အမြို့မြို့အနယ်နယ်သတင်းများ

Aug 17,2020
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံနယ်မြေ၊ တောင်ရွာနောင်အုပ်စု၊ အောင်ဇေယျာလင်းကျေးရွာ ဧရာဝတီမြစ်ရေတိုက်စားမြစ်ကမ်းပါးပြိုကျ နေခြင်းကြောင့် လူနေအိမ်အား ညောင်ဦးခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များမှ ယနေ့နံနက်ပိုင်းမှစတင်ကာ ကူညီရွှေ့ပြောင်းပေးနေကြောင်း ညောင်ဦးမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူက ပြောသည်။
Aug 17,2020
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ရက်နေ့တွင် ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် နိုင်ငံတကာ စံချိန် စံညွှန်းများနှင့်အညီ ပွင့်လင်းမြင်သာစွာ ကျင်းပပြုလုပ်သွားနိုင်ရန်အတွက် မြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ် ညှိနှိုင်းရေးကော်မတီကို ယနေ့နေ့လယ် (၁)နာရီက မိုင်းရယ် မြို့နယ် ရွေး ကောက်ပွဲ ကော်မရှင် အဖွဲ့ ခွဲရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
Aug 17,2020
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ကြီးကြပ်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးအစိုးရ၏ အထွေထွေပိုလျှံရန်ပုံငွေဖြင့် ပဒေသာလမ်းကို ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။
Aug 17,2020
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ထုံးရေပေါက်ကျေးရွာ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ၁၆ ကုတင်ဆံ့တိုင်းရင်းဆေးရုံတို့က ယနေ့နံနက် ၁၀ နာရီတွင် နယ်လှည့် စာကြည့်တိုက်၊ တိုင်းရင်းဆေးကုသခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 17,2020
နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလတွင် ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများ အဆင်ပြေရန်အလို့ငှာ တတိယအကြိမ် ထောက်ပံ့ငွေများကို ယမန်နေ့ နံနက်ပိုင်းမှစ၍ လယ်ဝေးမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများက အိမ်အရောက်သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
Aug 17,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့တွင် မိခင်နှင့်ကလေး ဆေးခန်း၌ အသက်(၆)လမှ (၅)နှစ်အတွင်း ကလေးများအား သံချဆေးနှင့် ဗီတာမင်အေ တိုက်ကျွေး ခြင်းကို ယနေ့နံနက် ၉ နာရီ အချိန်ကစတင် တိုက်ကျွေးခဲ့ကြောင်းသိရသည်။
Aug 17,2020
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်တွင် ဩဂုတ်လ(၁၇)ရက်နေ့(၁၂:၀၀)နာရီခန့်က မုန့်လုပ်ဆောင်းကုန်း(တောင်)ရပ်ကွက် ဘာဝနာလမ်းရှိ အိမ်အမှတ်(၂၆)နေ အိမ်ရှင် ဒေါ်စန်းစန်းမြင့်၏ နေအိမ်
Aug 17,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ် တောင်းအင်ကျေးရွာရှိ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ ဖွင့်လှစ်ထားသည့် သားဖွားခန်းတွင် အသုံးပြုနိုင်ရန် တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ထောက်ပံ့သည့် သားဖွားကုတင်နှင့် ကလေးတင်စင်တို့ကို ယနေ့နံနက်ပိုင်းက သွားရောက်ပေးအပ်ခဲ့ကြ ကြောင်း သိရသည်။