အမြို့မြို့အနယ်နယ်သတင်းများ

Aug 27,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့ တွင် ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားစေရေး မြို့အတွင်း ဝင်/ထွက်သွားလာနေကြသည့်ပြည်သူများအား နှာခေါင်းစည်း (Mask )များ Campaign ပြုလုပ်ခြင်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီအဖွဲ့ မှ ယနေ့ နံနက်(၈)နာရီ အချိန်က မြို့မဈေးရှေ့ ၊ ပြည်ထောင်စုလမ်းမကြီးတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Aug 27,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အဆင့် အခြေခံကျန်းမာရေးဝန်ထမ်းများအား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံရေးသင်တန်းကို ယမန်နေ့နံနက် ၉ နာရီက ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
Aug 27,2020
လမ်းမတော်မြို့နယ် UMFCCI တွင် ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနှင့် အတွင်း ရေးမှူးအဖွဲ့တို့မှ အသင်းချုပ်ရုံးဝန်ထမ်းများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ယမန်နေ့ မွန်းလွဲပိုင်းတွင် လမ်းညွှန်မှာကြားဆွေးနွေးခဲ့သည်။
Aug 27,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် အတွက် ခိုလမ်မြို့ဝင်ဂိတ်( တာချီလိတ်-ကျိုင်းတုံ- ကွန်ဟိန်း - တောင်ကြီး) တွင် ယနေ့ နံနက်(၇) နာရီ အချိန်မှ စတင်၍ စစ်ဆေးရေးဂိတ်ထားရှိပြီးကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းများကို စတင် ဆောင်ရွက် လျက်ရှ ိကြောင်း သိရသည်။
Aug 27,2020
လမ်းမတော်မြို့နယ် UMFCCI တွင် မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်း လီမိတက်ကို အဆင့်မြှင့်တင်၍ လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်သွားနိုင်ရေးအတွက် ပုဂ္ဂလိကကဏ္ဍနှင့် အသင်းအဖွဲ့ များ၏ လုပ်ငန်းလိုအပ်ချက်များကို MITS အုပ်ချုပ်မှုဒါရိုက်တာ ဦးတိုးအောင်မြင့်၊ ဒါရိုက်တာ ဦးအောင်စိုး တို့ ပါဝင်သောအဖွဲ့မှ ယမန်နေ့တွင် လာရောက်​တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
Aug 27,2020
မိုးတွင်းကာလတွင် ကျရောက်တက်သော သဘာဝဘေးအန္တရာယ်များကြောင့် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် အတွင်းရှိ စာသင်ကျောင်းများ ပျက်စီးဆုံးရှုံးမှု မဖြစ်ပေါ်စေရေး ကွင်းဆင်း ကြည့်ရှု စစ်ဆေးခြင်းကို ယနေ့နံနက် (၉)နာရီက ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
Aug 27,2020
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အမှတ် (၁) သာယာဝတီရပ် ဧရာဝတီမြစ်အတွင်း ယမန်နေ့ ညနေ ၅ နာရီခွဲအချိန်ခန့်က စက်လှေတစ်စီး တိမ်းမှောက်နစ်မြုပ်ကြောင်း ညောင်ဦးမြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူထံက သိရသည်။
Aug 27,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ၆၄လမ်း၊ အမှတ်(၃၂)တွင် ယမန်နေ့ ည ၁၁ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။