အမြို့မြို့အနယ်နယ်သတင်းများ

Aug 18,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု များအား စတုတ္ထအကြိမ် ထောက်ပံ့ငွေများကို ဩဂုတ်လ ၁၈ ရက် မွန်းလွှဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ထုတ်ပေးလျက်ရှိသည်။
Aug 18,2020
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၌ မိုးရာသီကာလအတွင်း ရေစီး​ရေလာကောင်းမွန်စေရန်၊ ရေမြောင်း အတွင်း အမှိုက်များ ပိတ်ဆို့မှု မရှိစေရန်ရည်ရွယ်၍ ၂၀၁၉−၂၀၂၀ တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် အုတ်ရေမြောင်း နှင့် Box Culvertပြုလုပ်ခြင်းကို (၂/က)ရပ်ကွက်ရှိ ဗိုလ်တိုက်ချွန်းလမ်းထိပ်မှ မြို့ပတ်လမ်း ထိ ဆောင်ရွက်ကြောင်း သိရသည်။
Aug 18,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်အတွင်းရှိ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲကို ယနေ့နေ့လယ် ၁၂ နာရီအချိန်က ကျောက်မဲခရိုင်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ကျောက်မဲခရိုင်/မြို့နယ်၊ သီပေါ၊ နောင်ချို၊ နမ္မတူမြို့နယ်များမှ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဉက္ကဋ္ဌ နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
Aug 18,2020
ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန အင်ဂျင်နီယာချုပ်(စက်မှု) ဦးထွန်းကျော်စိုးသည် ဧရာဝတီ တိုင်း‌ဒေသကြီး ဆည်‌‌မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲ‌ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကြည်ဆွေ၊ လက်ထောက် ညွှန်ကြားရေးမှူး (စက်မှု) ဦးထွန်းရှိန်တို့ နှင့်အတူ ယမန်နေ့က ဟင်္သာတမြို့ ဆည်မြောင်းရုံးရှိ ဆည်မြောင်း ပြတိုက် အတွင်း ခင်းကျင်းပြသ ထားရှိမှုများကို ကြည့်ရှု ခဲ့ကြသည်။
Aug 18,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် (CERP) အစီအစဉ်အရ မျိုးစေ့ထုတ်လုပ်ငန်း ဆောင်ရွက်သည့် မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို သြဂုတ်လ (၁၈)ရက်နေ့၊ နေ့လယ်ပိုင်းက မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
Aug 18,2020
မွန်ပြည်နယ်၊ ကျိုက်မ​ရောမြို့နယ်တွင် တည်​ဆောက်ပြီးစီး​နေသည့် မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့မြို့နယ် မီးသတ်အ​ဆောက်အဦအသစ်အား မွန်ပြည်နယ် လုံခြုံ​ရေးနှင့် နယ်စပ်​ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး​နေထွဋ်ဦးနှင့် တာဝန်ရှိသူများ၊ ပြည်နယ်မီးသတ်ဦးစီးဌာနမှ ညွှန်ကြား​ရေးမှူး ဦးတင်​မောင်ရီနှင့် အဖွဲ့များသည် ယ​နေ့နံနက် ၁၀ နာရီက အဆိုပါ မီးသတ်ရုံးအ​ဆောက်အဦ အား လှည့်လည်ကြည့်ရှု စစ်​ဆေးခဲ့ကြ​ကြောင်း သိရသည်။
Aug 18,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် အမှိုက်ကင်းစင်ကျေးရွာ သတ်မှတ်နိုင် ရေးနှင့် ကျေးလက်နေပြည်သူများ ကျန်းမာသန့်ရှင်းစေရေးအတွက် အထောက်အကူဖြစ်စေရန် ကျေးရွာ လူထုအခြေပြု စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုစနစ်အကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၈နာရီ အချိန်က မြိုင်ဇေယျာကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။