အမြို့မြို့အနယ်နယ်သတင်းများ

Sep 24,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့နံနက် ၈နာရီချိန် က စတင်၍ မြို့ပေါ်(၆)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂၂)အုပ်စုတို့တွင် လှည့်လည်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 24,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် Stay Home ကာလအတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံနှံ့မှုအား လျှင်မြန်စေသော လူစုလူဝေးဖြစ်ပေါ်မှုကို လျှော့ချနိုင်စေရန်အတွက် ခရမ်းမြို့မဈေးကြီးတွင် စားသောက်ကုန်ပစ္စည်းနှင့် သား/ငါး အသီးအနှံများသာ ရောင်းချခွင့်ပြုထားပြီး အခြားမည်သည့်ဆိုင်မျှ ဆိုင်ဖွင့်ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။
Sep 24,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်စက်မှုဇုန်အတွင်းရှိ စက်ရုံ(၂)ရုံမှ အလုပ်သမား(၄)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ခြင်း ကြောင့် ရောဂါကူးစက်ပြန့်ပွားမှု ထပ်မံမဖြစ်ပေါ်စေရေးနှင့် ရောဂါထိန်းချုပ်နိုင်ရေးအတွက် တိုင်းဒေသကြီးအတွင်း အထည်ချုပ်စက်ရုံ (၁၂)ရုံအား စက်တင်ဘာ ၂၄ ရက်နေ့မှ အောက်တိုဘာ ၇ ရက်နေ့အထိ ဥပဒေလုပ်ထုံးလုပ်နည်းများ နှင့်အညီ ယာယီပိတ်သိမ်း သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ယနေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။
Sep 24,2020
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်အတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်နိုင်ရေးအတွက် ညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ် အချိန်တွင် ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ အစည်းအဝေးခန်း မတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Sep 24,2020
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ လူမှုဝန်ထမ်း ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ စတုတ္ထသုံးလပတ် အတွက် အသက် ၈၅ နှစ်အထက် အဘိုးအဘွား ထောက်ပံငွေများ ထောက်ပံ့ခြင်းနှင့် ကိုဗစ်-၁၉ ကုစားမှု အစီ အစဉ်အရ ထောက်ပံ့ကြေးငွေများ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီအချိန်က ကျင်းပခဲ့ကြောင်း ညောင်ဦးခရိုင် လူမှုဝန်ထမ်းရုံး ခရိုင်ဦးစီးမှူး ဒေါ်တင်တင်စိန်ထံမှ သိရသည်။
Sep 24,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် မြို့နယ်ကျန်းမာရေးဦးစီးဌာနက ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်း က ကျေးရွာအုပ်စု ကျန်းမာရေးဌာနခွဲများမှ တာဝန်ရှိသူများက ကျေးရွာများသို့ အသိပညာ ပေးကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Sep 24,2020
မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၌ နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု စုစုပေါင်း(၁၀၇၁)စုအတွက် ထောက်ပံ့ငွေများလက်ဝယ်အရောက် ပေးအပ်နိုင်ရန်အတွက် ယနေ့နံနက်(၁၀)နာရီအချိန် က ပန်ဆိုင်း(ကြူကုတ်)မြို့၊ မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပသည်။
Sep 24,2020
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မရမ်းကုန်းမြို့နယ် အမှတ်(၇)ရပ် ခရစ်ယာန် ရဟန်းဖြစ်တက္ကသိုလ်နှင့် အမှတ်(၂)ရပ်ကွက် အထက ၁ ကျောင်းတို့တွင် ဖွင့်လှစ်ထားရှိသည့် Quarantine Center များအတွက် အလှူငွေများအား ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးသို့ လာရောက်လှူဒါန်းခဲ့ကြသည်။