အမြို့မြို့အနယ်နယ်သတင်းများ

Sep 28,2020
စိုက်ပျိုးရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ်ရုံးမှ စွမ်းအားမြှင့်မီးဖို ဖြန့်ဖြူးခြင်း စီမံကိန်း ဆိုင်ရာ သိ​ကောင်းစရာများနှင့်​ မီးဖိုသုံးစွဲသူများမှ လိုက်နာ​ဆောင်ရွက်ရမည့်လုပ်ငန်းများ ဆွေး​​နွေး ဆောင်ရွက် ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ညောင်ရွှေမြို့နယ် တုံးလည်ကျေးရွာအုပ်စု တောင်ခ မောက်ရွာ၊ ကျေးပေါခုံကျေးရွာအုပ်စု အင်ကြင်းကုန်းရွာနှင့် မြေဖြူရွာတို့တွင် ကျန်းမာ​ ရေးနှင့် အားကစားဝန်ကြီး ဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
Sep 28,2020
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၌ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်အတွင်း မြစိမ်းရောင်ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း အတိုးရငွေ ၅၀ ရာခိုင်နှုန်းမှ ခွင့်ပြုငွေနှင့် ပြည်သူလူထုပူးပေါင်း၍ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိသော ကျေးရွာသုံးရွာကို မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှူး ဦးဇော်ဝင်းနှင့်အဖွဲ့က ယမန်နေ့ နံနက်က ကွင်းဆင်းစစ်ဆေးသည်။
Sep 28,2020
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ တွင် (၅၆)နှစ် မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်အကြို စုပေါင်းသန့် ရှင်းရေးကို စက်တင်ဘာ ၂၆ ရက် နံနက် ၇ နာရီက ကျိုင်းတုံမြို့၊ အမှတ်(၄)ရပ်ကွက်၊ ဘိုးဘွားရိပ်သာတွင် ဆောင်ရွက်ခဲ့ကြသည်။
Sep 28,2020
လတ်တလော ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအ တွက် ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်များတွင် ဆိုင်ထိုင်စားသောက်ခြင်းမပြုဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များ နှင့်အညီ ဖွင့်လှစ်ရောင်းချရန် ညွှန်ကြားထားမှုအပေါ် လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ ကွင်းဆင်းစစ် ဆေးခြင်းကို ညောင်ရွှေမြို့၌ စက်တင်ဘာ ၂၆ ရက် နံနက်ပိုင်းက ​​​ ဆောင်ရွက်ခဲ့ကြ​ကြောင်းသိရှိရ သည်။
Sep 28,2020
ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ညောင်ရွှေမြို့နယ်အတွင်းသို့ အဓိကဝင် ရောက်နိုင်သည့် နေရာနှစ်ခုတွင် ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို
Sep 28,2020
(၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပင်းတယမြို့တွင်း ဘုန်းတော်ကြီး ကျောင်းဝင်းနှင့် အနီးပတ်ဝန်းကျင်၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို ရှမ်းပြည် တောင်ပိုင်း၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်ရှိ ရဲတပ်ဖွဲ့ဝင်များက စက်တင်ဘာ ၂၆ ရက်နံနက်ပိုင်း ကဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Sep 27,2020
ရှမ်းပြည်နယ်မြောက်ပိုင်း၊လားရှိုးခရိုင်၊သိန္နီမြို့နယ် နမ့်စလပ်ကျေးရွာအုပ်စု၌ ယမန်နေ့ နံနက်(၁) နာရီအချိန်ခန့်က နမ့်စလပ်ကျေးရွာ အုပ်စုအတွင်းရှိ အရှည်ပေ(၁၀၀)ပေ ၊ အကျယ်(၃၀)ပေခန့်ရှိ သံကူကွန်ကရစ်တံတားပေါ်သို့ရေကျော်ကာ ၎င်းတံတားအောက် ဘက်ရှိ နေအိမ်(၃၆)လုံး ခန့်ရေ၀င်ခြင်း၊ နေအိမ်အချို့မှာခြံစည်းရိုးအုတ်တံတိုင်းများပြိုကျခြင်း၊လယ်ယာမြေစပါးခင်း၊ပြောင်းခင်း များ ရေနစ်မြုပ်ခြင်း များဖြစ်ပေါ်ခဲ့သည်။