အမြို့မြို့အနယ်နယ်သတင်းများ

Sep 24,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် အသိပညာပေးလုပ်ငန်းများကို နေ့စဉ်နံနက် ၆ နာရီအချိန်က စတင်ကာ ပျံကျစျေးတွင် အရှိန်အဟုန်မြင့် ဆောင်ရွက်ပေးလျက်ရှိသည်။
Sep 24,2020
မကွေးတိုင်းဆေးရုံကြီးတွင် ကျန်းမာရေးစောင့်ရှောက်ကုသရာ၌ အထောက်အကူဖြစ်စေရန် နည်းပညာတက္ကသိုလ်(မကွေး)မှ တီထွင်ထားသည့် အဝေးထိန်း သယ်ယူယာဉ်တစ်စီးလှူဒါန်း
Sep 24,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်၌ ရှမ်းပြည်နယ်စည်ပင်သာယာရေးဝန်ကြီးနှင့် အဖွဲ့ဝင်များက မြို့နယ်စည်ပင်သာရေးကော်မတီရုံး၊ ဝန်ထမ်းအိမ်ယာနှစ်ခန်းတွဲနှစ်ထပ် တည်ဆောက်နေမှုကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Sep 24,2020
ဗဟန်းမြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများကို Quarantine Centre အဖြစ် အသုံးပြုမည့် နေရာများအား အမြန်ဆုံးဖွင့်လှစ်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယ‌နေ့ မွန်းလွဲ ပိုင်းအချိန်က မြို့နယ်ကျိုက္ကဆံဘတ်စကတ်ဘော အားကစားရုံ၌ ကျင်းပခဲ့သည်။
Sep 24,2020
ရန်ကုန်မြောက်ပိုင်းခရိုင် ၊ မှော်ဘီမြို့နယ် မြောင်း တကာစက်မှုဇုံ ၊(၂)လမ်း၊အကွက်အမှတ် (၅၉)တွင် ယမန်နေ့ နံနက် ၈နာရီ ၃၀ အချိန်ခန့်တွင် Ba An ဆက်သွယ်ရေး မြေအောက်သုံး ကေဘယ်(လ်) ပိုက်များနှင့် သွပ်ရည်စိမ် ထုတ်လုပ်သည့် စက်ရုံတွင် မီးလောင်မှုဖြစ်ပွား ကြောင်းသိရသည်။
Sep 24,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ ခိုမုန်းကျေးရွာ စာသင်ကျောင်းရှိ ကုန်တင်ယာဉ်များအား ကြီးကြပ်စစ်ဆေးရေးစင်တာတွင် သီးသန့်ကန့်သတ်ထားရှိသည့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် များကစုစည်း၍ ယနေ့နံနက် ၈ နာရီအချိန် က မြို့နယ်ကော်မတီသို့ အဆိုပါ သီးသန့်ကန့်သတ် ထားရှိသည့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များကို ကျန်းမာရေးစစ်‌ဆေးပေးခြင်းနှင့် ကားများ အား ဆေးဖျန်းပေးခြင်းတို့ကို‌ ပုံမှန်ဆောင်ရွက်ပေးရန်၊ စင်တာတွင်လုံခြုံရေးနှင့် ယာဉ်ထိန်းထားရှိပေးရန်၊ မြို့တွင်းသို့ စည်းကမ်းမဲ့ဝင်ရောက်နေသော ယာဉ်မောင်းများအား ထိရောက်စွာအရေးယူပေးရန် စသည့်အချက်များ ဆောင်ရွက်ပေးရန်တောင်းဆိုခဲ့ရာ မြို့နယ် ကိုဗစ်ကော်မတီမှ တာဝန်ရှိသူများက သွားရောက်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Sep 24,2020
ညောင်ရွှေမြို့နယ် သမဝါယမအသင်းစုလီမိတက်မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ဆန်၊ ဆီ၊ ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့နံနက် (၁၀)နာရီ က မြို့နယ်သမဝါယမအသင်းစုလီမိတက်ရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 24,2020
၂၀၂၀ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် သုံးဘာသာနှင့်အထက် ဂုဏ်ထူးများဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူများ (၈၇) ဦးအား စက်တင်ဘာလ ၂၂ရက်မှစတင်ပြီး ဂုဏ်ပြုဆုငွေနှင့်ဆုတံဆိပ်များချီးမြှင့်ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။