Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မိုးနဲမြို့နယ်၌ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ မွမ်းမံသင်တန်းဖွင့်
Apr 27,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင် မိုးနဲမြို့နယ်တွင် ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နှင်းရေး(မြို့ပေါ်လုံခြုံရေးတာဝန်) မွမ်းမံသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီအချိန်က အမှတ်(၂၄၈) ခြေလျင်တပ်ရင်း စားရိပ်သာခန်းမ၌ ကျင်းပပြုလုပ်ရာ နယ်မြေခံတပ်ရင်တပ်ဖွဲ့များမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆွေးနွေးပွဲကျင်းပ
Apr 27,2026
ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ KG နှင့် Grade 1 သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ်ကို ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပြည်နယ်အဆင့် (ဆင့်ပွား) ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်နယ်ပညာရေးမှူးရုံး ပညာ့ဗိမာန်ခန်းမ၌ ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား၊ သင်တန်းသူဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မြန်အောင်မြို့နယ် မြို့မတဲကြီးကုန်းကျေးရွာအုပ်စု ဖက်တန်းရွာ၊ ရွာသစ်ကုန်းရွာ၊ ဘာဝနာရွာ၊ ရှမ်းစုကျေးရွာများသို့ စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် သတ်မှတ်ရည်ညွှန်း…
Apr 27,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် မြို့မတဲကြီးကုန်းကျေးရွာအုပ်စုဖက်တန်းရွာ၊ ရွာသစ်ကုန်းရွာ၊ ဘာဝနာရွာ၊ ရှမ်းစုကျေးရွာများရှိ အိမ်ခြေ ၂၅၀ ခန့်ကို ဧပြီလ ၂၄ ရက်နေ့နံနက်က စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ကျေးရွာအရောက် ကွင်းဆင်းရောင်းချပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြို့သစ်မြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေး သင်တန်းဖွင့်လှစ်
Apr 27,2026
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရက်(၁၀၀)စီမံချက်အစီအစဉ်ဖြင့် ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးသင်တန်းကို မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး၌ ဧပြီ ၂၅ ရက် နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့၌ ပြည်သူ့အစိုးရ၏ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များနှင့် Unique ID နံပါတ်များ ကွင်းဆင်းဆောင်ရွက်
Apr 27,2026
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ စစ်ကွင်းမြို့၊ မြို့မရပ်ကွက်ဓမ္မာရုံ၌ ပြည်သူ့အစိုးရ၏ ရက် (၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ပေးခြင်းနှင့် Unique ID နံပါတ်မရှိသူများပြုလုပ်ထုတ်ပေးခြင်းအား ယမန်နေ့က ကွင်းဆင်း ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်းတည်၌ မြို့နယ်အဆင့် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုစာမေးပွဲကျင်းပရေး စည်းဝေး
Apr 27,2026
ပဲခူးတိုင်းဒေသကြီး၊နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ဧပြီလ ၂၆ ရက်နေ့လယ်ပိုင်းက မဟာဝိသုတာရာမ စာသင်တိုက်တွင် နဝမအကြိမ်မြောက် မြို့နယ်အဆင့် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုစာမေးပွဲကျင်းပနိုင်ရေး အစည်းအဝေးကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တွံတေးမြို့နယ်တွင် စက်သုံးဆီခြုံးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေး နေ့အလိုက် စက်သုံးဆီရောင်းချနေမှု လိုက်လံစစ်ဆေး
Apr 27,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ စက်သုံးဆီခြုံးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေး Bar Code / QR Code ဖြင့် စုံ/ မ ရက် ဖြန့်ဖြူးရောင်းချမှုနှင့် စီးပွားဖြစ် ဆီတန်းစီဝယ်ယူရောင်းချမှုများမရှိစေရေး ယာဥ်များကို နေ့အလိုက် စက်သုံးဆီရောင်းချနေမှု လိုက်လံစစ်ဆေးခြင်းများကို ယနေ့နံနက် ၁၀ နာရီအချိန်က တွံတေးမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်မြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေး
Apr 27,2026
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၌ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် (၁၀) နာရီ အချိန်ကစတင်၍ အမှတ် (၈) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
426
Page
427
Page
428
Page
429
Current page
430
Page
431
Page
432
Page
433
Page
434
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department