အမြို့မြို့အနယ်နယ်သတင်းများ

Sep 30,2020
ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်တွင် ခရီးသွား ပြည်သူများ ၊ ဒေသခံ ပြည်သူများ ၊ ကိုဗစ်-၁၉ရောဂါ ကူးစက် ပြန့်ပွားမှု မရှိစေရေး အတွက် ကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာ ယနေ့ နံနက် (၈) နာရီ အချိန်က မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်မိုးနှင့် ကော်မတီ ဝင်များက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
Sep 30,2020
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ကိုဗစ်ပိုးတွေ့အတည်ပြုလူနာ(၇) ဦးအနက် Case  4519 နှင့် 4520 တို့မှာ ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီဖြစ်၍ယနေ့ နံနက်ပိုင်းက ဆေးရုံမှဆင်း ခွင့်ပြုခဲ့ကြောင်း သိရှိရသည်။
Sep 30,2020
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုမှ ကင်းဝေးစေရေး စျေးများတွင် နှာခေါင်းစည်း (Mask) များ ဝေမျှခြင်းနှင့် မလိုအပ် ဘဲ အပြင်ထွက်သွားလာခြင်းမရှိစေရေးကို ယမန်နေ့က လမ်းမတော်မြို့နယ်အတွင်းရှိ စျေးများတွင် စျေးဝယ်လာသူ ပြည်သူများအား အသိပညာပေးခဲ့ကြောင်း သိရသည်။
Sep 30,2020
စစ်ကိုင်းခရိုင်၊ မြောင်မြို့တွင် ခရီးသွားပြည်သူများ၏ ကိုရေးရာဇဝင် အချက် အလက်များ စိစစ်ခြင်းနှင့် ကျန်းမာရေး စစ်ဆေးခြင်းများကို မြို့အဝင် တွင် စက်တင်ဘာ (၁၁) ရက်နေ့၊ နံနက်က စတင်ကာ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 30,2020
လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမူဝန်ထမ်းဦးစီး ဌာနက ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် အသက်(၈၀) နှစ်ပြည့်ပြီး (၈၅)နှစ်မပြည့်သေးသည့် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ ငွေများ ပေးအပ်ခြင်းကို ယနေ့ မွန်းတည့် ၁၂ နာရီချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သည်။
Sep 30,2020
ဗဟန်းမြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာများနှင့်ထိတွေ့ခဲ့သူများကိုQuarantine Centreများတွင် ထားရှိခဲ့ရာယခုအခါတွင်ဗဟန်းမြို့နယ် Facility Quarantine Centre အဖြစ်ဦးချစ်မောင်လမ်းရှိ၊ကျိုက္ကဆံ ဘတ်စကတ်ဘောအားကစားရုံနှင့်အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းများတွင်ထားရှိခဲ့ပြီးဖြစ်ပါသည်။
Sep 30,2020
ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်တွင်ပါဝင်သော လစဉ်ပေးအပ်လျက်ရှိသည့် လူမှု ရေးပင်စင် ထောက်ပံ့ကြေးအပြင် အသက်ကန့်သတ်ချက်ကိုလျှော့ပေါ့၍ အသက် (၈၀)နှစ် နှင့် (၈၅) နှစ်ပြည့်သူများကို ပထမဆုံးအကြိမ်ငွေကြေးထောက်ပံ့ပေးအပ်ခြင်းကို၊ စစ်ကိုင်း ခရိုင်၊ မြင်းမူမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေပြည်သစ်ခန်းမတွင် ယနေ့ နံနက် ပိုင်းကပြုလုပ်ခဲ့‌ကြောင်း သိရသည်။
Sep 30,2020
ပေါက်ခေါင်းမြို့နယ် ရပ်ကွက်၊ကျေးရွာအုပ်စုများအတွင်းရှိ အသက်(၈၀) နှစ်မှ(၈၅)နှစ်အထိ သက်ကြီး အဘိုးအဘွား များအတွက်  နိုင်ငံတော်မှချီးမြှင့်ထောက်ပံ့ခဲ့သည့်   (၃၀၀၀၀)ကျပ်ကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦး စီးဌာနရုံးတွင် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာအုပ်စု (၅၈)အုပ်စုရှိ အုပ်ချုပ်ရေးမှူးများနှင့် စာရေးများထံသို့ ထပ်ဆင့်ပေးအပ်ခဲ့ကြောင်းသိရသည်။