Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ညောင်တုန်းမြို့၌ မြို့ဝင်/မြို့ထွက် ပူးပေါင်းစစ်ဆေးရေး ဂိတ်(၂)ခုတို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်…
Sep 25,2020
ဧရာဝတီတိုင်းဒေကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ် နိုင်ရန်အတွက် ညောင်တုန်း-ရန်ကုန် ကားလမ်းအပေါ် လမ်းအထူး(၂၁)ထိပ်နှင့် ကျုံတမာကျေးရွာအုပ်စု၊ တာကွေ့ကျေးရွာတို့တွင် မြို့ဝင်/မြို့ထွက် ပူးပေါင်းစစ်ဆေးရေး ဂိတ်တို့ကို စက်တင်ဘာလ ၇ ရက်နေ့မှ စတင်ဖွင့်လှစ်၍ ခရီးသွားပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် လူဝင်/ထွက် စစ်ဆေးခြင်းကို နေ့စဉ် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာအသိပညာပေး ရပ်ကွက်/ ကျေးရွာအုပ်စုအဆင့် ဆင့်ပွားသင်တန်း ဖွင့်လှစ်
Sep 25,2020
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲ ဆိုင်ရာ အသိပညာပေး ရပ်ကွက်/ကျေးရွာအုပ်စုအဆင့် ဆင့်ပွားသင်တန်းအား ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပန်းတိမ်တောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့နံနက်(၁၀)နာရီ အချိန်ခန့်က ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ၂၀၁၉ ခုနှစ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးသွားသော အစေ့ထုတ်ပြောင်းသီးနှံဧကများအတွက် ထောက်ပံ့ငွေပေးအပ်…
Sep 25,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ၂၀၁၉ ခုနှစ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးသွားသော အစေ့ထုတ်ပြောင်းသီးနှံဧကများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန် က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နောင်တရားမြို့၌ အခြေခံစားသောက်ကုန်များ တန်ဖိုးမြှင့်ရောင်းချနိုင်ရေး Greenhouse တည်ဆောက်၍ စိုက်ပျိုးအောင်မြင်
Sep 25,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့၌ အခြေခံစားသောက်ကုန်များဖြစ်သည့် ဟင်းသီးဟင်းရွက်များ တန်ဖိုးမြှင့်ရောင်းချနိုင်ရေးအတွက် Greenhouse တည်ဆောက်ပြီး စိုက်ပျိုးသည့်စနစ်ဖြင့် စမ်းသပ်စိုက်ပျိုး အောင်မြင်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လက်ပံတန်းမြို့နယ်တွင် မီးဘေးသင့်နေအိမ်တစ်လုံးအတွက် ထောက်ပံ့ငွေပေးအပ်
Sep 25,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် မင်းရပ်ရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းကြိုင်၏ နေအိမ်တွင် ယမန်နေ့ နံနက်ပိုင်းက လျှပ်စစ်ဝါယာရှော့ဖြစ်၍ နေအိမ်မီးလောင် ပျက်စီးဆုံးရှုံးမှုအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မီးဘေးသင့်နေအိမ်အတွက် ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်း များကို ယမန်နေ့ညနေက ထောက်ပံ့ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လိပ်သိုမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်စေရေး အတွက် အသိပညာပေး ပိုစတာများကပ်ထား ကြေညာခြင်း၊ အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်
Sep 25,2020
ရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် နေထိုင်နေသော ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှု မဖြစ်ပွားစေရေး အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းကို လိပ်သိုမြို့ အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်နှင့် ၀န်ထမ်းများက ကိုဗစ်-၁၉ ကာကွယ်ရေး အသိပညာပေး ပိုစတာဗီနိုင်းများကို လိပ်သိုမြို့ပေါ် (၆) ရပ်ကွက်တွင် ယမန်နေ့ နံနက်ပိုင်း က လိုက်လံကပ်ထား ကြေညာလျက်ရှိပြီး အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဂန့်ဂေါမြို့ မြန်မာ့စာတိုက်လုပ်ငန်းမှ ချောစာသယ်ယူပို့ဆောင်ရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်နေ
Sep 25,2020
ကိုဗစ်- ၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ်တွင် လိုင်းကားများထွက်ရှိမှု မရှိသော်လည်း စာတိုက်ဖြင့်ဆက်သွယ်ဆောင်ရွက်ရသည့် ပြည်သူများ အဆင်ပြေနိုင်ရန် မြန်မာ့စာတိုက်လုပ်ငန်း ဂန့်ဂေါစာတိုက်သည် စက်တင်ဘာလလယ်ပိုင်းမှစတင်ကာ ချောစာသယ်ယူမှုအပါအဝင် စာတိုက်လုပ်ငန်းများကို ပုံမှန်အတိုင်းဖြစ်နိုင်ရေး ကြိုးပမ်းလုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ရွှေမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် သားသတ်နှင့်အသားထုတ်လုပ်ရောင်းချခွင့် လက်မှတ်များထုတ်ပေး
Sep 25,2020
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် စည်ပင်သာယာရေးကော်မတီ၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် သားသတ်နှင့် အသားထုတ်လုပ်ရောင်းချခွင့် လက်မှတ်များထုတ်ပေးခြင်းကို ယမန်နေ့နံနက်(၁၀) နာရီက မြို့နယ်စည်ပင်သာယာရေးဌာနရုံး ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29437
Page
29438
Page
29439
Page
29440
Current page
29441
Page
29442
Page
29443
Page
29444
Page
29445
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department