အမြို့မြို့အနယ်နယ်သတင်းများ

Apr 27,2026
စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲမှ ဦးဆောင်မှုဖြင့် မှော်ဘီမြို့နယ်၊ ညောင်ကုန်းကျေးရွာ၊ တောင်သူဦးနေမျိုးလှိုင်၏ (၁၀) ဧက၌ နွေစပါးစိုက်ခင်းတွင် တောင်သူများပါဝင်သော ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်သော နွေစပါးစံပြစိုက်ပျိုးကွက် သရုပ်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပသည်။ 
Apr 27,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့ နံနက်ပိုင်းက အမှတ် (၁၅)၊ (၁၂၄) ရပ်ကွက်များ၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Apr 27,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပန်းချီသင်တန်းဆင်းပွဲအခမ်းအနားကို ဧပြီ ၂၅ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
Apr 26,2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ယမန်နေ့ ည ၁၀ နာရီခွဲမှစတင်၍ ည ၁၁ နာရီထိ လေပြင်းတိုက်ခတ်ခဲ့ပြီး မိုးရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်များရှိ သစ်ပင်များ၊ ဓာတ်တိုင်များ လဲကျ၍ ရုံး၊ ဌာနများနှင့် အများပြည်သူများ သွား/လာရာနေများတွင် လမ်းပိတ်စို့မှုများ ဖြစ်ပွားခဲ့သဖြင့် ရှင်းလင်းရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းမှစ၍ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြပြီး ချီးမြှင့်ငွေများကို ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
Apr 26,2026
ရှမ်းမျိုးနွယ်စုဝင် လူငယ်လူရွယ်များအား ရှမ်စာပေနှင့်စကား ပိုမိုလေ့လာနိုင်ရေးအတွက် ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း (တိုင်းလုံ)က ကြီးမှူး၍ ဖွင့်လှစ်ပေးခဲ့သော (၁၆)ကြိမ်မြောက် နွေရာသီရှမ်းစာသင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့ မြို့သစ်ကြီးရပ်ကွက်၊ နောင်ခမ်းရှမ်းရွာ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများဖြစ်သည့် ဦးစိုးသိန်း၊ ဦးတင်အောင်၊ ဦးလီပေါ်ရဲ့၊ ဦးမယစ်ယောရှုတို့ တက်ရောက်အားပေးချီးမြှင့်ခဲ့ကြသည်။
Apr 26,2026
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် သစ်တောဦးစီးဌာနမှ မြို့နယ်အတွင်းရှိ  ကျောင်းသား၊ ကျောင်းသူများနှင့် ရပ်ကွက်၊ ကျေးရွာနေပြည်သူများအား မီးခိုးမြူငွေ့ညစ်ညမ်းမှုဆက်စပ်ပုံနှင့် လေထုညစ်ညမ်းမှုကြောင့် လူသားတို့၏ လူမှုစီးပွားဘဝများ ထိခိုက်နိုင်မှုများကို သိရှိနာလည်စေရန် ရည်ရွယ်၍ “သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေး” ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို  ယနေ့နံနက်ပိုင်းက ဓနဲရိကျေးရွာအုပ်စု၊ ဓနဲရိကျေးရွာ အ.မ.ကကျောင်းနှင့် အေးရွာလေးကျေးရွာ ဘုန်းတော်ကြီးကျောင်းတို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Apr 26,2026
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် သထုံမြို့ ဂေါ့ကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ် (သထုံ) သို့ သွားရောက်၍ ဦးစွာ ရှင်းလင်းဆောင်တွင် ပါမောက္ခချုပ်ဒေါက်တာနီလာသိန်းက တက္ကသိုလ်ဆိုင်ရာအချက်အလက်များနှင့် ၂ဝ၂၆-၂ဝ၂၇ ဘဏ္ဍာရေးနှစ်တွက် ကျောင်းသား/ ကျောင်းသူအဆောင်၊ ဝန်ထမ်းအိမ်ရာ၊ စာသင်ဆောင်လိုအပ်ချက်၊ လျာထားပြီးလုပ်ငန်းများအခြေအနေများကို Power Pointဖြင့် ရှင်းလင်းတင်ပြသည်။
Apr 26,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ (၁၅၇)ရပ်ကွက်၊ ဆင်ဖြူရှင်လမ်းရှိ ပညာတံခွန် ကျောင်းတိုက် ဦးစီပဓာန နာယက ဆရာတော် ဘဒ္ဒန္တတေဇိန္ဒ (မဟာသဒ္ဒမ္မ ဇောတိကဓဇ) နှင့် အရှင်ယသ(သာသနဓဇဓမ္မာစရိယ)အရှင်သူမြတ်များအား ပုနောပသမ္ပဒါသိက္ခာထပ်၊ မုခ်ဦးနှင့် သံတံခါး ရေစက်ချ အလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီ အချိန် အဆိုပါကျောင်းတွင်ပြုလုပ် ဆောင်ရွက်ခဲ့သည်။