အမြို့မြို့အနယ်နယ်သတင်းများ

Aug 27,2020
ရန်ကုန်အ​နောက်ပိုင်းခရိုင် လှိုင်မြို့နယ် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနရုံးတွင် ယမန်​နေ့ ည​နေ ၃ နာရီ က လှိုင်မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးကော်မတီ အဖွဲ့ဝင်များဖြင့် အစည်းအ​ဝေးကျင်းပ ပြုလုပ်ခဲ့သည်။
Aug 27,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကေရစီအထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ် တော့မည်ဖြစ်ရာ ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ မြို့နယ် ၁၀ မြို့နယ်၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၀ သိန်း ကျော် ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံပေါင်း ၁၇၀၀ ကျော်ထားရှိရေး ရန်ကုန်တောင်ပိုင်းခရိုင် (သန်လျင်) ၌ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင် (ခရိုင်တာဝန်ခံ)နှင့် ရန်ကုန်တောင်ပိုင်းခရိုင် ခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များနှင့် ရွေးကောက်ပွဲအရာရှိများ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး ရန်ကုန်တောင်ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရှင်စောပု ခန်းမ၌ ကျင်းပသည်။
Aug 27,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်ရုံး ရွေ့လျားစာကြည့်တိုက်များ ကွင်းဆင်း ဆောင်ရွက် ရာတွင် ငှားရမ်းပေးမည့် စာအုပ်များကို ဂျပန်နိုင်ငံ (Shanti Volunteer Association) ရှန်တီစေတနာ့ ဝန်ထမ်းအဖွဲ့(SVA)မှ ပံ့ပိုးလှူဒါန်းပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က ဂျပန်ဘာသာပြန်ပုံပြင် စာအုပ်(၃၄၆)အုပ်ကို မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်သို့ လာရောက်လှူဒါန်းခဲ့သည်။
Aug 27,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ နှစ်နိုင်ငံ နယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီဉကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဉီးသက်ဉီးပိုင်နှင့် ကော်မတီ အဖွဲ့ဝင်များက ၎င်းတို့၏သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များ သို့ ပြန်လည်ရောက်ရှိ နိုင်ရေးအတွက် စနစ်တကျစီစဉ်လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိရာ ယမန်နေ့ညနေ(၄)နာရီအချိန်က နေရပ်ပြန်ပြည်သူ(၇)ဉီးအား လားရှိုးမြို့သို့ ထပ်မံလွှဲပြောင်း ပို့ဆောင်ပေးခဲ့သည်။
Aug 27,2020
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နမ္မတူမြို့နယ် လူမှုဝန်ထမ်း ဦးစီး ဌာန ရုံးမှ နမ္မတူမြို့နယ် (IDP) စခန်း (၃)ခုရှိ အသက် (၆၀)နှစ်နှင့် (၈၀)နှစ်အကြား တိုက်ပွဲရှောင်ပြည်သူ ဘိုးဘွား (၅၈)ဦးအား ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ရှမ်းပြည်နယ် (မြောက် ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ ကြူဆော့ (IDP) စခန်း၊ ကချင် (IDP) စခန်းနှင့် လီဆူး(IDP) စခန်းတို့၌ ဆောက်ရွက်ခဲ့ပါသည်။
Aug 27,2020
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့၌ ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်း ကြိုတင်ကာကွယ်နိုင်ရန်အတွက် ချင်းရွှေဟော်မြို့အဝင် သံတားဂိတ်တွင် ယနေ့ နံနက်(၇) နာရီအချိန်မှ စတင်၍ စစ်ဆေးရေးဂိတ်ထားရှိပြီး ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
Aug 27,2020
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နမ္မတူမြို့နယ် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ နမ္မတူမြို့နယ် (IDP) စခန်း (၃)ခု၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြု ထုံးအိတ်နှင့် လက်ဆေးဆပ်ပြာခဲများ ထောက်ပံ့ပေးအပ်ခြင်းကို ဩဂုတ်လ (၂၆)ရက်နေ့ နံနက် (၁၀)နာရီခွဲအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ ကြူဆော့ (IDP) စခန်း၊ လီဆူး (IDP)စခန်းနှင့် ကချင် (IDP)စခန်းတို့၌ ဆောက်ရွက်ခဲ့ပါသည်။
Aug 26,2020
တနင်္သာရီတိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ဩဂုတ်လ ၂၅ ရက် နေ့လည် ၁ နာရီအချိန်တွင် ထားဝယ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်အောင်သူ ဦးစီးပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ ထားဝယ်မြို့၊ ဗျောတောဝရပ်ကွက်၊ မေတ္တာလမ်း၊ နန်းတော်ရာဘုန်းကြီးကျောင်းရှေ့မုဒ်ဝအနီးအတွင်