အမြို့မြို့အနယ်နယ်သတင်းများ

Aug 27,2020
မကွေးခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတများ တိုးပွားလာစေရန် ရည်ရွယ်၍ ဧရာဝတီမြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းကို ယမန်နေ့နံနက် ၈ နာရီက မကွေးမြို့ နန်းထိုက်သူ ဟိုတယ်ရှေ့ ဧရာဝတီမြစ်ကမ်းစပ်၌ ငါးသားပေါက်အကောင်ရေ (၃)သိန်းကျော် စိုက်ထည့်ခဲ့ကြောင်း သိရသည်။
Aug 27,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၌ အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းအဖွဲ့၏ TOT ရရှိသည့် ကျန်းမာရေး ဝန်ထမ်းများမှ စေတနာ့ဝန်ထမ်းများအတွက် ဆင့်ပွားသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီခွဲတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ် ကျင်းပခဲ့သည်။
Aug 27,2020
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၊ လက်ပံခြေပေါ်အုပ်စုနှင့် သစ်ထောင့်ကျွန်းကျေးရွာ အုပ်စုရှိကျေးရွာများသည် ညောင်ဦး-ပခုက္ကူ-မြင်းခြံ သွား ကားလမ်းမကြီးဘေး ဝဲ/ယာတွင်တည်ရှိကာ ဒေသခံကျေးရွာများရှိ တောင်သူများသည် လယ်၊ ယာ၊ ကိုင်း၊ ကျွန်း၊ ဥယျာဉ်ခြံစိုက်ပျိုးရေး လုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး ပြောင်းဖူးစိုက်ပျိုးခြင်းအား တစ်နှစ်ပတ်လုံးစိုက်ပျိုးရောင်းချခြင်းဖြင့် ပြောင်းဖူးစိုက်ပျိုးခြင်းလုပ်ကိုင်နေကြကာ ယခုလ ပြောင်းဖူးလှိုင်လှိုင်ပေါ်ချိန် ပြောင်းဖူးဈေးနှုန်းကျဆင်းနေခြင်းကြောင့် ရန်ကုန်ပြောင်းဖူးပွဲစားများနှင့် မန္တလေးမြို့မှပွဲစားများလာရောက်ဝယ်ယူမှု မရှိခြင်းကြောင့် ပြောင်းဖူးဈေးအခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။
Aug 27,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club နှင့် Women Club အဖွဲ့တို့ ပူးပေါင်း၍
Aug 27,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်သို့ အလှူရှင်စာရေးဆရာ မိုသျှန်းက ငွေကျပ် (၁၃၈၀၀၀) တန်ဖိုးရှိ သုတစာအုပ်များကို ယနေ့ နံနက်က ပေးပို့လှူဒါန်းခဲ့ကြောင်း သိရသည်။
Aug 27,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့လည်(၁၁)နာရီတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေး ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်ခန်းမ၌ ကျင်းပသည်။
Aug 27,2020
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်ရှိ ကိုယ်ဝန်ဆောင်မိခင်များအား ငွေကြေးထောက်ပံ့ခြင်း (ငွေဗိုက်) အစီအစဉ် တစ်ရပ်ကို မြို့နယ်ပြည်သူ့ဆေးရ အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်း မှစတင်၍ မိုးညှင်းခရိုင် လူမှုဝန်ထမ်း ဦးစီးဌာနမှ လာရောက်ဆောင်ရွက် ပေးနေကြောင်း သိရသည်။
Aug 27,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း မဲပေးခွင့် မဆုံးရှုံးစေရေးနှင့် မဲစာရင်းတွင် ပါဝင်ပြီး အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများကို ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဦးစီးဌာန ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်က ကင်မွန်းခြုံကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ဒေသခံ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။