အမြို့မြို့အနယ်နယ်သတင်းများ

Sep 25,2020
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ရာနှုန်း ပြည့်ဆောက်လုပ ပြီးစီးကြောင်း ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်မောင်ထံမှ သိရ သည်။
Sep 25,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကူးစက်မှုဖြစ်ပွားခဲ့သော အမှတ်(၂)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်၊ ရေဥက္ကံကျေးရွာအတွင်း ပဒံကျေးရွာနှင့် အပြင်ပဒံကျေးရွာအုပ်စုများရှိ Lock down ချထားသော အိမ်ထောင်စုများ စားဝတ်နေ​ရေး အဆင်ပြေစေရန် အတွက် အလှူရှင်များမှ လှူဒါန်းထားသော စားသောက်ကုန်များကို ယမန်နေ့ မွန်းလွဲပိုင်းက လှိုင်သာယာ မြို့နယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်၊ မြို့နယ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီဝင်များနှင့် လွှတ်တော်ကိုယ်စားများလှယ်ရုံး အဖွဲ့တို့ ပူးပေါင်း၍ လှူဒါန်းပေး ခဲ့ကြသည်။
Sep 25,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ပေါ်ရှိ Community Based Facility Quarantine Centre များသို့ ယမန်နေ့က ကလေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးလွင်နှင့်
Sep 25,2020
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင် ဖ့င့်လှစ်မည့် ဖျားနာကုအခမဲ့​ဆေးခန်း( Fever Clinic) ဖွင်လှစ်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများကို ​ ပြင်ဆင်​ဆောင်ရွက်လျက်ရှိရာ လိုအပ်သည်များ အသုံးပြုရန်အတွက် အလှူ​ငွေများကို ယ​နေ့ နံနက်(၁၁:၀၀)နာရီအချိန်က လှူဒါန်း​​ပေးအပ်ခဲ့​​ကြောင်း သိရသည်။
Sep 25,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ သာယာ၀တီခရိုင်အတွင်း ၂၀၁၉ ခုနှစ် မိုးရာသီတွင် ဧရာ၀တီမြစ်ရေကြီးမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သော မိုးသီးနှံများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ခရိုင်စိုက်ပျိုးရေးဦးစီးမှူးရုံး၌ စက်တင်ဘာ ၂၅ ရက် နံနက် ၁၀နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Sep 25,2020
ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း တွေ့ကြုံနေရသော စီးပွားရေးအခက်အခဲများကို ဖြေရှင်းရန်အတွက် နိုင်ငံတော်က ဆောင်ရွက် လျက်ရှိသော စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်တွင် Cash For Work စီမံကိန်းကို ကျေးရွာ ၆ ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်းသိရသည်။
Sep 25,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စုများအား တတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Sep 25,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါပိုး ရှိသူများနှင့် ဆက်စပ်သူများ၊ သံသယရှိသူများ ၊ အနံမရသူများထားရှိနိုင်ရန်အတွက် Quarantine Centre ထပ်မံဖွင့်လှစ်ရန် အတွက် ခရမ်းမြို့မအားကစားကွင်းအတွင်းရှိ ဘောလုံးပွဲကြည့်စင်အောက်ရှိ ဟောခန်းများအား အဆင်ပြေခြင်း ရှိ/မရှိကို ယမန်နေ့ မွန်းလွဲပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။