Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကျောက်တန်းမြို့နယ်၌ နှစ် ၈၀ ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက…
Apr 27,2026
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ရွှေကုန်းရပ်ကွက်အတွင်း နှစ် ၈၀ ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်၊၊
အပြည့်အစုံ ဖတ်ရန်
ဆိပ်ကြီးခနောင်တိုမြို့မဈေး မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ
Apr 27,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ ဆိပ်ကြီးအရှေ့ရပ်ကွက်ရှိ မြို့မဈေးကြီးတွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အသိပေးပြောကြားခြင်း၊ လိုက်လံစစ်ဆေးခြင်းပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ငဖဲမြို့နယ် ရှောက်ဝကျေးရွာတွင် ဆဌမအကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဆင်းပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ
Apr 27,2026
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်ဇီးတောကျေးရွာအုပ်စု ရှောက်ဝကျေးရွာ ဘုန်းတော်ကြီးကျောင်းတိုက် ရှောက်ဝကျောင်းဆရာတော် ဘဒ္ဒန္တလက္ခဏသာရ၏ ဩဝါဒကိုခံယူပြီး ဆရာတော်၏တပည့်များမှကြီးမှူး၍ မတ်လ ၂၀ ရက်နေ့မှ ဧပြီလ ၂၀ ရက်နေ့ထိ တစ်လကြာဖွင့်လှစ်သင်ကြားပေးခဲ့သည့် ဆဌမအကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းဆင်းပွဲနှင့်ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက် ၈နာရီအချိန်က အဆိုပါ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း တောင်ငူကေတုမတီမြို့ဟောင်းနှင့် ပဲခူး ဟံသာဝတီမြို့ဟောင်း ပြန်လည်ဖော်ထုတ်ထိန်းသိမ်းထားရှ…
Apr 27,2026
ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် ယနေ့ နံနက်ပိုင်းတွင် တောင်ငူမြို့ရှိ ကေတုမတီမြို့ဟောင်းဖော်ထုတ်ထိန်းသိမ်းထားရှိမှု အခြေအနေများအား ကြည်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို တိုင်းဒေသကြီးနှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ တွေဆုံပွ…
Apr 27,2026
မကွေးတိုင်းဒေသကြီး ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များအား ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးကိစ္စ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ခန့်ထားရေးကိစ္စနှင့်မူဝါဒလမ်းညွှန်ချက်များအား Video Conferencing ဖြင့် ချပြရှင်းလင်းမှာကြားခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့်အဖွဲ့ဝင်ဝန်ကြီးများ၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးအတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များက Video Conferencing ဖြင့် တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တန်းမြို့နယ်၌ ရက် (၁၀၀) အထူးစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Apr 27,2026
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) ပြည့် အထူးစီမံချက်ဖြင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ အသက် (၁၀) နှစ်ပြည့် နိုင်-၃ (က)နှင့် အသက် (၁၈) နှစ်ပြည့် နိုင်-၆ (က)များ ထုတ်ပေးနိုင်ရေးအတွက် ယမန်နေ့က ကျောက်တန်းမြို့နယ် ရွှေပြည်သာယာရပ်ကွက်ဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
ကလောခရိုင်ပြည်သူ့ဆေးရုံနှင့် အောင်ပန်းမြို့၊ လှည်းရိုးကျောင်းတိုက်တွင် သွားကျန်းမာရေးကွင်းဆင်း ကုသပေး
Apr 27,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောခရိုင် ပြည်သူ့ဆေးရုံ၊ အောင်ပန်းမြိုနှင့် ဟဲဟိုးမြိုအတွင်းရှိ မြိုနယ်၊ကျေးရွာများတွင် မန္တလေးမြို့သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်မှ ပါမောက္ခများ ဦးဆောင်၍ ဘွဲ့လွန်သင်တန်းသားဆရာဝန်များပါဝင်သည့်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းမှစ၍ ကွင်းဆင်းဆေးကုသရေးပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သာယာဝတီမြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်
Apr 27,2026
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) စီမံချက်ဖြင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်းနှင့် Biometric ကောက်ယူကာ UID ကတ်ထုတ်ပေးခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက ငဖြူကလေးကျေးရွာအုပ်စု၌ မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
430
Page
431
Page
432
Page
433
Current page
434
Page
435
Page
436
Page
437
Page
438
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department