အမြို့မြို့အနယ်နယ်သတင်းများ

Apr 28,2026
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး သောက်သုံးရေကန်များအတွင်း အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ယမန်နေ့က မြို့ပေါ်ရပ်ကွက်များ၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Apr 28,2026
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ကျောက်တန်းကျေးရွာမှ ဖူးစားပြောင်းစိုက် တောင်သူများသည် ပြောင်းဖူးပင်များ အောင်မြင်ဖြစ်ထွန်းပြီး၊ ပြောင်းဖူးဈေးကောင်းသောကြောင့် စိုက်ပျိုးသူများအတွက် တွက်ချေကိုက်ကာ အဆင်ပြေလျက်ရှိကြောင်း ပြောင်းစိုက်ပျိုးသူများထံမှ သိရသည်။
Apr 28,2026
နိုင်ငံ​တော်အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် စိုက်ပျိုး​ရေး​မွေးမြူ​ရေးနှင့်ဆည်​မြောင်း ဝန်ကြီးဌာန၊ နမ့်စန်ခရိုင်၊ ​မိုးနဲမြို့နယ် မွေးမြူ​ရေးနှင့်ကုသ​ရေးဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ​ဒေါက်တာ​အောင်လင်းနှင့်ဝန်ထမ်းများက ဧပြီ ၂၆ ရက်​နေ့နံနက်ပိုင်းက ကွန်နား‌ကျေးရွာအုပ်စု ကွန်နား​ကျေးရွာရှိ ​တစ်နိုင်တစ်ပိုင်မွေးမြူသူ​တောင်သူများအား မွေးမြူရေးဆိုင်ရာအသိပညာပေးခြင်းကို‌ ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။
Apr 28,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ယမန်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်တွင် မြို့နယ်အတွင်း အသားစားသုံးမှုဖူလုံစေရုံသာမက ပိုလျှံသည်များကို အခြားဒေသများသို့ ဖြန့်ဖြူးနိုင်ရေး၊ အများပြည်သူအသားစားသုံးမှု ဘေးကင်းလုံခြုံစေရေးတို့အတွက် အသားထုတ်လုပ်ရောင်းချသူ၊ တိရစ္ဆာန်အရှင်ဖြန့်ဖြူးရောင်းချသူ လုပ်ငန်းရှင်များအား ပညာပေးဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Apr 28,2026
မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်းမြို့နယ်၌ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့(မြို့ပေါ်လုံခြုံရေးတာဝန်) စွမ်းရည်မြှင့်မွမ်းမံသင်တန်း အပတ်စဉ်(၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Apr 28,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သွားလာရန်ခက်ခဲသော တောင်ပေါ်ဒေသ ယန်းကောင်ကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာများသို့ ပြည်သူ့အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်များ ပြုလုပ်ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ဝန်းလိတ်ရပ်ကွက်အတွင်းရှိ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံး၌ ကျင်းပသည်။
Apr 28,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းနှင့် ဇာတ်တိုက်လက်တွေ့သရုပ်ပြသခြင်းကို ယမန်နေ့က စက်သုံးဆီများ ဖြန့်ဖြူးရောင်းချလျက်ရှိသောဆိုင်များတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။