Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မော်လမြိုင်ကျွန်း၌ ကိုဗစ် - ၁၉ ရောဂါ မဖြစ်ပွားစေရေးအတွက် ကျေးရွာများအရောက် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်
Sep 25,2020
မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ကျေးလက်ကျန်းမာရေး ဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက စတင်ကာ မမွှေးကျွန်းကျေးရွာ အုပ်စုအတွင်းရှိ မမွှေးကျွန်းကျေးရွာ၊ သရက်ချောင်းကျေးရွာ၊ ကျုံလမု သစ်ကျေးရွာနှင့် ကျုံလမုကျေးရွာတို့အတွင်း ကိုဗစ် - ၁၉ ရောဂါကူးစက်မှုမဖြစ်ပွားစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေညာချက်များအား ပြည်သူများသိရှိလိုက်နာရန် လှည့်လည်ကြေငြာခြင်းလုပ်ငန်းများ ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
ခိုလမ်မြို့တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် စိုက်ပျိုးထားသော စပါးမျိုးစေ့ထုတ် စိုက်ခင်း ( Rs to Cs )(၁၅) ဧကအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်
Sep 25,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် စိုက်ပျိုးထားသော မျိုးစေ့ထုတ်စိုက်ခင်း ( Rs to Cs ) (၁၅) ဧက အား လွိုင်လင်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနနှင့် ခိုလမ်စိုက်ပျိုးရေးဦးစီးဌာန တို့မှ ယမန်နေ့ နံနက်ပိုင်း က ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကရသူရိမြို့တွင် ရေဘေး/လေဘေးကြောင့် ပျက်စီးခဲ့ရသည့် နေအိမ်(၈)လုံးအတွက် ငွေသားနှင့် ကယ်ဆယ်ရေးပစ္စည်းများပေးအပ်
Sep 25,2020
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးခန်းမ၌ ရေဘေး/လေဘေးကြောင့် ပျက်စီးခဲ့ရသည့် နေအိမ်(၈)လုံးအတွက် ငွေသားနှင့် ကယ်ဆယ်ရေးပစ္စည်းများကို ယမန်နေ့ မွန်းလွဲပိုင်းက ပေးအပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
သရက်မြို့ယာယီပျံကျဈေးအတွင်းရှိ ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား ကျန်းမားရေး လမ်းညွှန်ချက်များလိုက်နာဆောင်ရွက်စေရေး ကွင်းဆင်း စစ်ဆေး
Sep 25,2020
မကွေးတိုင်းဒေသကြီး၊ သရက်မြို့ ဗိုလ်ချုပ်အားကစားကွင်းတွင် ဖွင့်လှစ်ထားသည့် ယာယီ ပျံကျဈေးအတွင်း ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်စေရေးအတွက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးဆောင် သောအဖွဲ့က ယမန်နေ့ နံနက်(၉)နာရီခွဲက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လိပ်သိုမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ရပ်ကွက်/ကျေးရွာများအတွက် Hand Speaker နှင့် အပူချိန်တိုင်းကိရိယာများပေးအပ်
Sep 25,2020
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ကရင်ပြည်နယ် အစိုးရအဖွဲ့၏ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ဆောင်ရွက်နေသည့် လုပ်ငန်းများတွင် အထောက် အကူပြု စေရန် ရပ်ကွက်/ကျေးရွာ များအတွက် Hand Speaker နှင့် အပူချိန်တိုင်း ကိရိယာများ ထောက်ပံ့ပေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်း အဝေးခန်းမ၌ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ လက်၀ယ်အရောက် ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မင်းဘူးမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် ၂၀၂၀ မိုးချေးငွေနှင့် ကိုဗစ်-၁၉အထူးချေးငွေများ ထုတ်ချေးပြီးစီး
Sep 25,2020
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် ၂၀၂၀ပြည့်နှစ် မိုးရာသီ သီးနှံထုတ်လုပ်မှု ချေးငွေများကို မေလ ၁၅ ရက်နေ့နှင့် ကိုဗစ်-၁၉ အထူးချေးငွေများကို ဇွန်လ၂၃ ရက်နေ့များတွင် စတင်ထုတ် ချေးပေးခဲ့ရာ စက်တင်ဘာ ၂၃ ရက်နေ့တွင်အပြီးသတ် ထုတ်ချေး ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြဝတီမြို့တွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေ
Sep 25,2020
ကရင်ပြည်နယ်၊မြဝတီမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြဝတီခရိုင်အမျိုး သမီး ရေးရာ အဖွဲ့တို့ ပူးပေါင်း၍ မြဝတီမြို့ အမှတ် ၁ ရပ်ကွက်ရှိ သောင်းရင်းပျံကျဈေးနှင့် နှင်းဆီလမ်းတို့တွင် ယနေ့နံနက် ၁၀ နာရီက ကိုဗစ်-၁၉ ရောဂါဆိုင်ရာအသိ ပညာပေးလက်ကမ်းစာစောင် များကို ဖြန့်ဝေပေး ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘုတ်ပြင်းမြို့နယ်တွင် မိုးသက်လေပြင်းကျ၍ ထူးကဲဒီရေမြင့်တက်ပြီး ရေလှိုင်းရိုက်ခတ်မှုကြောင့် ပျက်စီးသည့် နေအိမ်များအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်
Sep 25,2020
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် စက်တင်ဘာလ ၁၈ ရက်မှ ၂၀ ရက်နေ့ထိ မိုးသက်လေပြင်းကျ၍ထူးကဲဒီရေမြင့်တက်ပြီး ရေလှိုင်းရိုက်ခတ် မှုကြောင့် နေအိမ်များ ပြိုကျ၊ ပျက်စီးခဲ့သည့် ရေလေးသင့်ပင်လယ်ကျေးရွာများမှ မိသားစုဝင်များအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ဝန်ကြီးဌာန မှ ထောက်ပံ့ပစ္စည်းများကို ယမန်နေ့က ကော့သောင်းခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ လာရောက်ထောက်ပံ့ပေး အပ်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29442
Page
29443
Page
29444
Page
29445
Current page
29446
Page
29447
Page
29448
Page
29449
Page
29450
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department