အမြို့မြို့အနယ်နယ်သတင်းများ

Sep 30,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ကိုဗ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ် ကုသရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းဆန်း ဦးဆောင်၍စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအေးသိန်းနှင့် မအူပင်မြို့နယ်အတွင်းရှိ (CSO) လူမှုရေးအသင်း အဖွဲ့များ၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ မအူပင်မြို့နယ်တွင် စက်တင်ဘာလ ၂၉ ရက်နေ့မှစတင်၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မဖြစ်မနေ အပြင်ထွက်ပါက အိမ်တစ်အိမ်လျှင် အပြင်ထွက်ခွင့် ကတ်ဖြင့် တစ်ဦးသာထွက်ရန် Stay at Home ကာလတွင် စည်းကမ်းသတ်မှတ်၍ ဆောင်ရွက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Sep 30,2020
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ကူးစက်ပြန့် ပွားမှုမရှိစေရေးအတွက် ကျန်းမာရေးညွှန်ကြားချက်များ အသိပေးကြေညာခြင်းကို ယမန်နေ့ ညနေ၅နာရီ အချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှ အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးကြေညာခဲ့ကြောင်း သိရသည်။
Sep 30,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ ကင်မွန်းခြုံကျေးရွာတွင် မြို့နယ် ကျေး လက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ဒေသရေရရှိရေးလုပ်ငန်း ၄ လက်မ စက်ရေ တွင်း တူးဖော် ခြင်းလုပ်ငန်းကို အောင်မြင်စွာတူးဖော်ပြီးစီးပြီဖြစ်၍ အဆိုပါကျေးရွာ လူဦးရေ (၂၉၈)ဦးခန့်အတွက် ရာသီဥတုမရွေး သောက်သုံရေဖူလုံစွာရရှိနိုင်တော့မည်ဖြစ်ကြောင်း သိရ သည်။
Sep 30,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန် ရှိသူများသည် ကသာမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်သော ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက် ပြီးစီးမှုများအား ယမန်နေ့က ကျေးရွာများသို့ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။
Sep 30,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး ဖြည့်စွက်ရန်ပုံငွေဖြင့် အလယ် ကန်-စီးမော်-ညောင်ပင်သာ-စုန်းတော်လမ်းပေါ်ရှိ ဂျင်းမြေသားလမ်း‌ ဖောက်လုပ်ခြင်း ဆောင်ရွက်နေမှု အခြေအနေများကို ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။
Sep 30,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် အသက်(၈၀)နှစ်နှင့်(၈၅)နှစ် ပြည့်ပြီးသည့် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ စည်သူခန်းမ ၌ ကျင်းပပြု လုပ်ခဲ့သည်။
Sep 30,2020
နေပြည်တော်ရှိ ညစျေးများဖြစ်သည့် မြို့မစျေး၊ သပြေကုန်းညစျေး၊ ပုဗ္ဗသီရိညစျေးနှင့် ဒက္ခိဏသီရိညစျေး တို့အား စက် ၃၀ ရက်နေ့မှစ၍ နှစ်ပတ်(သို့မဟုတ်)သုံးပတ် ယာယီပိတ်သိမ်း သွားမည်ဖြစ်ကြောင်း သိရသည်။