အမြို့မြို့အနယ်နယ်သတင်းများ

Sep 25,2020
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ ပင်စင်စားများက မိမိ တို့၏ ပင်စင်လစာ လာရောက်ထုတ်ယူရာတွင် လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ရောဂါကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါ ပျံ့နှံ့မှု ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ အဆင်ပြေချောမွေ့စွာ ပင်စင်လစာငွေထုတ်ယူနိုင်ရေးအတွက် လစဉ် ၂၁ ရက်မှစတင်၍ လစာမထုတ်ခင် တစ်ရက်အထိ တစ်ကြိမ်နှင့် လဆန်း(၁)ရက်မှ (၂၀)ရက်နေ့အထိ
Sep 25,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်(လားရှိုး)အတွက် တရုတ်နိုင်ငံ၊ တရုတ်-မြန်မာစီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အသင်းမှ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးအတွက် ကျန်းမာရေးအထောက်အကူပြု နှာခေါင်းစည်း စုစုပေါင်း(၈)သောင်းပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက်(၈)နာရီခွဲအချိန်ခန့်က မူဆယ်မြို့၊ မြန်မာ-တရုတ်နှစ်နိုင်ငံအဝင်/အထွက်ဂိတ်(နန်းတော်ဂိတ်)၌ လာရောက်ပေးအပ် လှူဒါန်း သည်။
Sep 25,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Cash For Work စီမံကိန်း ထောက်ပံ့ရန်ပုံငွေဖြင့် မြို့အတွင်းရှိ ကျေးရွာ (၅)ရွာတို့တွင် အကောင် အထည်ဖော် ဆောင်ရွက်သည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက် ပြီးစီးပြီ ဖြစ်ကြောင်း သိရှိရသည်။
Sep 25,2020
ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ထိရောက်မှုရှိစေရေး ကော့သောင်းမြို့နယ် အတွင်းရှိ စည်ပင်သာယာအဖွဲ့ပိုင်ဈေးများနှင့် ပုဂ္ဂလိကပိုင်ဈေးများရှိ ဈေးဆိုင်ခန်းများအား ယနေ့မှစ၍ သတ်မှတ် စည်းကမ်း ကန့်သတ်ချက်များ ဖြင့်ရောင်းချကြရေး ထုတ်ပြန်ကြေညာထား ရှိကြောင်းသိရသည်။
Sep 25,2020
မွန်ပြည်နယ် မုဒုံမြို့နယ် ကတုံးပေါ်ကျေးရွာတွင် ယမန်နေ့ ညနေ ၃ နာရီအချိန်ခန့်က မိုးသည်းထန်စွာ ရွာသွန်းပြီး ကတုံးပေါ်ချောင်းအရှေ့ကွက် သစ်မြစ်ကမ်းပါးမြေပြိုမှု ဖြစ် ပွားခဲ့ကြောင်းသတင်းရရှိသည်။
Sep 25,2020
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်နှင့် ကန့်ဘလူမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အဆောက်အအုံသစ်ကို ယခုနှစ် ဖေဖော်ဝါရီလက စတင်ဆောက်လုပ်ခဲ့ရာတွင် စက်တင်ဘာ ၂၅ ရက်၌ ဆောက်လုပ်မှု ရာခိုင်နှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း ခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
Sep 25,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ Community Based Quarantine Centre လေးခုတို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ အသုံးပြုနိုင်စေရန်အတွက် မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံသို့ အလှူငွေပေးအပ်လှူဒါန်းခြင်းနှင့် မြို့မပရဟိလူငယ်အဖွဲ့ထံသို့
Sep 25,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ် တုတ္တလုပ်ကျေး ရွာအုပ်စု၊ တုတ္တလုပ် ကျေးရွာမှကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ဆေးစစ်ချက်များအရ ရောဂါပိုး မတွေ့ရှိတော့ခြင်း၊ သတ်မှတ်ချက် များနှင့်ပြည့်မီ၍ ကျန်းမာရေး ကောင်းမွန်လျက်ရှိခြင်းတို့ကြောင့် ယနေ့ နံနက် ၆ နာရီခွဲ အချိန်တွင်မြို့နယ်ပြည်သူ့ဆေးရုံမှ ဆင်းခွင့် ရရှိကြောင်း သိရသည်။