Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဇေယျာသီရိမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့်သာ ရောင်းချနိုင်ရေး လိုက်လံအသိပေးနှိုးဆော်
Sep 24,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ စားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့်သာရောင်းချရေး လိုက်လံအသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းမှ စတင်ကာမြို့နယ်အတွင်းရှိ ဈေးများနှင့် လူစည်ကားရာနေရာများတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တာမိုးညဲမြို့ (Facility Quarantine Centre) ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ကုတင်အလုံး(၂၀)လှူဒါန်း
Sep 24,2020
မူဆယ်ခရိုင်၊ တာမိုးညဲမြို့၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက (Facility Quarantine Centre) ၌ အသုံးပြုရန်အတွက် ကုတင်အလုံး (၂၀)လှူဒါန်းခြင်းကို ယနေ့နံနက် (၁၁)နာရီအချိန် က တာမိုးညဲမြို့၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လွှဲပြောင်းပေးအပ်သည်။
အပြည့်အစုံ ဖတ်ရန်
ဟင်္သာတ၌ သမဝါယမမိသားစုမှ စုပေါင်းပြီး အနှေးယာဉ်လုပ်သားကြီးများကို စားသောက်ကုန်များ ပေးအပ်လှူဒါန်း
Sep 24,2020
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် သမဝါယမ ဦးစီးဌာနနှင့် မြို့နယ်အသင်းစု မိသားစုတို့ စုပေါင်းပြီး ကိုဗစ်-၁၉ ကာလတွင် အနှေးယာဉ်လုပ်သားကြီးများ တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေရန်ရည်ရွယ်၍ စားသောက် ကုန်များ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၉ နာရီက အဆိုပါရုံးရှေ့ရှိ ပါဆယ်လမ်းမကြီးပေါ်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်း၌ Home Garden နေအိမ်ဥယျာဉ်ခြံစိုက်ပျိုးနိုင်ရေး မျိုးစေ့များ ဝယ်ယူဖြန့်ဖြူးရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်း
Sep 24,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ကာလအတွင်း ပြည်သူများအနေဖြင့် Home Garden ဥယျာဉ်ခြံစိုက်ပျိုးနိုင်ရေး မျိုးစေ့များ ဝယ်ယူဖြန့်ဖြူးရေးအတွက် ယနေ့က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနသို့ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျီခါးမြို့ Quarantine Center အမှတ် (၂) ၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Sep 24,2020
ချင်းပြည်နယ်၊ ကျီခါးမြို့တွင် အိမ်နီးချင်းအိန္ဒိယနိုင်ငံမှ နေရပ်ပြန်သူများအား စနစ်တကျလက်ခံပြီး Quarantine Center များ၌ အသွားအလာ ကန့်သတ်ထားပြီး ကျန်းမာရေး စောင့်ကြည့်ဆောင်ရွက် လျက်ရှိရာ လက်ရှိတွင် Quarantine Center အမှတ်(၂) ၌ Quarantine ၀င်ရောက်သူများ သတ်မှတ် ကာလပြည့်သဖြင့် ပြန်လည်စေလွှတ်ထားပြီးဖြစ်ရာ အဆိုပါနေရာ သန့်ရှင်းသာယာရေးနှင့် ထပ်မံ၀င်ရောက်လာမည့် နေရပ်ပြန်များအား စနစ်တကျ ထားရှိနိုင်ရေး ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများကို ယနေ့နံနက် (၇) နာရီအချိန်က မြို့အဆင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကော်မတီအဖွဲ့နှင့် ပြည်သူ့ကျန်းမာရေး၀န်ထမ်းများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပင်လည်ဘူးမြို့နယ်တွင် ဆောင်ရွက်လျက်ရှိသည့် (Cash for Work) စီမံကိန်း လုပ်ငန်းများ အားလုံး ရာနှုန်းပြည့်ပြီးစီး
Sep 24,2020
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ တစ်ရွာလျင် ငွေကျပ် သိန်း (၁၀၀)ဖြင့် (Cash for Work) စီမံကိန်းလုပ်ငန်းများကို ကျေးရွာ (၆)တွင် ဩဂုတ်လဆန်းပိုင်းမှ စတင်အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာ အဆိုပါလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ ကျေးရွာပြည်သူများ အတွက် အကျိုးပြု နေပြီဖြစ်ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ တန့်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ အတည်ပြုလူနာ (၂) ဦးထိ ရှိလာပြီဖြစ်
Sep 24,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ် ကံထူးမကျေးရွာအုပ်စု၊ ပန်းတိမ်ကုန်း ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ Facility Quarantine ထားရှိသည့် အသက်(၂၈)နှစ် အရွယ် အမျိုးသမီးတစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိကြောင်း ယမန်နေ့ညက တန့်ဆည်မြို့ နယ် ကျန်မာရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
နောင်တရားဒေသ၌ ဥယျာဉ်ခြံများတွင် သီးညှပ်စိုက်ပျိုးခြင်းဖြင့် တောင်သူများပိုမိုဝင်ငွေတိုး
Sep 24,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားဒေသ၌ ဥယျာဉ်ခြံများတွင် ကုန်စိမ်းသီးနှံများဖြစ်သည့် ခရမ်းချဉ်သီးများ သီးညှပ်စိုက်ပျိုးခြင်းကြောင့် တောင်သူများ ဝင်ငွေတိုးပွားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29453
Page
29454
Page
29455
Page
29456
Current page
29457
Page
29458
Page
29459
Page
29460
Page
29461
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department