အမြို့မြို့အနယ်နယ်သတင်းများ

Sep 28,2020
မကွေတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်မှ တောင်သူများ မိုးသီးနှံအဖြစ် စိုက်ပျိုးထားသော မြေပဲသီးနှံများ နုတ်သိမ်းချိန်တန်ပြီဖြစ်၍ စက်တင်ဘာလမှ စတင်ကာ စတင်သိမ်းဆည်းနေပြီ ဖြစ်ကြောင်း မင်းဘူး(စကု)မြို့နယ် လက်ပံတောကျေးရွာ တောင်သူများထံမှ သိရသည်။
Sep 28,2020
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ကုန်တင်ယာဉ်ဖြတ်သန်းသွားလာမှုနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Sep 28,2020
ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း အခြေခံလူတန်းစားအိမ်ထောင်စုများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် ရပ်ကွက်အတွင်းရှိ အလှူရှင်များစုပေါင်းကာ လှူဒါန်းမှုပြုလုပ်ခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ တေဇရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံး၌ စက်တင်ဘာ ၂၆ ရက် နံနက်က ပြုလုပ်သည်။
Sep 28,2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှုအစီအစဉ်အရ Cash for work စီမံကိန်း ထောက်ပံ့ရန်ပုံငွေဖြင့် ကျေးရွာလူထုကိုယ်တိုင် လုပ်သားအဖြစ်ဆောင်ရွက်ကာ လုပ်အားငွေပေးချေသည့်စနစ်ဖြင့် လုပ်ကိုင်လျက်ရှိရာ ယခုအခါတွင် လုပ်ငန်းများရာနှုန်းပြည့်စီးပြီး ဖြစ်ကြောင်း သိရသည်။
Sep 28,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ် စည်ပင်သာယာရေးဌာနမှ Mask တပ်ဆင် သွားလာခြင်း မရှိသူများအား အသိပညာပေးခြင်းနှင့် Mask များ အခမဲ့ ဖြန့်ဝေ ပေးခြင်းကို ယမန်နေ့ နံနက် ၆ နာရီခွဲက မြို့မဈေးနှင့်ပန်းခြံလမ်းဆုံတို့တွင် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
Sep 28,2020
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် မေတ္တာပန်းခင်းပရဟိတလူငယ်အဖွဲ့တို့ပူးပေါင်း၍မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများသို့ ကိုဗစ် −၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့်ရောဂါကူးစက်ပြန့်ပွါးမှုမရှိစေရန် လမ်းထွက်သွားလာနေကြသူများအား နှာခေါင်းစည်း (Mask) တပ်ဆင်ရေးအသိပညာပေး လှုပ်ရှားမှုတစ်ရပ်ကို ယမန်နေ့ နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 28,2020
ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့နယ်၊  ဦးဝိစာရရပ်ကွက်ဒဂုံရိပ်သာဈေး၌ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ခြင်းအနေဖြင့် ဈေးအတွင်း ဈေးရောင်း၊ဈေးဝယ်ပြည်သူများကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏
Sep 28,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေး ပေါ် တုန့်ပြန်ရေးကော်မတီနှင့် စည်ပင်သာယာရေးကော်မတီမှတာဝန်ရှိသူ တို့သည် ယမန် နေ့ နံနက်ပိုင်းက ကျောက်မဲမြို့ပေါ်ရှိ စားသောက်ဆိုင်များအနေဖြင့် ပါဆယ် စနစ်ဖြင့်သာ ရောင်းချရမည်ဆိုသည့် သတ်မှတ် စည်မျဉ်းစည်းကမ်းများအတိုင်း ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်း စစ်ဆေးခဲ့ရာ လိုက်နာမှု မရှိသည့် ဆိုင် ၂ ဆိုင်အား ၇ ရက် ယာယီ ပိတ်သိမ်း စေခြင်းဖြင့် အရေးယူခဲ့ကြောင်းသိရသည်။