Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ယာယီပျံကျဈေးများရှိ ဈေးရောင်းဈေးဝယ်များအား လိုက်နာရမည့်စည်းကမ်းချက်များအား အသိပေးနှိုးဆော်
Sep 30,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန်နှင့် ယာယီပျံကျဈေးများရှိ ဈေးရောင်းဈေးဝယ်သူများ ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုက်နာရန်စည်းကမ်း ချက်များအား အသိပေးနှိုးဆော်ခြင်းကို စက်တင်ဘာ ၃၀ ရက် ၊ ယနေ့ နံနက်ပိုင်းက ဝန်ထမ်းများအဖွဲ့က ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကလောမြို့နယ်၌ သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား(၃၃၃၃)ကတ်ပေးအပ်
Sep 30,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် သစ္စာစီမံချက်ဖြင့် ရပ်ကွက်/ ကျေးရွာအုပ်စုများသို့ ကွင်းဆင်းဆောင်ရွက်ပေးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဌာန ရုံးတွင် ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ချောက်မြို့၌ မြန်မာ့စီးပွားရေးဘဏ်အနီးရှိ လုံးပါတ် (၄)ပေ အမြင့် ပေ (၃၀)ခန့်ရှိ ကန္တာပင်မှာ မိုးရွာသွန်းမှု ကြောင့် လဲကျ
Sep 30,2020
ချောက်မြို့နယ်၊ အမှတ် (၁၅) ရပ်ကွက်၊ မြေနီကုန်းရပ်၊ မြန်မာ့စီးပွားရေးဘဏ်အနီးရှိ လုံးပါတ် (၄)ပေ အမြင့် ပေ (၃၀)ခန့်ရှိ ကန္တာပင်မှာ မိုးရွာသွန်းထားမှုကြောင့် မြေသားနူးပွ၍ အမြစ်မှလဲကျကာ မြန်မာ့စီးပွားရေးဘဏ် အမိုးပေါ်သို့
အပြည့်အစုံ ဖတ်ရန်
ကျောက်မဲ၌ မြို့နယ်ကိုဗစ်ကော်မတီမှ ကျောက်မဲမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းသို့ ဆန်၊ ဆီ၊ ကြက်သွန်၊ ကုလားပဲ၊ အာလူးနှင့် ကြက်ဥများ သွားရေ…
Sep 30,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် စက်တင်ဘာလ ၂၈ ရက်နေ့မှစ၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်း၊ မြို့နယ် ကိုဗစ်ကော်မတီမှ တာဝန်ရှိသူများ၊ ကြက်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိများ လိုက်ပါပြီး သံဃာများသည့် မြို့ပေါ်ရှိဘုန်းတော်ကြီးကျောင်း ၄ ကျောင်းနှင့် သီလရှင်ကျောင်း ၁ ကျောင်းသို့ ဆန်၊ ကြက်သွန်၊ အာလူး၊ ကုလားပဲ၊ ဆီနှင့် ကြက်ဥ အစရှိသည့် လှူဖွယ်ပစ္စည်းများ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေစည်းခုံဘုရား မေတ္တာစောင်းတန်းမိုးယိုစိမ့်၍ပြိုကျသည့် အစိတ်အပိုင်းများအားရှင်းလင်း
Sep 30,2020
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ အမှတ်(၅)ရပ်ကွက်ရှိ ရွှေစည်းခုံစွယ်တော် မြတ်စေတီတော်ကြီး၏ တောင်ဘက်မုခ် မေတ္တာစောင်းတန်း အမြင့် ၁၀ပေ၊အလျား ၂၀ ပေ၊ ထု ၂၀လက်မရှိ စောင်းတန်း (ဘင်ထုပ်)သည် ယမန်နေ့ နံနက် ၆နာရီ ခွဲအချိန်ကပြိုကျခဲ့ကြောင်း ညောင်ဦးခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်းကပြော ကြားသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာများထားရှိရန် လူနာ(၃၀၀)နီးပါးဆံ့ ယာယီဆေးရုံ တည်ဆောက်
Sep 30,2020
ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာများထားရှိရန်အတွက် မော်လမြိုင်မြို့တွင် လူနာ(၃၀၀)နီးပါးဆံ့သည့် ယာယီဆေးရုံတစ်လုံးကို အ.ထ.က(၁)ကျောင်းဘောလုံးကွင်းအတွင်းမှာ ဆောက်လုပ်နေကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တံတားဦးမြို့နယ် ရွှေတောင်တော်-အိမ်မြင့်စံ -ဝံပတေ့ ကျေးရွာချင်းဆက်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Sep 30,2020
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ရွှေတောင်တော်-အိမ်မြင့်စံ-ဝံပတေ့ ကျေးရွာချင်းဆက်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်မှု ကိုယနေ့နံနက်(၈)နာရီက တံတားဦးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင်နှင့် မြို့နယ်တည်ဆောက် ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဝင်များနှင့်အတူ ကွင်းဆင်းစစ်ဆေးကြကြောင်းသိရသည် ။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့၌ သီးသန့်စောင့်ကြည့် Quarantine Centre (၂)ခုတွင် နေရပ်ပြန်ဦးရေ (၂၃)ဦးအား သီးသန့်ထားရှိ ကာ ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေး
Sep 30,2020
နတ်မောက်မြို့၌ သီးသန့်စောင့်ကြည့် Quarantine Centre (၂)ခုထားရှိရာ စက်တင်ဘာလ (၃၀)ရက်စာရင်း အရ မြို့နယ် သမဝါယမတွင် ကျား(၆)ဦး၊ မ (၆)ဦး ၊ ပြည်သူ့ခန်းမတွင် ကျား(၇)ဦး၊ မ (၄)ဦး၊ စုစုပေါင်း(၂၃)ဦးတို့အား သီးသန့်စောင့်ကြည့်ထားရှိကာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29299
Page
29300
Page
29301
Page
29302
Current page
29303
Page
29304
Page
29305
Page
29306
Page
29307
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department