Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ရေစကြိုမြို့နယ် မီးသတ်ဦးစီးဌာနက မြို့နယ်ရုံးရှိ မီးသတ်ဝန်ထမ်း ၄၉ ဦး အတွက် စားသောက်ကုန်ပစ္စည်း ၄ မျိုးထောက်ပံ့
Oct 01,2020
ရေစကြိုမြို့နယ် မီးသတ်ဦးစီးဌာနက မြို့နယ်ရုံးရှိ မီးသတ်ဝန်ထမ်း ၄၉ ဦးအတွက် အောက်တိုဘာလ ၁ ရက်နေ့ နံနက် ၈ နာရီအချိန်က မြို့နယ်မီးသတ် ဦးစီးဌာနရုံးတွင် စားသောက်ကုန်ပစ္စည်း ၄ မျိုးထောက်ပံ့ပေးအပ်သည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ ကာလအတွင်း အခြေခံလူတန်းစား အိမ်ထောင်စုများအား စားသောက်ကုန်များ ထောက်ပံ့လှူဒါန်း
Oct 01,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ အသားတုနှင့် ကုလားပဲတို့ကို ယနေ့နံနက်ပိုင်းက နယ်စည်းမခြား ပရဟိတ အသင်းမှ ထောက်ပံ့ပေးအပ် လှူဒါန်းခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဥက္ကလာပမြို့နယ် စည်ပင်ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များလှူဒါန်း
Oct 01,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်(င)ရပ်ကွက်၊ သန္တာလမ်းရှိ အမှိုက်ကန်နှင့် အ.ထ.က.(၅)ကျောင်း Quarantine center သို့ လာရောက်အမှိုက်သိမ်းယူသည့် သန့်ရှင်းရေးတာဝန်ကိုဆောင်ရွက်ကြသော တာဝန်ကျ မြို့တော်စည်ပင်ဝန်ထမ်းများအား ကိုဗစ်- ၁၉ ရောဂါ ကာလအတွင်း စားဝတ်နေရေးအဆင်ပြေစေရန် ယနေ့ နံနက်ပိုင်းက အခြေခံ စားသောက်ကုန်များ လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝေါလေမြိုင်မြို့၌ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာ
Oct 01,2020
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူများ စာရင်းကို ယနေ့နံနက် ၉ နာရီမှ စတင်၍ ဝေါလေမြိုင်မြို့ရှိ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာ
Oct 01,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ (၈) ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများအား ဒုတိယ အကြိမ် အဖြစ် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ယနေ့နံနက်ပိုင်းက ကပ်ထားကြေညာပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့၌ မဲဆန္ဒရှင်ပြည်သူများလုံခြုံစိတ်ချစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံအထူးရဲသင်တန်း ဖွင့်လှစ်ပို့ချ
Oct 01,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင် ပြည်သူများလုံခြုံစိတ်ချစွာ ဆန္ဒမဲပေးနိုင်ရေး အတွက် မဲရုံ အထူး ရဲများသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က အလက(၁) မြို့မ ကျောင်း အင်ကြင်းဆောင် ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သာစည်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ၌ တာဝန်ထမ်းဆောင်ကြမည့် အထူးရဲများအား သင်တန်းဖွင့်လှစ်ပို့ချ
Oct 01,2020
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ၌ မဲရုံအသီးသီးတွင် တာဝန်ထမ်းဆောင်ကြမည့်အထူးရဲသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက အမှတ် (၁) အခြေခံ ပညာ အထက်တန်းကျောင်း ဝန်ဇင်းမင်းရာဇာခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချောက်မြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ နောက်ဆုံးအကြိမ် ကပ်ထားကြေညာ
Oct 01,2020
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများအား နောက်ဆုံးအကြိမ် အဖြစ် ကပ်ထားကြေညာခြင်းကို ချောက်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများ တွင် ယနေ့နံနက်ပိုင်းမှစတင်၍ ကပ်ထားကြေညာထားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29253
Page
29254
Page
29255
Page
29256
Current page
29257
Page
29258
Page
29259
Page
29260
Page
29261
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department