အမြို့မြို့အနယ်နယ်သတင်းများ

Aug 17,2020
ရှမ်းပြည်(တောင်ပိုင်း)ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ ၌ အမျိုးသမီးငယ်များ အလုပ် အကိုင် အခွင့်အလမ်းရရှိစေရန်အတွက် အခမဲ့စက်ချုပ်သင်တန်းကို တောင်ပေါ်ကြီးကျေးရွာ ရွာဦး တပ်ပေါက် ဘုန်းတော်ကြီး ကျောင်း၌ ယနေ့နံနက် ၁၀ နာရီ အချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရ သည်။
Aug 17,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) COVID-19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းကော်မတီ ၏ ကြီးကြပ် မှုဖြင့် မူဆယ်မြို့ ၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နှင့် ချင်းရွှေဟော်မြို့ များရှိ နှစ်နိုင်ငံ နယ်စပ် ဂိတ်များမှတစ်ဆင့် တရုတ်နိုင်ငံမှဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား လားရှိုးမြို့မှ တစ်ဆင့် မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မေလ (၆)ရက်နေ့မှ စတင်ပြီး စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိပါသည်။
Aug 17,2020
နိုင်ငံတော်၏ ကိုဗစ်-၁၉ စီးပွာရေးထိခိုက်မှု သက်သာရေးစီမံချက် (Economic Relief Plan –CERP) Action Plan အရ ကယားပြည်နယ် အတွင်း ငါးမွေးမြူရေးလုပ်ငန်း ပြန်လည်ထူထောင်ရာတွင် အထောက်အပံ့ ဖြစ်စေရန်အတွက် ငါးသားပေါက်များ ဖြန့်ဖြူးထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် ၉ နာရီက ဒီးမော့ဆို မြို့နယ်ကျွန်းတောကျေးရွာ ခန်းမဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။
Aug 17,2020
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ၂၀၂ဝပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲပေးခွင့်ရရှိအတွက် ပထမအကြိမ် မဲဆန္ဒရှင် စာရင်း ထုတ်ပြန် ကြေညာပေးခဲ့ရာ မဲဆန္ဒရှင်စာရင်း လာရောက်ကြည့်ရှုသူ (၄၂၅၂၆) ဦး လာရောက်ကြည့်ရှု ကြောင်းသိရသည်။
Aug 17,2020
ဘီးလင်းမြို့နယ်၌ ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ ထိခိုက် နစ်နာမှုမရှိစေရေးအတွက်နိုင်ငံတော်အစိုးရမှ အိမ်ထောင်စု(၁)စုလျှင် ငွေကျပ် ၂၀၀၀၀ နှုန်း ဖြင့် ထောက်ပံ့ငွေများပေးအပ်ပွဲကို ယနေ့နံနက် ၁၀နာရီက မြို့နယ် သာသနာ့ ဗိမာန်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 17,2020
၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီ ဖွဲ့စည်းရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို
Aug 17,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် ဩဂုတ်လ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သော လေးပြင်း ကြောင့် အမိုးလန်ပျက်စီးခဲ့သော အိမ်ထောင်စုများအတွက် လေဘေးသင့်ထောက်ပံ့ငွေပေးအပ်ပွဲကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယနေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က ကျင်းပ ပြုလုပ်ခဲ့သည်။
Aug 17,2020
ကျိုက်ထိုမြို့နယ်တွင် နိုင်ငံတော်က ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့နယ်သာသနာ့ဗိမ္မာန်၌ ထောက်ပံ့ ပေးအပ်ခဲ့သည်။