Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မဘိမ်းမြို့နယ်တွင် မီးလောင်မှုဖြစ်ပွားခဲ့သော လဝါကျေးရွာ အခြေခံပညာ အထက်တန်း ကျောင်း (ခွဲ) သို့ ကျောင်းသုံးပစ္စည်းများ ပေးအပ်လှူဒါန်း
Aug 27,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ် လဝါကျေးရွာတွင် ဩဂုတ်လ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့သည့် မီးလောင်မှုဖြစ်ပွား၍ သဘာဝဘေးသင့်ခဲ့သော အခြေခံပညာအထက် တန်းကျောင်း(ခွဲ)သို့ ယမန်နေ့ ညနေ ၂ နာရီ ၅၀ မိနစ်အချိန်က မြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ ကျောင်းသုံးပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မြောင်မြို့နယ် သမဝါယမဦးစီးဌာနက EXIM Bank ချေးငွေမှ စုဆောင်းငွေပေါ် အတိုးများအား ထုတ်ပေး
Aug 27,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ် သမဝါယမဦးစီးဌာနအနေဖြင့် အခြေခံ မဝါယမ အသင်းသူ အသင်းသား တောင်သူများအား EXIM Bank စုဆောင်းငွေမှ ရရှိလာသည့် အတိုးပေါ် မှ ထုတ်ပေးခြင်းကို ယမန်နေ့နံနက် (၁၀) နာရီက မြို့နယ်သမဝါယမအသင်းစု ခန်းမတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ဈေးများ၌ နှာခေါင်းစည်း (Mask) တပ်ဆင်၍ သွားလာစေရန် Mask Campaign ပြုလုပ်
Aug 27,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ဈေးများ၌ ကိုဗစ်-၁၉ ကာလနှာခေါင်းစည်း (Mask) တပ်ဆင်၍ သွားလာစေရန် Mask Campaign ပြုလုပ်ခြင်းကို ယမန်နေ့ နံနက် (၇)နာရီက ရတနာင်္သီဂီစျေးနှင့် (၂)စျေး တွင် ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာမြို့ သမိုင်းဝင်ဖောင်တော်ဦးစေတီဗုဒ္ဓပူဇနိယပွဲတော်အား ကိုဗစ်-၁၉ ရောဂါအခြေအနေများကြောင့် ယခုနှစ်တွင်ကျင်းပပြုလုပ်နိုင်ခြင်းမရှိ
Aug 27,2020
နှစ်စဉ်စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သော မိတ္ထီလာမြို့ သမိုင်းဝင်ဖောင်တော်ဦးစေတီ ဗုဒ္ဓပူဇနိယပွဲတော်အား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု အခြေအနေများကြောင့် ယခုနှစ်တွင် ကျင်းပပြုလုပ်နိုင်ခြင်းမရှိဘဲ ရိုးရာအစဉ်အလာအတိုင်း စေတီတော်အား အနေကဇာတင်မင်္ဂလာပူဇော်ခြင်း၊ သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် လှေဦးတိုက်ပူဇော်ခြင်းတို့သာဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါစေတီတော် ဂေါပကအဖွဲ့ဥက္ကဋ္ဌထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုမရှိစေရေး သတိပေးနှိုးဆော်ပန်ကြားချက်နှင့် ရောဂါကာကွယ်ရေးနည်းလမ်းများကို အသံချဲ့စက်ဖြင့်လိုက်လံကြေညာအသိပေးခြင်းများ…
Aug 27,2020
ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုမရှိစေရေးသတိပေးနှိုးဆော်ပန်ကြားချက်နှင့် ရောဂါကာကွယ်ရေးနည်းလမ်းများအား အသံချဲ့စက်ဖြင့် လိုက်လံကြေညာအသိ ပေးခြင်းလုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ယမန်နေ့က မြို့မဈေးကြီးနှင့်မြို့ပေါ် ရပ်ကွက်များ၌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဥက္ကလာပမြို့နယ်တွင် အိုင်အိုဒင်းဆား ရောင်းချမှု အရည်အသွေးစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများဆောင်ရွက်
Aug 27,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ အိုင်အိုဒင်းဆား ရောင်းချမှု၊ အရည် အသွေးစစ်ဆေး ခြင်းနှင့် အသိပညာပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက (ဃ)ရပ်ကွက်၊ မေဓာဝီဈေး တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အဖြစ် ကိုယ်ဝန်ဆောင် မိခင်များအား ငွေကျပ်သုံးသောင်းထောက်ပံ့ပေးမည့် (Ngwe Bike) Application တွင်…
Aug 27,2020
ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များထောက်ပံ့ခြင်းကို ကိုဗစ်-၁၉ ကာလအတွင်း ကိုယ်ဝန်ဆောင်မိခင်တိုင်းအတွက် တစ်ကြိမ်တည်း ၃၀၀၀၀ိ/- ( သုံးသောင်း ကျပ်တိတိ)ကို ထောက်ပံ့ပေးသွားမည်ဖြစ်သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းပျဉ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်
Aug 27,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် တာဝန်ရှိသူများက အများပြည်သူတို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မခံရစေရေး အတွက် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းတွင် ကျန်းမာရေးစစ်ဆေးခြင်းအား မြို့အဝင်/အထွက် စုပေါင်းဂိတ်တွင် ဆက်လက် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29740
Page
29741
Page
29742
Page
29743
Current page
29744
Page
29745
Page
29746
Page
29747
Page
29748
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department