အမြို့မြို့အနယ်နယ်သတင်းများ

Sep 24,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်အတွင်းရှိ လူမှုဝန်ထမ်းအသိအမှတ်ပြု ဂေဟာများသို့ စစ်ကိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်‌ရေး ကော်မတီမှ ဆန်အိတ် (၄၀) အား ယမန်နေ့က ထောက်ပံ့လှူဒါန်းခဲ့ကြကြောင်း သိရသည်။
Sep 24,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး ပိုစတာများ ချိတ်ဆွဲခြင်းနှင့် စည်ပင်သာယာဈေးတွင် စည်ကမ်းချက်နှင့်အညီ လိုက်နာ ဆောင်ရွက်ခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်းကို ယမန်‌‌နေ့နံနက်(၉)နာရီအချိန်က မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့မှ ဆောင်ရွက်ခဲ့သည်။
Sep 24,2020
ဗဟန်းမြို့နယ်တွင် ကိုဗစ်−၁၉ အတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများကို Quarantine centre အဖြစ်အသုံးပြုမည့် နေရာများအား အမြန်ဆုံးဖွင့်လှစ်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက မြို့နယ် ကျိုက္ကဆံ ဘတ်စကတ်ဘောအားကစားရုံ၌ ကျင်းပခဲ့သည်။
Sep 24,2020
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အမှတ်(၄၆)စက်မှုလယ်ယာစခန်းမှ ယခု ၂၀၁၉ - ၂၀၂၀ မိုးစပါး စိုက်ပျိုး ရာသီတွင် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ သီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန် စေရန်နှင့် လုပ်သားရှားပါးမှု အခက်အခဲများ ပြေလျော့သက်သာစေရေးအတွက် ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်း ဝန်ဆောင်မှုလုပ်ငန်းများကို ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ရာ တစ်မြို့နယ်လုံးအတိုင်း အတာဖြင့် မိုးစပါး စိုက်ဧကပေါင်း ၁၀၅ ဧက တောင်သူအကျိုးပြု စိုက်ပျိုးပေးနိုင်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ် အမှတ်(၄၆)စက်မှုလယ်ယာစခန်းမှ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်စန်း ထံက သိရသည်။
Sep 24,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ လှည်းဆိပ်ကျေးရွာအုပ်စု၊ ရွာသာယာ၊ အ.မ.က တွင် ယနေ့နံနက် ၈ နာရီမှစ၍ လှည်းဆိပ်ကျေးရွာအတွင်းရှိ ပြည်သူများ၏ နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို သစ္စာ စီမံချက်ဖြင့် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။
Sep 24,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ စက္ကန့်ကျေးရွာတွင် မီးဖို မီးကြွင်းမီးကျန်မှမီးစတင်ကူး စက်လောင်ကျွမ်းမှုကြောင့် ယမန်နေ့ ည ၉ နာရီ ၄၅ မိနစ် အချိန်တွင် နေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
Sep 24,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်အဆင့်ဌာန ဆိုင်ရာများပါဝင်သော မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ နှာခေါင်းစည်း (Mask) မတပ်ဆင်ဘဲ
Sep 24,2020
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊  သနပ်ပင်မြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပေး နှိုးဆော်မှုများကို