အမြို့မြို့အနယ်နယ်သတင်းများ

Sep 25,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့ တရော်ကုန်းရပ်ကွက် ကမ်းနားလမ်း ဧရာဝတီမြစ် ခြောက်ရောင်ခြည်ဘုရားရေဆိပ်တွင် ယမန်နေ့မွန်းလွဲပိုင်း(၂)နာရီခန့်က ကလေးငယ်(၂)ဦးရေချိုးဆင်းရာမှ ရေစီးနှင့်အတူ ရေနစ်မျောပါခဲ့ကြောင်းသိရသည်။
Sep 25,2020
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် အလုပ်အကိုင် နည်းပါးပြီး ပုံမှန်ဝင်‌ငွေမရှိသည့် အခြေခံ အိမ်ထောင်စု များအတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့် တစ်အိမ်ထောင် လျှင် ငွေကျပ် (၂၀၀၀၀)စီ ထောက်ပံပေးအပ်သည့် အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Sep 25,2020
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ကိုဗစ်-၁၉စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် ဆောင်ရွက်သော မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းများအတွက် ဒုတိယအကြိမ်ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် တောင်သူများအား ပေးအပ်ခဲ့ ကြောင်းသိရသည်။
Sep 25,2020
မွန်ပြည်နယ်မုဒုံမြို့နယ်ရှိအဇင်းဆည်းအတွင်းသို့ မော်လမြိုင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမြစ်ချင်း ငါးသားဖောက်ကောင်ရေ (ငါးသောင်း) ကို ယနေ့နံနက် ၈ နာရီခန့်က ငါးမျိုးစိုက်ထည့်ပေးခဲ့သည်။
Sep 25,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွား ရေးကုစားမှု(CERP) အစီအစဉ်အရ စေတုတ္တရာမြို့နယ်အတွင်း၌ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စု များရှိ တောင်သူ(၈၀)ဦး၏ လယ်မြေများတွင် မျိုးစေ့ထုတ်စိုက်ခင်း(၁၀၀)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။
Sep 25,2020
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက မြို့နယ်အတွင်းရှိ ဒေသခံတောင် သူများ မိုးသီးနှံ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်းကို ၂၀၂၀ ပြည့်နှစ် မေလ ၁၅ ရက်နေ့ကစ၍ ထုတ်ချေးပေးခဲ့ရာ သြဂုတ်လ ၂၁ ရက်က လည်းကောင်း၊ ကိုဗစ် - ၁၉ ပံ့ပိုးချေးငွေများကို ဇူလိုင် ၇ ရက်နေ့က စတင် ထုတ်ချေးပေးခဲ့ရာ သြဂုတ်လ ၂၆ ရက်ကလည်းကောင်း တောင်သူများ လက်ဝယ်အရောက် ထုတ်ချေးပြီးကြောင်း ပေါက်မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တာဝန်ခံဘဏ်မန်နေဂျာ ဒေါ်ဥမ္မာမြင့်ထံက သိရသည်။
Sep 25,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်အတွင်းရှိ ဆည်များ အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းကို ယနေ့ နံနက် ၉ နာရီက ယင်းမာပင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ဆားလင်းကြီး မြို့နယ်မှ ငွေသာဆည်နှင့် ဆားလင်းကြီးဆည်တို့၌ ငါးမျိုးများစိုက်ထည့်ခဲ့ ကြောင်း သိရသည်။