Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
လပွတ္တာမြို့နယ်တွင် ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် unique ID နံပတ်များကွင်းဆင်းဆောင်ရွက်
Apr 27,2026
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးကကြီးမှူး၍ အသက်(၁၀)နှစ်ပြည့်ပြီးသည့် ကျောင်းသား၊ ကျောင်းသူများအား ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းနှင့် unique ID နံပတ်ထုတ်ပေးခြင်းကို ယနေ့ နံနက် (၉) နာရီအချိန်က လပွတ္တာမြို့အမှတ် (၆) ရပ်ကွက်၊ အောင်တော်မူဘုရား ဘုရားတန်ဆောင်းနှင့် အမှတ်(၈)ရပ်ကွက်တို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၄) သင်တန်းဖွင့်ပွဲ တက်ရောက်
Apr 27,2026
မွန်ပြည်နယ် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၄) (၄/၂ဝ၂၆) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက သံဖြူဇရပ်မြို့နယ်၊ ဝဲကလိကျေးရွာ အမှတ် (၄) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းစစ်ဦးစီးချုပ်၊ ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ (၂) လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်၊ ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အုပ်ရေးမှူး ဦးဥာဏ်လင်းထွေး၊ ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမှတ် (၄) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းမှ ကျောင်းအုပ်ကြီး၊ အရာရှိအရာခံများ၊ ပြည်သူ့စစ်မှုထမ်းသင်တန်းသားများ တက်ရောက်သည်။
အပြည့်အစုံ ဖတ်ရန်
ရွှေကောင်းမှုတော်စေတီ ထုံးသင်္ကန်းဆက်ကပ်ပူဇော်လှူဒါန်းပွဲ၊ ဗုဒ္ဓဘိသေကအနေကဇာတင်လှူပွဲနှင့် ရွှေဘုန်းမြင့်စေတီတော် စိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူပူဇော်ပွဲအခ…
Apr 27,2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အောင်ဇေရန်အောင်သပြေ တစ်ထောင်ကျောင်းတိုက်၌ ရွှေကောင်းမှုတော်စေတီ ထုံးသင်္ကန်းဆက်ကပ်ပူဇော်လှူဒါန်းပွဲ၊ ဗုဒ္ဓဘိသေကအနေကဇာတင်လှူပွဲနှင့် ရွှေဘုန်းမြင့်စေတီတော် စိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူပူဇော်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့၊ နံနက်ပိုင်းက အဆိုပါကျောင်းတိုက်ဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးဗိုလ်ချုပ်အောင်ဇော်ထွေးနှင့်ဇနီး၊ တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများနှင့်ဇနီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ တပ်နယ်တပ်ရင်း/ တပ်ဖွဲ့မှူးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့်အလှူရှင်များ၊ ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
သဲကုန်းမြို့နယ် ဆင်မြီးဆွဲမြို့၌ အမိုးလန်ပျက်စီးခဲ့သော အိမ်ထောင်စုများအား ကယ်ဆယ်ရေးပစ္စည်းနှင့်ထောက်ပံ့ငွေများပေးအပ်
Apr 27,2026
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်း မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ဆင်မြီးဆွဲမြို့၊ မြို့ပေါ်ရပ်ကွက် (၂) ခုရှိ ပြိုကျပျက်စီးခဲ့သော နေအိမ်ရှိ အိမ်ထောင်စုများနှင့် အမိုးလန်ပျက်စီးခဲ့သော နေအိမ်များရှိ အိမ်ထောင်စုများအား ယနေ့နံနက် (၁၁) နာရီအချိန်က လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများကို ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ဓနုဖြူမြို့ မြို့မစျေးမီးလောင်မှုဖြစ်ပွားခဲ့သည့်နေရာအား ကြည့်ရှုစစ်ဆေး
Apr 27,2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့်အဖွဲ့သည် ဓနုဖြူမြို့ အမှတ်(၅)ရပ်ကွက်ရှိ မြို့မစျေးမီးလောင်မှုဖြစ်ပွားခဲ့သည့် နေရာအား ဧပြီလ ၂၆ ရက်နေ့နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဟိုပုံးမြို့ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဥ်(၂၄) သင်တန်းဖွင့်ပွဲသို့ တက်ရောက်ချီးမြှင့်
Apr 27,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပြည်သူ့စစ်မှု ထမ်းသင်တန်းအမှတ်စဥ်(၂၄)သင်တန်းဖွင့်ပွဲကို တပ်မတော်ကွန်ပျူတာနှင့် နည်းပညာ သိပ္ပံကျောင်း စစ်ရေးပြကွင်းတွင် ယနေ့နံနက်ကကျင်းပရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးနှင့် အဖွဲ့ဝင်များ၊ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်ဦး၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်နှင့် အဖွဲ့ဝင်များ၊ ခေတ္တကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး သန်းနိုင်လွင်နှင့် အရာရှိစစ်သည်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဒေသ/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စစ်မှုထမ်းဟောင်းအဖွဲ့များ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
နောင်မွန်းမြို့နယ် ရက် (၁၀၀) စီမံချက်ဖြင့် ပြည်သူ့အားကစားကွင်းနှင့် ပြည်သူ့ဆေးရုံဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Apr 27,2026
ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်တွင် ခြင်၊ ယင်၊ မှတ် အန္တရာယ်များ ကင်းရှင်းစေရေးနှင့် သန့်ရှင်းသာယာလှပစေရေးအတွက် ပြည်နယ်အစိုးရ၏လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးပူးပေါင်းဆောင်ရွက်ခြင်းကို ဧပြီလ ၂၅ ရက်နံနက် ၈ နာရီတွင် မြို့နယ်ပြည်သူ့အားကစားကွင်းနှင့် ပြည်သူ့ဆေးရုံဝန်းအတွင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်းမြို့၌ စွမ်းရည်မြှင့်မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ
Apr 27,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး (မြို့ပေါ်လုံခြုံရေးတာဝန်) အဖွဲ့ဝင်များ၏ စွမ်းရည်မြှင့် မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက အမှတ်(၃၁၁)ခြေမြန်တပ်ရင်း ခန်းမဆောင်၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
425
Page
426
Page
427
Page
428
Current page
429
Page
430
Page
431
Page
432
Page
433
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department