အမြို့မြို့အနယ်နယ်သတင်းများ

Sep 25,2020
ပန်းဘဲတန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုဖြစ်ပွားခဲ့သော အမှတ်(၇)ရပ်ကွက်ရှိ Lock down ချထားခြင်းခံရသော အိမ်ထောင်ဝင်ပြည်သူများအား စားသောက်ရေး အခက်အခဲမဖြစ်‌စေရန်အတွက် ဒုတိယအကြိမ် စားသောက်ကုန်များ ဖြန့်ဝေခြင်းကို အမှတ်(၇)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရဲနိုင်မောင်မောင်နှင့် အဖွဲ့ဝင်များက ယမန်နေ့က ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
Sep 25,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မဲရုံပေါင်း (၂၂၀)ရုံဖြင့် ကျင်းပဆောင်ရွက်သွာမည်ဖြစ်ကြောင်းနှင့် နိုင်ငံရေးပါတီများအနေဖြင့်(၇ )ပါတီမှတ်ပုံတင် ထားပြီး ကိုယ်စားလှယ်လောင်း(၂၁ )ဦးဝင်ရောက်အရွေးခံမည်ဖြစ်ကြောင်း မြို့နယ်ရွေးပွဲကော်မရှင်အဖွဲ့ခွဲ ရုံးမှ သိရသည်။
Sep 25,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူများနှင့် ဆက်စပ်သူများထားရှိသည့် Quarantine Centre များနှင့် ဆေးရုံများသို့ နေ့လယ်စာထမင်းဘူးများကို အလှူရှင်များမှ ယမန်နေ့ နံနက် ၁၀ နာရီက သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
Sep 25,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ဒေသထွက်ကုန်ဖြစ်သော ရှောက်ချိုသီးလှိုင်လှိုင်ပေါ်ချိန် စျေးကွက်တွင် စျေးကောင်းပေးဝယ်ယူသဖြင့် ရှောက်ချိုစိုက် တောင်သူများအဆင်ပြေကြပြီး တောင်ကြီးစျေးကွက်သို့ ကားကြီးကားငယ်များဖြင့်တင်ပြီး ရွှေ့လျား ရောင်းချခြင်းဖြင့်လည်း ပုံမှန်ဝင်ငွေများရရှိကာ တစ်ဆင့်ပြန်လည်ရောင်းချသူများအနေဖြင့်လည်း အဆင်ပြေလျက်ရှိကြောင်း သိရသည်။
Sep 25,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက်
Sep 25,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက်မှုများ မြင့်တက်လာ သည်နှင့်အမျှ ကာကွယ် ထိန်းချုပ်ရေးအတွက် အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးတိုးဝင်းနိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့မဈေးကြီးတွင် ကိုဗစ်-၁၉ အသိပညာပေးလုပ်ငန်းများ ကို ဆောင်ရွက်ခဲ့သည်။
Sep 25,2020
ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးနှင့် တိုက်ဖျက်ရေးလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်သွားနိုင်ရေးအတွက် ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ ရခိုင်ရိုးကြီး ကျေးရွာအုပ် စုတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးတုံပြန့်ရေးအဖွဲ့ ကွပ်ကဲရေးစခန်း အမှတ်(၂)ကို ဖွင့်လှစ် ဆောင်ရွက်ပြီးဖြစ်ကြောင်း ပုညပါရမီလူမှုကူညီကယ်ဆယ်ရေးအသင်း၏ နာယက ထန်းတပင်ဗုဒ္ဓ ကောလိပ်ကျောင်းအုပ် ပုညသုခဓမ္မရိပ်သာကျောင်း ဆရာတော် ဒေါက်တာအရှင်ပုညာနန္ဒထံမှ သိရသည်။
Sep 25,2020
မော်လမြိုင်ခရိုင် ၊ ကျိုက်မရောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ ခန်းမ၌ စားသုံးသူ အခွင့်အရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ယနေ့ နံနက် ၉နာရီခန့်က ကျင်းပပြုလုပ်ခဲ့သည်။