Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
အောင်မြေသာစံမြို့နယ်တွင် အထူးရဲသင်တန်းဖွင့်ပွဲလှစ်
Oct 01,2020
မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် အထူးရဲသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဒေါန ဘွားရပ်ကွက်၊ ၁၄ လမ်းနှင့် ၁၅ လမ်းကြား၊ ၆၃ လမ်း နှင့် ၆၄ လမ်းကြားရှိ အမှတ် (၁၇) အခြေခံပညာ အထက်တန်းကျောင်း၊ ချမ်းမြေ့မန္တလာခန်းမတွင် ကျင်းပရာအောင်မြေသာစံ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်ဇင်မြင့် က တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
ဘိုကလေးမြို့နယ်အတွင်းမှ ရပ်ကွက်၊ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများတွင် ဒုတိယအကြိမ် မဲဆန္ဒရှင် အမည်စာရင်းများ ကြေငြာထားရှိ
Oct 01,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲ ရုံးများတွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ အမည်စာရင်းများအား ဒုတိယ အကြိမ်အဖြစ် ယနေ့မှ စ၍ ကြေငြာကပ်ထားပေးသည်။
အပြည့်အစုံ ဖတ်ရန်
နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမားများ နမ့်စန်မြို့မှ ဖြတ်သန်း၍ သက်ဆိုင်ရာမြို့နယ် အသီးသီးသို့ ဆက်လက်ထွက်ခွာ
Oct 01,2020
နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် ရှမ်းပြည်နယ် တောင်ပိုင်း နမ့်စန်မြို့နယ်သို့ ယနေ့ နေ့လယ် ၁၂ နာရီ ၂၅အချိန်တွင် ရောက်ရှိခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုသိမ်ကြီးမြို့နယ်မှ အထူးရဲတပ်ဖွဲ့ဝင်များ ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးသင်တန်း ၁/၂၀၂၀ ဖွင့်လှစ်
Oct 01,2020
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အထူးရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးတာဝန် ထမ်းဆောင်နိုင်ရန် အတွက် မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်မှ အထူးရဲတပ်ဖွဲ့ဝင်များ ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးသင်တန်း ၁/၂၀၂၀ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပုသိမ်ကြီး အထကကျောင်းရှိ အောင်ဇမ္ဗူခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကိုင်မြို့နယ်တွင် အထူးရဲသင်တန်းဖွင့်လှစ်
Oct 01,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မဲဆန္ဒရှင်ပြည်သများ လုံခြုံစိတ်စွာဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံလုံခြုံရေးဆောင်ရွက်နိုင်ရန် အထူးရဲသင်တန်းကို ယနေ့နံနက် (၉ ) နာရီက စဉ့်ကိုင်(အ.ထ.က)သဇင်ခန်းမ၌ စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အသက် (၁၈) နှစ်ပြည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်ထုတ်ပြန်ကြေညာ
Oct 01,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် အသက် (၁၈) နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် စာရင်းများကို အောက်တိုဘာ ၁ ရက်နေ့မှစတင်၍ ရပ်ကွက် /ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ဒုတိယအကြိမ် ထုတ်ပြန်ကြေညာလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လပွတ္တာမြို့၌ ရွေးကောက်ပွဲတွင် လုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲ (၁၃၄)အား ခန့်အပ်၍ သင်တန်းပို့ချ
Oct 01,2020
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံလုံခြုံရေးတာဝန် ထမ်းဆောင်မည့် အထူးရဲသင်တန်းကို လပွတ္တာမြို့ အမှတ်(၃)ရပ်ကွက် အထက ကျောင်းတွင် ကျင်းပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကော့ကရိတ်-ကြာအင်းဆိပ်ကြီး (၆၆ KV) လျှပ်စစ်ဓာတ်အားလိုင်း ဆောင်ရွက်ရာ မလွတ်ကင်းသော နှစ်ရှည်သီးပင်စားပင်များအား ဒုတိယအသုတ် လျော်ကြေးငွေပေးအပ်
Oct 01,2020
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကော့ကရိတ်-ကြာအင်းဆိပ်ကြီးလမ်း (၆၆ kv) လျှပ်စစ် ဓာတ်အား လိုင်းဆောင်ရွက်ရာတွင် လျှပ်စစ်ကြိုးတန်းနှင့် မလွတ်ကင်းသော နှစ်ရှည်သီးပင်စားပင် များအတွက် ဒုတိယအသုတ် လျော်ကြေးငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကော့ကရိတ်မြို့နယ် ဝင်းကကျေးရွာ၊ သမိန်ဒွတ်ကျေးရွာနှင့် ထီဟူးသံကျေးရွာများတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29251
Page
29252
Page
29253
Page
29254
Current page
29255
Page
29256
Page
29257
Page
29258
Page
29259
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department