်ကာလဖြစ်၍ သိုး/ဆိတ် ဈေးများကျဆင်းနေပြီးမွေးမြူသူများ တွက်ခြေမကိုက်ပဲ လုပ်ကိုင်နေကြရကြောင်းသိရသည် ။
Oct 05,2020
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သူကောင်းတည်မြစ်ရေတင်မှပေးလွှတ်သော လျှပ်စစ်မြစ်ရေတင်ရေဖြင့် မိုးစပါး ၂၉၃ဧက စိုက်ပျိုးပြီးစီးအောင်မြင် ဖြစ်ထွန်းနေပြီ ဖြစ်ကြောင်း သူကောင်းတည်လျှပ်စစ်မြစ်ရေတင် တာဝန်ခံ ဦးလှပြုံး(ဦးစီးအရာရှိ) ကပြော ကြားသည်။
Oct 05,2020
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီ အသင်းတို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအသိပညာ ပေးခြင်း အစီအစဉ်ကို Online မှတဆင့် တင်ဆက်နိုင်ရေးအတွက် ယမန်နေ့ နေ့လယ်ပိုင်းက ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 05,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ကျေးလက်ကျန်းမာရေးဌာနသည် မြို့အတွင်းရှိ ဒေသနေပြည်သူများ ကျန်းမာရေးအသိပညာ ဗဟုသုတရရှိစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်ရည်ရွယ်၍ ယမန်နေ့က ရှမ်းရွာသစ်မြို့ ပိုးပလေကျေးရွာအုပ်စုရှိ ခလော့ဒေးကျေးရွာနှင့် ထီးလယ်ဒို့ ကျေးရွာတို့တွင် အသက်နှစ်နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
Oct 05,2020
မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများအား နောက်ဆုံးအကြိမ်အဖြစ် ကပ်ထားကြေညာခြင်းကို တောင်သာမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စု ကော်မရှင်အ အဖွဲ့ခွဲရုံးများတွင် အောက်တိုဘာ(၁)ရက်နေ့ နံနက်ပိုင်းမှစတင်၍ ကပ်ထားကြေညာထားကြောင်းသိရသည်။