Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
(၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေး လှူဒါန်းခြင်းနှင့် သန့်ရှင်းရေးများဆောင်ရွက်
Sep 25,2020
အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၆)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ပဲခူတိုင်းဒေသကြီး၊ မင်းလှမြို့နယ်ရဲတပ်ဖွဲ့မှ ယမန်နေ့က ပြည်သူ့ အကျိုးပြု လုပ်ငန်းများဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြန်မာ-လာအို နယ်စပ်ဝင်ပေါက်မှ နေရပ်ပြန်ရွှေ့ပြောင်းအလုပ်သမား (၅၄) ဉီး ပြန်လည်ဝင်ရောက်
Sep 25,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် မြန်မာ-လာအို နယ်စပ်ဝင်ပေါက်မှ နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသား၂၇ ဦး၊ အမျိုးသမီး ၂၇ ဦး စုစုပေါင်း ၅၄ ဦး ယမန်နေ့က လာအိုနိုင်ငံ မဲခေါင်မြစ် မိုင်းမောဆိပ်ကမ်းမှ ဝမ်ပုံဆိပ်ကမ်းသို့ ပြန်လည်ဝင်ရောက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ အလှူငွေများ ထောက်ပံ့ ပေးအပ်
Sep 25,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ကိုဗစ်-၁၉ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ လွှတ်တော် ကိုယ်စားလှယ်လောင်းများနှင့် စေတနာရှင် အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့နံနက်ပိုင်းက ဖျာပုံခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
တောင်သာမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှုမရှိစေရေးနှင့် ကြိုတင် ကာကွယ်နိုင်ရေးအတွက် မြို့အဝင် စစ်ဆေးရေးဂိတ်များတွင် တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေး
Sep 25,2020
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်တွင် တိုင်းဒေသကြီး (၁) လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်းနှင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်နှင့် ကော်မတီဝင်များသည် ယမန်နေ့ နံနက်(၉)နာရီခွဲအချိန်က တောင်သာ-မလှိုင် မော်တော်ကားလမ်းဘေး တွင် ရှိသော ရုံးစည်ကြီးကျေးရွာတွင် မြို့အဝင် စစ်ဆေးရေးဂိတ် ဖွင့်လှစ်ထားရှိမှုအား ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဇလွန်မြို့နယ် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ ဈေး၊ လမ်းဘေးဈေးဆိုင်နှင့် အိမ်ဆိုင်များအား သတ်မှတ်အချိန် အတွင်း ရောင်းချခြင်း ရှိ/မရှိ စစ်ဆေး
Sep 25,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်နှံ့မှုအား ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ဇလွန်မြို့နယ် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ ဈေး၊ လမ်းဘေး ဈေးဆိုင်နှင့် အိမ်ဆိုင်များအား သတ်မှတ်အချိန်အတွင်း ရောင်းချခြင်း ရှိ/မရှိကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က ပူးပေါင်းအဖွဲ့ဖြင့် လိုက်လံစစ်ဆေး ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပုဂံမြို့တွင် အများပြည်သူသုံးအတွက် လျှပ်စစ်ထရန်စဖော်မာများ တိုးချဲ့တပ်ဆင်
Sep 25,2020
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့အတွင်းရှိ အများပြည်သူသုံးအတွက် လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိသော လျှပ်စစ်ထရန်စဖော်မာ တိုးချဲ့တပ်ဆင်ခြင်း လုပ်ငန်းများကို လျှပ်စစ်ဝန်ထမ်းများက အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်လည်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ပုဂံမြို့ လျှပ်စစ်မန်နေဂျာ ဦးမျိုးမင်းထွန်းထံ မှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ်တွင် စက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမားများ ကိုဗစ်−၁၉ ကာလအတွင်း ရောဂါကူးစက်ပျံ့နှံမှုမရှိစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများအာ…
Sep 25,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများရှိ အလုပ်သမားများ ကိုဗစ်−၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် ရည်ရွယ်၍ စက်ရုံ၊ အလုပ်ရုံများတွင် ကြိုတင်ကာကွယ် ဆောင်ရွက်ထားရှိမှုများကို ယမန်နေ့နံနက်ပိုင်း က ပူးပေါင်းစစ်ဆေးရေး အဖွဲ့များမှ စက်ရုံ၊ အလုပ်ရုံများသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
တန့်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၁) ဦး ဆေးရုံမှ ဆင်းခွင့်ရ
Sep 25,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ် တုတ္တလုပ်ကျေး ရွာအုပ်စု၊ တုတ္တလုပ် ကျေးရွာမှကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဆေးစစ်ချက်များအရ ရောဂါပိုး မတွေ့ရှိတော့ခြင်း၊ သတ်မှတ်ချက် များနှင့်ပြည့်မီ၍ ကျန်းမာရေး ကောင်းမွန်လျက်ရှိခြင်းတို့ကြောင့် ယနေ့ နံနက် ၆ နာရီခွဲ အချိန်တွင်မြို့နယ်ပြည်သူ့ဆေးရုံမှ ဆင်းခွင့် ရရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29441
Page
29442
Page
29443
Page
29444
Current page
29445
Page
29446
Page
29447
Page
29448
Page
29449
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department