Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဘားအံမြို့ ရေဘေးကယ်ဆယ်ရေးစခန်းများတွင် ကိုဗစ်-၁၉ အသိပညာပေးဆောင်ရွက်
Aug 27,2020
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သံလွင်မြစ်ရေမြင့်တက်လာ၍ အနိမ့်ပိုင်းနေရာများတွင် ရေကြီးရေလျှံမှုဖြစ်ပွားမှုကြောင့် ရေဘေးကယ်ဆယ်ရေးစခန်း (၈) ခုဖွင့်လှစ်ထားရှိရာ ယမန်နေ့ မိုးလုံလေလုံ အားကစားရုံရေဘေးစခန်းနှင့် ရွှေရင်မျှော်ရေဘေးစခန်းများရှိ ရေဘေးသင့်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါအသိပညာပေးခြင်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Aug 27,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့တွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
လက်ပံတန်းမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတ်မှတ်စည်းကမ်းများနှင့်အညီ ဖွင့်လှစ်ရောင်းချခြင်း ရှိ/မရှိ ရှောင်တခင် ကွင်းဆင်း…
Aug 27,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ကျွန်းကလေးကားဂိတ်ရှိ စား သောက်ဆိုင်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတ်မှတ်စည်းကမ်းများနှင့် အညီ ဖွင့်လှစ်ရောင်းချခြင်း ရှိ/မရှိ ရှောင်တခင် ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့က မြို့နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးကော်မတီ အဖွဲ့ဝင်များက ကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းစုမြို့တွင် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်မှုရှိစေရေးနှင့် မဲဆန္ဒရှင်ကျန်ရှိမှုမရှိစေရေး တာဝန်ရှိသူများကွင်းဆင်းစစ်ဆေး
Aug 27,2020
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူအားလုံးမဲပေးနိုင်ရေး၊ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေးနှင့် မဲဆန္ဒရှင်ကျန်ရှိမှုများမရှိစေရေးအတွက် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများသို့ ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်းရှိ လျှပ်စစ်မီးမရရှိသေးသောနေရာများသို့ လျှပ်စစ်မီးရရှိရေး ကွင်းဆင်းဆောင်ရွက်
Aug 27,2020
ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်းရှိ လျှပ်စစ်မီးမရရှိသေးသော ရှမ်းတဲကြီး ကျေးရွာ ဆည်မြောင်းအပိုင်ရှိ အိမ်ခြေ ၈၀ ခန့် လျှပ်စစ်မီးရရှိရေးအတွက် အကူအညီတောင်းခံလာမှု အား ယမန်နေ့ ညနေ (၄)နာရီအချိန်က အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်၊ မြို့နယ်လျှပ်စစ်တာဝန်ခံ၊ စည်ပင် သာယာကော်မတီအဖွဲ့ဝင် ဦးထိန်လင်း၊ မြို့နယ်နှင့်ရပ်ကျေးအဖွဲ့ချုပ် ခေါင်းဆောင်များ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များနှင့် အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းစုမြို့တွင် စားသောက်ဆိုင်များ သတ်မှတ်စည်းကမ်းချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Aug 27,2020
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း စားသောက်ဆိုင်များရောင်းချနေမှုများကို ယမန်နေ့နံနက်ပိုင်းက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သရက်ချောင်းမြို့နယ်တွင် မြို့နယ်အဆင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုအထိမ်းအမှတ် စံပြမိခင်ရွေးချယ်ခြင်းနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနား ပြုလုပ်
Aug 27,2020
မြို့နယ်အဆင့်အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုကို အကောင်အထည်ဖော်ဆောင်ရွက်သည့်အနေဖြင့် စံပြမိခင်ရွေးချယ်ခြင်းနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီ က တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ် ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လမ်းခင်းခြင်း၊ မြေသားပြုပြင်ခြင်း လုပ်ငန်းများဆောင်ရွက်
Aug 27,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ အမှတ်(၁၉)ရပ်ကွက် သော်ကလမ်း၊
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29738
Page
29739
Page
29740
Page
29741
Current page
29742
Page
29743
Page
29744
Page
29745
Page
29746
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department