Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
အရာတော်မြို့နယ်တွင် လျှပ်စစ်အန္တရာယ် ကင်းဝေးစေရန်နှင့် ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Sep 25,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်အတွင်း ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေ ရန်နှင့် ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရန်အတွက် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးဇင်မင်းထွန်းနှင့် လိုင်းတာဝန်ခံများက ယမန်နေ့ နံနက်(၉)နာရီ မှစတင်ပြီး ဓာတ်အားလိုင်း ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများကို ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်းတော်မြို့နယ်မှ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှဆင်းခွင့်ပြု
Sep 25,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်မှ ကိုဗစ်-၁၉ ပိုးတွေ့လူနာသည် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့မှစတင်၍ အင်းတော်မြို့ ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးစောင့်ရှောက်မှု ခံယူခဲ့ရာ ယနေ့တွင် အဆိုပါ ပိုးတွေ့လူနာမှာ ကျန်းမာရေးကောင်းမွန်၍ သက်ဆိုင်ရာတာဝန်ရှိသူများမှ ယနေ့တွင် ဆေးရုံမှဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဖြတ်မြို့၌ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ပါဆယ်စနစ်ဖြင့်သာ ရောင်းချရေး ကွင်းဆင်းအသိပညာပေး
Sep 25,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အတွင်းရှိ ဖွင့်လှစ်ရောင်း ချလျက်ရှိသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ပါဆယ်စနစ်ဖြင့်သာ ရောင်းချနိုင်ရေးအတွက် ယမန်နေ့နံနက် ၁၁နာရီ အချိန် က မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဋ္ဌ ဦးသက်လွင်နှင့် ကော်မတီဝင်များက အသိပေးခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လာအိုနိုင်ငံမှ ပြန်လာသည့် နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမားများ နမ့်စန်မြို့မှ ဖြတ်သန်း၍ သက်ဆိုင်ရာမြို့နယ်အသီးသီးသို့ ဆက်လက်ထွက်ခွာ
Sep 25,2020
လာအိုနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေထိုင်ပြီး တာချီလိတ်မြို့နယ် ဝမ်ပုံ ဆိပ်ကမ်းမှတဆင့် နှစ်နိုင်ငံတာဝန်ရှိသူများ လွှဲပြောင်းလက်ခံဆောင်ရွက်ခဲ့သော နေရပ်အသီးသီးသို့ ပြန်လာကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် သို့ ယနေ့နံနက် ၇ နာရီ ၂၅အချိန် က ရောက်ရှိခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းကင်းမြို့နယ်၊ ကမ်းပြည့်ကျေးရွာတွင် သမန်းနိုးကြားပေါင်းလိုက် စက်ကိရိယာကို လက်တွေ့သရုပ်ပြ
Sep 24,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ ကမ်းပြည့်ကျေးရွာ၌ တောင်သူ ဦးကံရှင်၏ CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားသော မိုးစပါး စိုက်ကွက်တွင် သမန်းနိုးကြားပေါင်းလိုက် စက်ကိရိယာဖြင့် နည်းပညာပေးခြင်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ယမန်နေ့ နံနက်ပိုင်းက လက်တွေ့ သရုပ်ပြခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကသာမြို့နယ်၊ ပင်းမလွတ်ကျေးရွာရှိ မိုးစပါးဆင်းဧကရီ(၃)မျိုးသန့်မျိုးစေ့ထုတ်စိုက်ခင်း တောင်သူများအား စိုက်ပျိုးရေးဆိုင်ရာနည်းပညာပေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်
Sep 24,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ကသာမြို့နယ် မြို့မနည်းပညာ ပြန့်ပွားရေးနယ်မြေအတွင်းရှိ ပင်းမလွတ်ကျေးရွာတွင် ကိုဗစ်-၁၉ ကာလ အတွင်း စီးပွားရေးကုစားမှု (CERP) အစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိသော မိုးစပါးဆင်းဧကရီ(၃) မျိုးသန့်မျိုးစေ့ထုတ်စိုက်ခင်း တောင်သူများအား ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကလေးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ကလေးမြို့နယ် စက္ကန့်ကျေးရွာရှိ မီးဘေးသင့် အိမ်ထောင်စုအား ထောက်ပံ့ငွေများပေးအပ်
Sep 24,2020
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် စက္ကန့်ကျေးရွာတွင် ယမန်နေ့ညက မီးဖို မီးကြွင်းမီးကျန် မှတဆင့် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ရာ ကလေးခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာနမှ ယနေ့မွန်းလွှဲ ၂ နာရီ ၄၅မိနစ်အချိန်က မီးဘေးသင့်အိမ်ထောင်စုအား ထောက်ပံ့ငွေများပေးအပ် ထောက်ပံ့ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများ၌ Stay at Home နေထိုင်ရေး အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်
Sep 24,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် ၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၌ ကိုဗစ်−ရောဂါ ကူးစက်ပျံ့နှံမှုမရှိစေရန်နှင့် ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ရည်ရွယ်၍ ရပ်ကွက်/ကျေးရွာ များအတွင်း နေထိုင်ကြသော အများပြည်သူများအား Stay at Home နေထိုင်ကြရန် ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဌာနမှ ဦးဆောင်၍ သက်ဆိုင်ရာရပ်ကွက် /ကျေးရွာများ အလိုက် အသံချဲ့စက်ဖြင့် လှည့်လည် နှိုးဆော်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29446
Page
29447
Page
29448
Page
29449
Current page
29450
Page
29451
Page
29452
Page
29453
Page
29454
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department