Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဟိုင်းကြီးကျွန်းမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေးနှင့် မြို့အဝင်/အထွက် လုံခြုံရေးစစ်ဆေးခြင်းတို့ကိုပြုလုပ်
Apr 27,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေးနှင့် မြို့အဝင်/အထွက်လုံခြုံရေးစစ်ဆေးခြင်းတို့ကို ဧပြီလ ၂၄ ရက်နေ့နံနက် (၀၉း၀၀) နာရီအချိန်က လူစည်ကားရာ ဟိုင်းကြီးကျွန်းမြို့အဝင်တံတားထိပ်တွင် မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းစံ ဦးဆောင်သော မြို့အဆင့်ဌာနဆိုင်ရာများနှင့် လုံခြုံရေးတာဝန်ရှိသူများမှ စုပေါင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်မြို့နယ် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ (မြို့ပေါ်လုံခြုံရေးတာဝန်) အဖွဲ့ဝင်များ စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲ အခမ်းအနား ပြုလုပ်…
Apr 27,2026
မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ (မြို့ပေါ်လုံခြုံရေးတာဝန်) အဖွဲ့ဝင်များ စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ်(၆) ပညာရေးကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အင်းသားတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်တင်တင်ရီ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု
Apr 27,2026
အင်းသားတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်တင်တင်ရီသည် ယမန်နေ့ နေ့လည်ပိုင်းက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာရဲမြင့်စိုး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတိုးရတို့လိုက်ပါလျက် ပထမရက်(၁၀၀)အတွင်း ဆောင်ရွက်မည့်လုပ်ငန်းများဖြစ်သည့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဥက္ကလာပမြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ တာ၀န်ရှိသူများက ကြည့်ရှုစစ်ဆေး
Apr 27,2026
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) စီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်းနှင့် Biometric ကောက်ယူကာ UID ကတ်ထုတ်ပေးခြင်း လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက (ဌ) ရပ်ကွက်၊ သုနန္ဒာလမ်း၊ လူငယ်စာကြည့်တိုက်တွင် မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောင်းကုန်းမြို့မရဲစခန်း၌ မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်
Apr 27,2026
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့မရဲစခန်း၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မီးငြှိမ်းသတ်ရေးဇာတ်တိုက်လေ့ကျင့်မှုကို ဧပြီလ ၂၄ ရက်နေ့နံနက် ၈ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တပ်ကုန်းမြို့၌ မြသိင်္ဂီသီလရှင်စာသင်တိုက် ဆရာကြီးဒေါ်ဧသုသိင်္ဂီ၏ ဂုဏဝိသိဌ ထပ်ဆင့်ပူဇော် ပွဲကျင်းပ
Apr 27,2026
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ဆရာစံရပ်ကွက်၊ မြသိင်္ဂီသီလရှင် စာသင်တိုက် ဆရာကြီးဒေါ်ဧသုသိင်္ဂီ၏ ဂုဏဝိသိဌထပ်ဆင့်ပူဇော်ပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါ စာသင်တိုက်တွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကယားပြည်နယ်ဝန်ကြီးချုပ် အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁၀) သင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်
Apr 27,2026
ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ)၊ ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်) တို့ ပူးပေါင်းဖွင့်လှစ်သော အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁၀) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ လွိုင်ကော်တပ်နယ်မှ အရာရှိကြီးများ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပင်လောင်းမြို့နယ်၌ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့(မြို့ပေါ်လုံခြုံရေးတာဝန်) စွမ်းရည်မြင့်မွမ်းမံ သင်တန်းဖွင့်ပွဲ အခမ်းအနားပြုလုပ်
Apr 27,2026
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့(မြို့ပေါ်လုံခြုံရေးတာဝန်) စွမ်းရည်မြင့်မွမ်းမံ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က အမှတ်(၄) စစ်အခြေခံလေ့ကျင့်ရေးတပ် အမှတ် (၂)တပ်ခွဲ သင်တန်းခန်းမ၌ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
428
Page
429
Page
430
Page
431
Current page
432
Page
433
Page
434
Page
435
Page
436
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department