အမြို့မြို့အနယ်နယ်သတင်းများ

Oct 02,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ကျေးလက်ကျန်းမာရေးဌာနသည် မြို့အတွင်းရှိ ဒေသနေ ပြည်သူများကျန်းမာရေးအသိပညာ ဗဟုသုတရရှိစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းတွင် ရှမ်းရွာသစ်မြို့ ကျေးလက်ကျန်းမာရေးဌာန၌ အသက်နှစ်နှစ်အောက် ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
Oct 02,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး‌ကောက်ပွဲတွင် မဲရုံလုံခြုံရေး အဖြစ်ဆောင်ရွက်နိုင်ဖို့ အထူးရဲသင်တန်းကို ယမန်နေ့ နံနက်(၈)နာရီက မြို့နယ်ခန်းမ ဆောင်တွင်ပြုလုပ်သည်။
Oct 02,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအတွက် မှန်ကန်ပြည့်စုံသော မဲဆန္ဒရှင်စာရင်းများရရှိစေရန်၊ မဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်အဖြစ် ကပ်ထားကြေညာခြင်းကို အောက်တိုဘာ (၁) ရက်နေ့မှစတင်၍ ရပ်ကွက်/ကျေးရွာ ကော်မရှင်ရုံးများတွင် ကြေညာကပ်ထားပြီ ဖြစ်သည်။
Oct 02,2020
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့ အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၉ နာရီက အထူးရဲများရွေးကောက်ပွဲဆိုင်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပသည်။
Oct 02,2020
အောက်တိုဘာလ ၁ ရက်နေ့က ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု (၅၃)အုပ်စု၌ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲအတွက် ပြည့်စုံ မှန်ကန်သော မဲဆန္ဒရှင်စာရင်း များ ကပ်ထားကြေညာခဲ့သည်။
Oct 02,2020
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် ယမန်နေ့က လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ အသက်(၈၀)နှင့်(၈၅)နှစ်အတွင်းသက်ကြီးဘိုးဘွားများ အတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့​ကြောင်း သိရသည်။
Oct 02,2020
ကျောက်မဲခရိုင်၊ နောင်ချိုမြို့တွင် ကိုဗစ်-၁၉ကာလ အခြေခံလူတန်းစားအိမ်ထောင်စု (၁၇၅)စုအတွက် စားသောက်ကုန်များကို ယမန်နေ့နံနက်ပိုင်းက လှူဒါန်းခဲ့ကြောင်းသိရသည်။