Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မိုင်းခတ်မြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများကို (ဒုတိယ)အကြိမ် ကပ်ထားကြေငြာ
Oct 01,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းခတ်မြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံ ဒီမို ကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် မဲပေးနိုင်သည့် မဲဆန္ဒရှင်စာရင်းများကို (ဒုတိယ)အကြိမ်အဖြစ် ယနေ့ နံနက် ပိုင်းက စတင်ပြီး ရပ်ကွက်၊ကျေးရွာ အုပ်စုရွေးကောက်ပွဲ အဖွဲ့ခွဲရုံးများတွင် ကပ်ထား ကြေငြာ ပေးမည် ဖြစ်ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ မဲပေးရာ၌ အခက်အခဲမရှိစေရေး မဲရုံ(၃)ရုံ တိုးချဲ့ ဆောင်ရွက်ထား
Oct 01,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပမည့် တတိယ အကြိမ်မြောက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ယခင်က မဲရုံပေါင်း (၁၆၀)ဖြင့် ကျင်းပပြုလုပ်သွားရန် စီစဉ်ထားရှိသော်လည်း မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ အခက်အခဲမရှိ အဆင်ပြေစွာ မဲပေးနိုင်ရေးအတွက် မဲရုံ(၃)ရုံ အား တိုးချဲ့၍ စုစုပေါင်း မဲရုံ(၁၆၃)ရုံဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ကြီးတံခွန်မြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
Oct 01,2020
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်တွင် အသက်နှစ်နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းတွင် ရပ်ကွက်အသီးသီးရှိ စုရပ်များတွင် စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်ဆိုင်း(ကြူကုတ်)မြို့ ၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် တရုတ်နိုင်ငံဘက်မှ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများလာရောက်လှူဒါန်း
Oct 01,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ မူဆယ်ခရိုင် ၊ နယ်စပ်ဒေသပန်ဆိုင်း(ကြူကုတ်)မြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးအတွက် တရုတ်နိုင်ငံ ၊ ဝမ်တိန်မြို့၊ ပါတီဉက္ကဌမစ္စတာရင်တုံတက် ဦးဆောင်သည့်အဖွဲ့မှ (ခန့်မှန်း) ကာလတန်ဖိုး(၁၁)သိန်းကျော်ရှိ ကျန်းမာရေးအထောက်အကူပြု နှာခေါင်းစည်းနှင့် ပိုးသတ်ဆေးများကို ယမန်နေ့၊ နံနက်(၁၁)နာရီအချိန်ခန့်က ပန်ဆိုင်း(ကြူကုတ်)မြို့ ၊နှစ်နိုင်ငံနယ်စပ် အဝင်/အထွက်ဂိတ် ကြူကုတ်-ဝမ်တိန် တံတား၌ လာရောက်ပေးအပ်လှူဒါန်းသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်မြို့နယ်ရှိ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင် စာရင်းများအား ကပ်ထား ကြေညာ
Oct 01,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်ရပ်ကွက်များရှိ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ထပ်မံစိစစ်ပြုစုထားသည့် မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာလ(၁) ရက်နေ့မှ (၁၄) ရက်နေ့ထိ ရက်ပေါင်း(၁၄)ရက်ကြာ ဒုတိယအကြိမ်ထပ်မံကပ်ထား ကြေညာ ခြင်းများအား ဆောင်ရွက်လျက်ရှိပါသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်သားတွင် ကိုဗစ် − ၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ကုန်တင်ယာဉ်ကြီးများအတွက် ယာယီယာဉ်ရပ်နားစခန်း ဖွင့်လှစ်ထားရှိ
Oct 01,2020
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ မြို့နယ်အတွင်း ကိုဗစ် − ၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ကုန်စည်စီးဆင်းမှုအတွက် သွားလာနေသည့် ကုန်တင်ယာဉ်ကြီးများ အတွက် ယာယီယာဉ်ရပ်နားစခန်းဖွင့်လှစ်ကာ ဆောင်ရွက်ထားရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စလင်းမြို့နယ်တွင် ဒုတိယအကြိမ်မဲစာရင်းများ ကပ်ထားကြေညာ
Oct 01,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်ရှိ ရပ်ကွက်ကျေးရွာ ကော်မရှင် အဖွဲ့ခွဲများတွင် ဒုတိယအကြိမ်မဲစာရင်း ကပ်ထားကြေညာခြင်းများကို အောက်တိုဘာလ ၁ ရက် နံနက်(၇)နာရီအချိန်မှစတင်၍ ကပ်ထားကြေငြာခြင်းများ ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကရင်ပြည်နယ်၌ မဲပေးခွင့်ရှိသူ (၁၁၉၂၀၅၁) ဦးရှိပြီး မဲရုံပေါင်း ၈၅၂ ရုံဖြင့် ရွေးကောက်ပွဲကျင်းပနိုင်ရန်အတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများထုတ်ပြန်
Oct 01,2020
ကရင်ပြည်နယ်တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်းမှစ၍ သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာခဲ့ရာ ပြည်နယ်တစ်ခုလုံးအနေဖြင့် ဆန္ဒမဲပေးခွင့်ရှိသူ ၁၁၉၂၀၅၁ ဦးရှိကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29254
Page
29255
Page
29256
Page
29257
Current page
29258
Page
29259
Page
29260
Page
29261
Page
29262
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department