အမြို့မြို့အနယ်နယ်သတင်းများ

Sep 25,2020
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ သံသယရှိသူ (အနံ့ပျောက်သူ)များ သီခြားထားရှိနိုင်ရန်အတွက် အ.ထ.က(၁) ကျောင်းရှိ အားကစား ခန်းမဆောင်တွင် Quarantine Centre ထပ်မံ ဖွင့်လှစ်ရန် အဆင်ပြေခြင်းရှိ/မရှိကို ယမန်နေ့ နံနက် ၉ နာရီခွဲက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
Sep 25,2020
ကိုဗစ်−၁၉ ကပ်ရောဂါကြောင့် စားသုံးသူပြည်သူများအပေါ် စားနပ်ရိက္ခာလုံခြုံစိတ်ချမှုရှိစေရေး အတွက် မျိုးစေ့ထုတ် တောင်သူအစုအဖွဲ့များ တိုးချဲ့ဖွဲ့စည်းပြီး မျိုးသန့်မျိုးစေ့ထုတ် စိုက်ဧကများ ပိုမို စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် စိုက်ပျိုးထုတ်လုပ်သူ တောင်သူများသာမက မျိုးစေ့ထုတ်လုပ်ငန်း တွင် ပါဝင် ပတ်သက်သူများ အကျိုးရှိစေရန်နှင့် စိုက်ပျိုးရေးသွင်းအားစုများကို လုပ်ကွက်ငယ်တောင်သူ လယ်သမားများ အလွယ်တကူရရှိနိုင်ရန် ရည်ရွယ်၍ ကိုဗစ်−၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်အတွင်းရှိ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုမြို့နယ်(၃)ခုတွင် မိုးစပါး မျိုးစေ့ထုတ် (၁၅၀၀) ဧက ဆောင်ရွက်ထားရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Sep 25,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်ရှိ မြို့မစျေး ကြီးသည် စျေးရောင်း၊ စျေးဝယ်များဖြင့် လူစည်ကားရာ နေရာ ဖြစ်သောကြောင့် စျေးများအတွင်း မလိုအပ်ပဲ လူစုလူဝေး မဖြစ်ပေါ်စေရေး ကိုဗစ်-၁၉ ရောဂါကူးစက် မှုမဖြစ်ပေါ်စေရန်နှင့်
Sep 25,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု မရှိစေရန် ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်စေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ် Super Sunday လူမှုကူညီရေးအသင်းသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက်လိုအပ်သည်များတွင် အသုံးပြုနိုင်စေရန် ကုမ္ပဏီများမှ ငွေကျပ်(၁၅)သိန်း လာရောက်လှူဒါန်းခြင်းကို ယမန်နေ့ နံနက်(၁၀) နာရီအချိန်က အင်းစိန်(GTI)ကန့်သတ်စောင့်ကြည့်ရေးစင်တာတွင် လာရောက် လှူဒါန်း ခဲ့သည်။
Sep 25,2020
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စက်တင်ဘာလ(၂၄) ရက် စစ်ဆေးချက်ဖြင့် ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိသူ (၁)ဦး ထပ်မံတွေ့ရှိခဲ့ပြီး ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း (၁၀)ဦးရှိခဲ့၍ (၂)ဦးဆေးရုံဆင်းခွင့်ရရှိခဲ့ကာ ၄င်းတို့(၂)ဦးကို Home Quarantine (၇)ရက် ဆက်လက်နေထိုင်လျက် ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ် ရေးနှင့်အရေးပေါ်တန့်ပြန်ရေးကော်မတီမှ သိရသည်။
Sep 25,2020
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စု(၂၀၀)စုအတွက် မေတ္တာရှေ့ဆောင် လူမှုရေးအဖွဲ့မှ အခြေခံစားသောက်ကုန် လှုဒါန်းခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ကြံခင်းမြို့ပေါ် ရပ်ကွက်များရှိ အခြေခံ လူတန်းစား အိမ်ထောင်စုများထံသို့ သွားရောက်၍ အလှုဒါနအဖြစ် လှုဒါန်းပေးခဲ့ကြကြောင်း သိရသည်။
Sep 25,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်း ကိုဗစ်−၁၉ ကာလ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော Stay at Home ညွှန်ကြားချက်များနှင့်အညီ သန်လျင်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး ဆယ်အိမ်စု မှူးများ၊ လူမှုအသင်းအဖွဲ့များ ပူးပေါင်း၍ ရောဂါပျံ့ပွားမှုမရှိစေရေး အဝင်အထွက် ဂိတ်များ ထားရှိ၍ အပူချိန်တိုင်းခြင်း၊ လက်သန့်ဆေးရည်များဖြန်းပေးခြင်း၊ မလိုအပ်ဘဲ ပြင်ပသို့ ထွက်ခွာခြင်း မရှိစေရေး ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိသည်။ 
Sep 25,2020
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံနှံမှုမရှိစေရေး၊ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများအတွင်း နေထိုင်ကြသော အများပြည်သူများအား Stay at Home နေထိုင်ကြရန် ယနေ့နံနက်ပိုင်းကမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် လူမှု​ရေးအသင်းအဖွဲ့တို့ ပူးပေါင်း၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများ အလိုက် အသံချဲ့စက်၊ စိတ္တသုခကုသိုလ်ပြု လူမှုကယ်ဆယ်ရေးယာဉ်များဖြင့် လှည့်လည်နှိုးဆော်သည်။