အမြို့မြို့အနယ်နယ်သတင်းများ

Sep 28,2020
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်​ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်လူနာများရှိလာပါက သီးသန့်ထားရှိရန်နေရာများလိုအပ်လာမည်ဖြစ်သည့်အတွက် ဝေါလေမြိုင်မြို့တိုက်နယ်ဆေးရုံရှိ လစ်လပ်နေသော ဝန်ထမ်းအိမ်ယာအခန်း ၅ ခန်းအား ယနေ့နံနက် ၇ နာရီက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 28,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့တွင် ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက် ဆိုင်များ၊ လက်ဘက်ရည်ဆိုင်များအား ပါဆယ်စနစ်(Take away)ဖြင့်သာ ရောင်းချရန် အသိပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ် ထိန်းချုပ် ရေးနှင့် အ‌ရေးပေါ်တုံ့ပြန်ရေးကော်မတီ ဝင်များမှ ကွင်းဆင်း ဆောင်ရွက် ခဲ့သည်။
Sep 28,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ်စည်ပင်သာယာရေးနယ်နမိတ်အတွင်းဖွင့်လှစ်ထားသော စားသောက်ဆိုင် လက်ဖက်ရည်ဆိုင် များ အား Take-away(ပါဆယ်)စနစ်ဖြင့်ရောင်းချရန် အသိပေးခြင်း၊ ထုတ်ပြန်ထားသောစည်းမျဉ်းစည်းကမ်းများနှင့်အညီ ရောင်းချရန် စည်းကမ်းချက်များ ရှင်းလင်း ပြခြင်းတို့ကို စည်ပင်သာယာရေးဝန်ထမ်းများက နေ့စဉ် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Sep 28,2020
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် မြင်းခြံ-ပခုက္ကူကားလမ်းမကြီးဘေး၊ အ‌နောက် ပုလင်းကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးတွင် ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာဆင်စခန်းပိတ်ထားစဉ်ကာလအတွင်း မြန်မာပြည်အရပ်ရပ်မှ ဆင်ချစ်သူများက ဆင်စာဘူဖေးကျွေးမှုများပြားလာကြောင်း ပလင်းကမ်းသာယာဆင်စခန်းတာဝန်ခံ ဦးမျိုးမင်းကို (လက် ထောက်မန်နေဂျာ)ထံက သိရသည်။
Sep 28,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ အသက် (၈၀) နှစ် ပြည့်ပြီး (၈၅) နှစ်မပြည့်သေးသည့် သက်ကြီးဘိုးဘွားများအား ငွေကြေးထောက်ပံ့ပေးခြင်းကို ယမန်နေ့မှစ၍ ရှမ်းရွာသစ်မြို့ပေါ် (၄) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၉) အုပ်စုတို့တွင် တာဝန်ရှိသူများတို့က လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရှိရသည်။
Sep 28,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့ ၊ဟိုပန်ကျေးရွာအုပ်စုအတွင်းရှိ အသက် (၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများ(၁၁)ဦးအား လူမှုရေးပင်စင်ခံစားခွင့် ထောက်ပံ့ ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက အိမ်တိုင် ရာရောက် လိုက်လံ ထောက်ပံ့ ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
Sep 28,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်၊ ကုန်းညောင်ကျေးရွာအုပ်စုနှင့် ကောင်းကျဲ ကျေးရွာ အုပ်စု တွင် သံလွင်မြစ်နှင့် နမ့်တိန်ချောင်း ရေမြင့်တက်လာမှုကြောင့် စိုက်ပျိုး သီးနှံများ ရေကြီးနစ်မြုပ် ပျက်စီးဆုံးရှုံးခဲ့သည့်အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ယာ စပါး မျိုးစေ့ ထောက်ပံ့ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ကောင်းကျဲကျေးရွာ၌ ကျင်းပ ခဲ့ကြောင်း သိရသည်။
Sep 28,2020
မြင်းခြံမြို့ အမှတ် (၂) ရပ်ကွက်အတွင်းရှိ အခြေခံလူတန်းစား လက်လုပ်လက်စား အိမ်ထောင်စုများအား ဦးတင့်လွင်၊ ဒေါ်ခင်မေအုန်း (အောင်ကမ္ဘာမိသားစု)က ဆန်များထောက်ပံ့လှူဒါန်းခြင်းကို ယမန်နေ့ ညနေ ၃ နာရီအချိန်က မြင်းခြံမြို့ ရွှေဘုံသာပရိယတ္တိစာသင်တိုက်အတွင်းတွင် စတင်ပေးဝေလှူဒါန်းခဲ့ကြောင်း သိရသည်။