Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
သန်လျင်၌ Stay at Home စည်းကမ်းချက်များအား ပြည်သူများသိရှိနိုင်ရေး မီးသတ်ယာဉ်ဖြင့် လှည့်လည်အသိပေး နှိုးဆော်
Sep 30,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Stay at Home ကာလ စည်းကမ်းချက်များအား ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် စက်တင်ဘာ ၂၉ ရက် ည ၉ နာရီက မီးသတ်ယာဉ်ဖြင့် လိုက်လှံလှည့်လည်အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်တွင်းကြီးမြို့နယ်တွင် သဘာ၀တောမီးကြောင့် မိုးစပါး ပျက်စီးတောင်သူများအား ထောက်ပံ့ငွေများ ပေးအပ်
Sep 30,2020
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်တွင်သဘာ၀တောမီးကြောင့် မိုးစပါးပျက်စီးတောင်သူများအား ထောက်ပံ့ငွေများပေးအပ်ပွဲကို ယမန်နေ့နေ့လယ်(၁)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကသာခရိုင် အင်းတော်မြို့တွင် အထက်တန်းဆင့် ကျောင်းသား/သူများ အတွက် ပညာသင် ထောက်ပံ့ကြေးပေးအပ်
Sep 30,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့ အခြေခံပညာအထက်တန်းကျောင်း (အင်းတော်) ရှိ အထက်တန်းဆင့် ကျောင်းသားကျောင်းသူများအတွက် ပညာသင် ထောက်ပံ့ကြေးများကို ယမန်နေ့က ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငဖဲမြို့နယ်၌ မိုးစပါး ၇၆၂၇ ဧကစိုက်ပျိုးပြီးစီး
Sep 30,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ မိုးစပါးစိုက်ဧက ၇၆၂၇ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး စပါးမျိုးကွဲအလိုက်စိုက်ဧကမှာ မနောသုခ (၃၁၂၇)ဧက၊ဆင်းသုခ (၁၀၆၂)ဧက၊ ရတနာတိုး (၈၅၅)ဧက၊ ဧရာမင်း (၂၀၃၉)ဧက၊ကောက်ညှင်း (၃၇) ဧကနှင့် တောင်ယာ (၅၀၇)ဧက စုစုပေါင်း (၇၆၂၇)ဧကစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ဦးစီးမှူးဦးကျော်လင်းထွန်း ထံမှသိရှိရသည်။ ငဖဲမြို့နယ်တွင် ၂၀၁၉ခုနှစ်၊ မိုးစပါးဧက ၁၀၀၀၀ ကျော်စိုက် ပျိုးရန်လျာထားခဲ့ရာမှ စိုက်ဧက (၉၆၅၄)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ရိတ်သိမ်းဧက ၉၆၅၄ ဧကတွင် တစ်ဧကအထွက်နှုန်း ၇၃.၂၁ တင်း ထွက်ရှိခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့ ဖောင်ရွာရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွား
Sep 30,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဖောင်ရွာရပ်ကွက်တွင် ကလေးငယ်နှစ်ဦး အမွှေးတိုင်မီး ထွန်းညှိ ဆော့ကစားရာမှ နေ့လယ်(၁၂)နာရီ(၁၀)မိနစ် အချိန်ခန့်က လူနေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
စေတုတ္တရာမြို့နယ် ကျန်စိမ့်ကျေးရွာ မျိုးစေ့ထုတ်စိုက်ခင်းများ ကွင်းဆင်းစစ်ဆေးခြင်း (Activities of Field Inspection) ဆောင်ရွက်
Sep 30,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ကိုဗစ်-၁၉စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ စိုက်ပျိုးထားသော ကျန်စိမ့်ကျေးရွာရှိ မျိုးစေ့ထုတ်စိုက်ခင်းများတွင် မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ ကွင်းဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခြင်း (Activities of Field Inspection)ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေဘိုခရိုင် တန့်ဆည်မြို့နယ်၌ သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံပျက်စီး ဆုံးရှုံးခဲ့သည့် တောင်သူများအား ထောက်ပံ့ငွေပေးအပ်
Sep 30,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်၊တန့်ဆည်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံ ပျက်စီးဆုံးရှုံးခဲ့သည့်တောင်သူများအားနိုင်ငံတော်မှထောက်ပံ့ငွပေးအပ်ခြင်းကိုယနေ့နံနက် (၁၀)နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကော့မှူးတွင် Stay At Home ကာလအတွင်း အကြောင်းမဲ့သွားလာခြင်းများ မပြုလုပ်ရန် စစ်ဆေး ဆောင်ရွက်
Sep 30,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်တွင် Stay At Home ကာလအတွင်း နေအိမ်ပြင်ပသို့ ပြည်သူများ မလိုအပ်ဘဲ သွားလာခြင်းမရှိစေရေးအတွက် ယနေ့ နံနက်ပိုင်းက မြို့မဈေးရှေ့နှင့် မြို့သစ်ရပ်ကွက် ဗိုလ်ချုပ် ပန်းခြံရှေ့တို့တွင် စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29302
Page
29303
Page
29304
Page
29305
Current page
29306
Page
29307
Page
29308
Page
29309
Page
29310
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department