အမြို့မြို့အနယ်နယ်သတင်းများ

Sep 27,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းနှင့် ပတ်သက်၍ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် (၁၀)နာရီခန့်က အမာမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဌာန ဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိ/ရပ်ဖများ တွေ့ဆုံဆွေးနွေးညှိနှိုင်းခဲ့သည်။
Sep 27,2020
ဖောင်းပြင်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နိုင်ငံတော်မှ ချမှတ်ပေးသော ကိုဗစ်- ၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် ငွေကျပ် သိန်း ၁၀၀ ထောက်ပံ့ပေးခြင်းနှင့်အတူ ကျေးရွာမှ ဖွံ့ဖြိုး ရေးလုပ်ငန်းများကို ကျေးရွာမှပြည်သူများကိုယ်တိုင် ဆောင်ရွက်စေ၍ လုပ်အားငွေများကို ပေးချေသည့် Cash For Work စီမံကိန်းလုပ်ငန်းများကို ကျေးရွာ ၆ ရွာ၌ ဇူလိုင်လ ၂၅ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်း ပြည့်ပြီးစီးနေပြီဖြစ်ပြီး စီမံကိန်းကို ဆောင်ရွက်ရာ၌ နေစားလုပ်ကိုင်သူများအား လုပ်အားငွေများကို ပေးချေပေးပြီးဖြစ်ကြောင်း အဆိုပါဌာနမှ သိရသည်။
Sep 27,2020
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေ ရန် Cash For Work စီးမံကိန်းဖြင့် ကျေးရွာ(၂၀) တွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သော မြေသား ရေကန်တူးဖော်ခြင်း၊ ကျေးရွာတွင်းလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများနှင့် လမ်းဘေးဝယ်ယာ ရေနုတ်မြောင်းများ တူးဖော်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Sep 27,2020
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ Stay at Home ကာလအတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို လိုက်နာနေထိုင်ကြသည့် ပြည်သူများ ရှိသလို၊ မဖြစ်မနေ သွားလာနေကြရသည့် ပြည်သူများ လည်းရှိရာ ယမန်နေ့ နံနက် ၁၁ နာရီအချိန်က နေ့စဉ်လူစည်ကားရာနေရာဖြစ်သော သင်္ဘောဆိပ်ကမ်း၊ စက်တပ် သမ္ဗန်ကူးတို့ဆိပ်၊ ဒလမြို့နယ် အဝေးပြေးကားဝင်းနှင့် ကားလေးဂိတ်တို့တွင် လူသွားလူလာ နည်းပါးလျက်ရှိကြောင်း မြင်တွေ့ရသည်။
Sep 27,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ရှိ စားသောက်ဆိုင် များနှင့် လက်ဘက်ရည်ဆိုင်များအား Take-away စနစ်ဖြင့် ရောင်းချရေး ကွင်းဆင်း စစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီခန့်က တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေး ခဲ့ကြောင်း သိရသည်။
Sep 27,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အရှိန်အဟုန် မြှင့်တင်ဆောင်ရွက် လျက်ရှိရာ စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာဒါန Volunteer အဖွဲ့များ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက ရပ်ကွက်ပြည်သူများသို့ ကျန်းမာရေးအသိပညာ များ နှိုးဆော်ပေးခဲ့ကြကြောင်း သိရသည်။
Sep 27,2020
နေပြည်တော် အလုပ်သမားညွှန်ကြားရေးဉီးစီးဌာနမှ Social Care Volunteer Group (SCVG)၏ အကူအညီ ဖြင့် ရွှေ့ပြောင်းသွားလာသူများမှ ရွှေ့ပြောင်းသွားလာခြင်းမပြုမီ ဆောင်ရွက်သင့်သည့် အကြောင်းအရာများ ကို သိရှိစေရန်၊ လူကုန်ကူးခံရခြင်းမှ ကင်းဝေးစေရန်နှင့် လူကုန်ကူးခံရပြီးနောက် လွတ်မြောက်လာသူများကို လိုအပ်သော ချိတ်ဆက်ဆောင်ရွက်မှုများပေးနိုင်ရန် ရည်ရွယ်၍ စက် ၂၅ ရက်နေ့ ၁၅:၀၀ နာရီအချိန်က နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ မြို့မစျေး ကားကွင်းအရှေ့ဘက်၌ " တရားဝင်လုံခြုံစိတ်ချစွာ ရွှေ့ပြောင်းသွားလာနိုင်ဖို့ သက်ဆိုင်ရာဌာနများ နှင့် ချိတ်ဆက်ကြပါစို့ " အသိပညာပေး (Billboard) စိုက်ထူခဲ့ကြသည်။
Sep 27,2020
ကိုဗစ်-၁၉ ရောဂါ အကျိုးဆက်သက်ရောက်ခြင်းခံရသည့် ကျေးလက်နေပြည်သူများ၏ စီးပွားရေး အခက်အခဲများကို ဖြေရှင်းရန်အတွက် နိုင်ငံတော်က ဆောင်ရွက်လျက်ရှိသော ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် Cash For Work စီမံကိန်းဖြင့် ကျေးရွာ(၁၂)ရွာ၊ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းဖြင့် ကျေးရွာလေးရွာ ရွေးချယ် ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ ၂၅ ရက်နေ့ မွန်းလွဲပိုင်းက တာဝန်ရှိသူတို့က လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေ အနေများအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး ယခုအခါ လုပ်ငန်းဆောင်ရွက်မှုများ ရာနှုန်းပြည့်ပြီးစီးသွားပြီ ဖြစ်ကြောင်း သိရသည်။